RFA News, 16May 2013 —- အမေရိကန် သမ္မတ အိုမားမားဟာ ဧည့်သည်တော် သမ္မတ ဦးသိန်းစိန်ကို မေလ (၂၀) ရက် တနင်္လာနေ့မှာ အိမ်ဖြူတော်မှာ ကြိုဆိုတွေ့ဆုံမှာဖြစ်ကြောင်း အိမ်ဖြူတော်က မနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။
VOA News, 16May 2013 —- အမေရိကန် ပြည်ထောင်စုကို တရားဝင် အလည်အပတ် ခရီးစဉ်အဖြစ် လာမယ့် ရက်ပိုင်းအတွင်းမှာ ရောက်ရှိလာမယ့် မြန်မာသမ္မတ ဦးသိန်းစိန်ကို အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အိမ်ဖြူတော်မှာ မေလ ၂၀ ရက်နေ့မှာ လက်ခံ တွေ့ဆုံမယ်လို့ အိုဘားမား အစိုးရအဖွဲ့က မနေ့ ဗုဒ္ဓဟူးနေ့ကပဲ ကြေငြာချက် ထုတ်ပြန်သွားပါတယ်။
BBC News, 16May 2013 —- မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် သမ္မတ အိုဘားမား ဝါရှင်တန် မြို့တော်က အိမ်ဖြူတော် မှာ မေလ ၂ဝ ရက်နေ့မှာ တွေ့ဆုံမယ်လို့ အိမ်ဖြူတော်က ကြေညာ ပါတယ်။
RFA News, 15May 2013 —- ရခိုင်ကမ်းရိုးတန်းဒေသကို တိုက်ခတ်ဖွယ်ရှိတဲ့ မဟာစင် ဆိုင်ကလုန်း မုန်တိုင်းဘေးအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ အစိုးရကဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေ ရာမှာ မလိုက်နာသူတွေရှိခဲ့ရင် ဥပဒေအရ အရေးယူ သွားမယ်လို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဒီကနေ့သတိပေး ပြောကြားလိုက်ပါတယ်။
VOA News, 16May 2013 — ရခိုင်ပြည်နယ်ဘက်ကို မဟာစင် မုန်တိုင်း ဝင်ရောက် တိုက်ခတ်မယ်လို့ ခန့်မှန်းထားတဲ့အတွက် မုန်တိုင်းဒဏ်သင့်နိုင်တဲ့ နေရာတွေက လူတွေကို ဘေးကင်းရာကို တာဝန်ရှိသူတွေက ပြောင်းရွှေ့ပေးနေပေမဲ့ ဘေးလွတ်ရာ ခိုလှုံဖို့ စိုးရိမ်နေကြသူတွေလည်း ရှိနေပါတယ်။
DVB News, 15May 2013 —- ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မွတ်စလင်ဒုက္ခသည်တွေက မုန်တိုင်းလွတ်ရာကို ရွှေ့ပြောင်းဆောင်ရွက်နေတဲ့ အစီအစဉ်ကို လက်မခံဘဲ ပြောင်းရွှေ့ဖို့ ငြင်းဆန်နေတယ်လို့ အဲဒီဒုက္ခသည်စခန်းတွေမှာ ဒီနေ့သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုကျော်ဇေယျာဝင်းက ပြောပါတယ်။
BBC News, 15May 2013 —- ရခိုင်ပြည်နယ်နဲ့ ဘင်္ဂ္လားဒေ့ရှ်နိုင်ငံ ကမ်းခြေတွေကို ကြာသပတေးနေ့မှာ စတင် ဝင်ရောက်နိုင်တဲ့ မဟာစင် ဆိုင်ကလုန်း မုန်တိုင်းပတ်သက်တဲ့ ကြိုတင် ပြင်ဆင်မှုတွေကို အစိုးရက ဆောင်ရွက်နေတဲ့အကြောင်း သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင် တဲ့ အစိုးရဝန်ကြီး တွေက ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ရှင်းပြခဲ့ပါတယ်။
DVB TV News, 16May 2013 —- ၂၀၁၃ခုနှစ်၊ မေလ(၁၆)ရက်နေ့မြန်မာစံတော်ချိန်(၁၀း၀၀)နာရီ အချိန်ထုတ်ပြန်ချက် ယနေ့မြန်မာစံတော်ချိန်(၀၉း၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသောဆိုင်ကလုန်းမုန်တိုင်းမဟာစင်(MAHASEN)သည်အရှေ့မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊မြန်မာနိုင်ငံ၊ မောင်တောမြို့၏အနောက်ဘက်မိုင်(၁၂၀)ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ(စစ်တကောင်းမြို့ )၏ အနောက်တောင်ဘက် မိုင်(၁၃၀)ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။ အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည်အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊စစ်တကောင်းမြို့နှင့်မြန်မာနိုင်ငံ၊မောင်တောမြို့အကြားမှကမ်းခြေကို ယနေ့မွန်းလွဲပိုင်းတွင် ဖြတ်ကျော်ဝင်ရောက်မည်ဟုခန့်မှန်းရပါသည်။
BBC News, 16May 2013 —- ကနေ့ မနက် ၅ နာရီ ခွဲ တိုင်းထွာချက် အရ အင်အားပြင်း မဟာစင် ဆိုင်ကလုန်း မုန်တိုင်း ဟာ စစ်တွေမြို့ အနောက်ဘက်မိုင် ၁၈ဝ ခန့် ပင်လယ်ပြင်ကို ဗဟိုပြု နေတယ်လို့ မိုးဇလ ဌာနက ထုတ်ပြန်ပါတယ်။
VOA News, 15May 2013 —- မဟာစင် ဆိုင်ကလုန်းမုန်တိုင်းဟာ မောင်တောနဲ့ စစ်တွေမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၃၅၀၊ ကျောက်ဖြူမြို့နဲ့ မိုင် ၃၆၀ အကွာမှာ ဗဟိုပြုနေပြီး အရှေ့မြောက်ဘက်ကို ဆက်လက် ရွေ့လျားနေပါတယ်။
မဇ္စျိမသတင်းဌာန. ၁၅ရက်နေ့ မေလ ၂၀၁၃ —- ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်းမဟာဆန်သည် အနီရောင်အရေး ပေါ်အဆင့်သို့ရောက်ရှိလာပြီး ရခိုင်ပြည်နယ် ၊ မောင်တောမြို့ကို နောက် ၁၈ နာရီ အတွင်းဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာနက မေလ ၁၅ ရက် ည ၇ နာရီက သတိပေးချက် ထုတ် ပြန်လိုက်သည်။
မဇ္စျိမသတင်းဌာန. ၁၅ရက်နေ့ မေလ ၂၀၁၃ —- ရခိုင်ပြည်နယ်အတွင်းတိုက်ခတ်နိုင်သည် မဟာဆန် မုန်တိုင်းအန္တရယ်ရှိ ဒေသများတွင် ဘေးလွတ်ရာသို့ ပြောင်းရွေ့ရန် စီစဉ်ရာတွင် ဒေသခံ အာဏာပိုင်များနှင့် အစိုးရ၏ ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိသည့် ဒေသခံများကို အရေးယူသွားမည်ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက မေလ ၁၅ ရက်နေ့တွင် ပြောကြား လိုက်သည်။
ရွှေဟင်္သာသတင်းဌာန. ၁၅ရက်နေ့ မေလ ၂၀၁၃ — ထိုင်းနိုင်ငံရောက် မြန်မာ ဒုက္ခသည်များ နေရပ် ပြန်ပို့သင့် မသင့် အခြေ အနေများ လေ့လာရန် UNHCR အပါဝင် NGO များနှင့် ဒုက္ခသည်များက ထိုင်းနိုင်ငံ မဲဆောက် ခရိုင် မယ်လ ဒုက္ခသည် စခန်း၌ စုပေါင်း ဆွေးနွေး နေကြ သည်ဟု အစည်းအဝေးကို တက်ရောက် ခဲ့သော ပြောရေး ဆိုခွင့် ရှိသူ ကရင် လူ့အခွင့်အရေး အုပ်စု (KHRG) တဝန်ရှိသူ တဦးက ဆိုပါသည်။
ရွှေဟင်္သာသတင်းဌာန. ၁၅ရက်နေ့ မေလ ၂၀၁၃ —- မြောက်အိုင်ယာလန် နိုင်ငံသည် အောင်မြင် ခဲ့ပြီးဖြစ်သော အင်္ဂလန်နှင့် မြောက်အိုင်ယာလန်တို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကြောင်းကို လေ့လာ စေလိုသဖြင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC အဖွဲ့ကို ဖိတ်ကြား ခဲ့သည်ဟု တာဝန်ရှိ အဖွဲ့ဝင် တစ်ဦးက ဆိုပါသည်။
သျှမ်းသံတော်ဆင့်သတင်းဌာန. ၁၅ရက်နေ့ မေလ ၂၀၁၃ —- သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားနှင့် ဝ ပြည်နယ်သို့ရောက်ရှိသော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင် ရေးကော်မတီ ဒုဥက္ကဌ၏ ခရီးစဉ်မှာ ဝ ပြည်နယ် မှ ဒုံးလက်နက်ပါရဟတ်ယာဉ်ဝယ်ယူသည့်ကိစ္စ အဓိကစုံစမ်းခဲ့ကြောင်း မိုင်းလားတပ်ဖွဲ့မှ အရာရှိများကပြောသည်။
သျှမ်းသံတော်ဆင့်သတင်းဌာန. ၁၅ရက်နေ့ မေလ ၂၀၁၃ — သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့၌ ယခုလ ၁၃ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု မှာသစ်မှောင်ခို လမ်းကြောင်း အခွန်အကောက်ကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့နှင့် ပန်းဆေးပြည်သူ့စစ်တို့ အကြား မကျေနပ်သည့် ပစ်ခတ်မှု ဖြစ်ကြောင်း နမ့်ခမ်း ဒေသခံများအဆိုအရ သိရသည် ။
သျှမ်းသံတော်ဆင့်သတင်းဌာန. ၁၅ရက်နေ့ မေလ ၂၀၁၃ —- မြန်မာဘက်မှ ထိုင်းဘက်သို့ ကူးမည့် အမျိုးသား ၇ ဦး နယ်စပ်ကိုဖြတ်သန်းရန် ကြိုးစားနေစဉ် ထိုင်းနယ်စပ်အာဏာ ပိုင်များ၏ တားဆီးမှုကြောင့် ၄င်းတို့ ကျောပိုး လာသောအိတ်များ ပစ်ချထွက်ပြေးခဲ့ရာ ကာလပေါက်ဈေးအရ ဘတ်ငွေ သန်းပေါင်း ၆၀ဝ ($ 20 သန်း) ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ထိုင်းစစ်သားတို့က ဖမ်းမိခဲ့သည်။
DVB News, 15May 2013 —- မြန်မာစံတော်ချိန် ၁၅း၃၀ နာရီအချိန် တိုင်းထွာချက်များအရ မြန်မာနိုင်ငံ မောင်တောမြို့၏ အနောက်တောင်ဘက်မိုင် ၃၀ဝ ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက်မိုင် ၃၁၀ ခန့်၊ ကျောက်ဖြူမြို့၏ နောက်တောင်ဘက်မိုင် ၃၃၀ ခန့်၊ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ ၏ တောင်ဘက်မိုင် ၂၉၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသာ မဟာစင်ဆိုင်ကလုန်းမုန်တိုင်း သည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။
နိရဉ္စရာသတင်းဌာန .၁၅ရက်နေ့ မေလ ၂၀၁၃ —- ရခိုင်ပြည်နယ် မြေပုံမြို့နယ် ငမန်းရဲကျွန်းမှ ဒေသခံ ၄၀၀၀ ကျော်ကို ရခိုင်ပြည်နယ် အစိုးရ၏ အစီအစဉ်ဖြင့် ဘေးလွှတ်ရာ ဒေသများသို့ ရွှေ့ပြောင်းလိုက်ပြီဟု ရွှေ့ပြောင်းရေးကို စီစဉ် ဆောင်ရွက်နေသူ ပေါက်တောမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က နိရဉ္စရာသို့ ပြောသည်။
နိရဉ္စရာသတင်းဌာန. ၁၅ရက်နေ့ မေလ ၂၀၁၃ —- ဘင်္ဂလာဒေခ်ျ့နိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒ ဌာနမှ မုန်တိုင်းသတိပေးမူ အဆင့်ကို ကော့စ်ဘဇားနှင့် စစ်တကောင်းမြို့တွင် နံပတ် ၅ အဆင့်မှ ၇ ထိ တိုးမြှင့်လိုက်ပြီ တနိုင်ငံလုံးကို မုန်တိုင်း သတိပေးမူ ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။
DVB News, 15May 2013 —- သီရိလင်္ကာနိုင်ငံမှာ မဟာစင် ဆိုင်ကလုန်း မုန်တိုင်း ဒီနေ့ ၀င်ရောက်တိုက်ခတ်သွားတာကြောင့် အနည်းဆုံး လူ ၈ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရသွားတယ်လို့ သီရိလင်္ကာ အစိုးရ အာဏာပိုင်တွေက ပြောပါတယ်။
BBC News, 14May 2013 — ကမ္ဘာကျော် ဟောလိဝုဒ် ရုပ်ရှင် မင်းသမီး အိန်ဂျယ် လီနာ ဂျိုလီ Angelina Jolie က ကင်ဆာ ရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ် လျှော့ချနိုင် စေဖို့ သူ့ရဲ့ ရင်သား နှစ်ဘက် စလုံးကို ခွဲစိတ် ဖြတ်ထုတ် ပစ်ခဲ့ကြောင်း ထုတ်ဖော် ကြေညာလိုက် ပါတယ်။
BBC News, 14May 2013 — အင်တာနက်တွေ ပေါ်မှာ ပျံ့နှံ့နေတဲ့ ဆီးရီးယား နိုင်ငံက ရရှိတဲ့ ဗီဒီယိုတစ်ခုနဲ့ ပတ်သက်ပြီး ကျယ်ကျယ် ပြန့်ပြန့် ဝေဖန် ပြောဆို တာတွေ ရှိနေ ပါတယ်။ အဲဒီထဲမှာ အစွန်းရောက် အစ္စလာမ်မစ် သူပုန် တပ်မှူးကြီး တစ်ယောက်လို့ ဖော်ပြထားတဲ့ အမျိုးသား တစ်ယောက်က စစ်သားတွေကို ရည်ညွှန်းပြီး သမ္မတ ဘာရှား စစ်ခွေးတွေရဲ့ အသည်းတွေ နှလုံး တွေကို စားပစ်မယ်လို့ ကြုံးဝါး နေတာကို မြင်တွေ့ရပါတယ်။
VOA News, 14May 2013 —- အင်ဒိုနီးရှားနိုင်ငံ အရှေ့ဖျားက Papua ပြည်နယ်မှာရှိတဲ့ ရွှေနဲ့ ကြေးနီ သတ္ထုမိုင်းထဲက လှိုဏ်ခေါင်းတခု ပြိုကျခဲ့တာမို့ အထဲမှာ တွင်းတူးလုပ်သား ၃၀ ကျော်လောက် ပိတ်မိနေပါတယ်။
BBC News, 15May 2013 — ရေနံဈေးနှုန်းကို ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘဲ အကြံအဖန် လုပ်ခဲ့တဲ့ အရှုတ်တော်ပုံနဲ့ တစိတ်တပိုင်း ပတ်သက်နေတယ် ဆိုပြီး သံသယ ရှိတဲ့ အတွက် ဥရောပ သမဂ္ဂက အရာရှိတွေက နာမယ်ကြီး ရေနံ ကုမ္ပဏီ တော်တော်များများရဲ့ ရုံးတွေကို ဝင်ရောက်စီးနင်း ရှာဖွေမှုတွေ လုပ်ခဲ့ပါတယ်။
BBC News, 15May 2013 — နိုင်ဂျီးရီးယားမှာ အစ္စလာမ် ဝါဒီ စစ်သွေးကြွ အဖွဲ့ ဘိုခို ဟာရမ်ရဲ့ တိုက်ခိုက်မှုတွေကို လက်တုန့်ပြန်တဲ့ အနေနဲ့ သမ္မတ ဂွတ်လပ်ခ် ဂျိုနသန်က နိုင်ငံ အရှေ့မြောက်ဖက်မှာ အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။
VOA News, 15May 2013 — CIA အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီအတွက် အလုပ်လုပ်ပေးဖို့ ရုရှားထောက်လှမ်းရေး အရာရှိတစ်ဦးကို ကမ်းလှမ်း ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်သံရုံး ၀န်ထမ်းတစ်ဦးကို နိုင်ငံကနေ အမြန်ထွက်ခွာပေးဖို့ ရုရှားအာဏာပိုင်တွေက အမိန့်ထုတ်လိုက်ပါတယ်။ ရိုင်ယန် ဖိုဂဲလ် (Ryan Fogle) လို့ခေါ်တဲ့ အမေရိကန် နိုင်ငံသားတစ်ဦးကို ရုရှား ဖယ်ဒရယ် လုံခြုံရေး အဖွဲ့အစည်းက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြောပြီး မကြာခင်မှာပဲ မနေ့ အင်္ဂါနေ့မှာ အခုလို ဆောင်ရွက်လာတာ ဖြစ်ပါတယ်။ ဖိုဂဲလ် ဟာ ရုရှားမှာရှိတဲ့ အမေရိကန်သံရုံးရဲ့ နိုင်ငံရေးဌာန တတိယအတွင်းဝန်အဖြစ် ဆောင်ရွက်နေသလို၊ CIA အတွက် အလုပ်လုပ်နေသူလည်း ဖြစ်တယ်လို့ ရုရှားလုံခြုံရေးအဖွဲ့ FSB က ပြောပါတယ်။ [...]
VOA News, 15May 2013 —- al-Qaeda အဖွဲ့ ဗုံးဖောက်ခွဲဖို့ စီစဉ်တာကို လက်ဦးမှုယူ တားဆီးလိုက်နိုင်တဲ့ CIA အမေရိကန်ထောက်လှမ်းရေးအဖွဲ့ရဲ့ ယေမင်နိုင်ငံမှာ လုပ်ခဲ့တဲ့ စစ်ဆင်ရေးနဲ့ ပတ်သက်လို့ အစိုးရရဲ့ လျှို့ဝှက် သတင်း အချက်အလက်တွေ ဘယ်ကပေါက်ကြားခဲ့သလဲ ဆိုတဲ့အပေါ် ရာဇဝတ်မှုနဲ့ စုံစမ်းစစ်ဆေးနေမှုကို အိမ်ဖြူတော်က ကာကွယ် ပြောကြားလိုက်ပါတယ်။
VOA News, 15May 2013 —– ပါကစ္စတန်နိုင်ငံရဲ့ စနေနေ့ လွှတ်တော် ရွေးကောက်ပွဲမှာ အနိုင်ရသွားတဲ့ ပါတီရဲ့ခေါင်းဆောင် ဝန်ကြီးချုပ်သစ် ဖြစ်လာမဲ့ပုံရသူ န၀ပ် ရှရစ်ဖ် (Nawaz Sharif) ကို အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က တယ်လီဖုန်းနဲ့ လှမ်းဆက်သွယ်ပြီး ဂုဏ်ပြုစကား ပြောဆိုခဲ့ပါတယ်။
နိရဉ္စရာသတင်းဌာန. ၁၅ရက်နေ့ မေလ ၂၀၁၃ —- မုန်တိုင်း အန္တရာယ် စိုးရိမ် အဆင့် ရောက်ရှိလာပြီးနောက် မောင်တောမြို့နယ် အတွင်းရှိ ဒေသခံများကို ဘေးလွှတ်ရာသို့ ပြောင်းရွှေ့ပေးနေကြောင်း သတင်း ရရှိသည်။
နိရဉ္စရာသတင်းဌာန. ၁၅ရက်နေ့ မေလ ၂၀၁၃ —– ၂၁၁၀ ခုနှစ်က တိုက်ခိုက်ခဲ့တဲ့ ဂီရိ မုန်တိုင်းဒဏ်ကို အလူးအလဲ ခံခဲ့ရတဲ့ မြေပုံမြို့သူ မြို့သားတွေဟာ အခု ဘင်္ဂလာပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မဟာဆန် မုန်တိုင်းကလည်း ရခိုင်ဘက်ကို ၀င်နိုင် တယ်လို့ ခန့်မှန်းထားတဲ့ အတွက် စိုးရိမ်မူတွေ တိုးပွားနေချိန်မှာ မြို့ပြင် ဒုက္ခသည် စခန်းတွေက မူဆလင် ဒုက္ခသည်တွေကို မြို့ထဲကို ရွှေ့မယ်ဆိုတဲ့ သတင်းတွေကြောင့် တမြို့လုံး လူပ်လူပ်ရွရွ ဖြစ်ကာ တပူပေါ် နှစ်ပူဆင့် ဖြစ်နေကြရတယ်လို့ သတင်းတွေ ရရှိပါတယ်။
RFA News, 14May 2013 —- တောင်ကိုရီးယားနိုင်ငံက ချီးမြှင့်တဲ့ ဂွမ်ဂျူး လူ့အခွင့်အရေးဆု လက်ခံရယူဖို့အတွက် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ အဖွဲ့ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ဒီကနေ့ည ၁၁ နာရီက ထွက်ခွာသွားပါတယ်။
BBC News, 14May 2013 — မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ စပါး ဝယ်ယူရေး အဖွဲ့တွေ ဖွဲ့ပြီး တောင်သူ လယ်သမားတွေ ဆီက နှစ်စဉ် စပါး ဝယ်ဖို့ ဆိုတဲ့ အချက်ကို လွတ်တော်က ရေးဆွဲနေတဲ့ တောင်သူ လယ်သမား အခွင့်ရေး ဥပဒေမှာထည့် ပြဌာန်းမယ်လို့ သဘောတူလိုက်ပါပြီ။
RFA News, 15May 2013 —- ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် တော်ဝင်စက်ရုံက အလုပ်သမား သပိတ်ခေါင်းဆောင် ကိုနေလင်းဦးနဲ့ မအိဇာဖြူတို့ကို အာဏာပိုင်တွေက အင်္ဂါနေ့ မနေ့ညက ဖမ်းဆီးထိမ်းသိမ်းလိုက်တယ်လို့ သိရပါတယ်။
BBC News, 15May 2013 — ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုံ ၃ က မြန်မာပိုင် လပ်ကီး ရှူးဖိနပ် စက်ရုံမှ အလုပ်သမား ၃ဝဝ ကျော် က အစိုးရ ရုံးပိတ်ရက် တွေ မှာ လစာ အဖြတ်ခံ ရတဲ့ အတွက် အလုပ်မဆင်းကြပဲ ဆန္ဒ ထုတ်ဖေါ် နေကြ ပါတယ်။ ပိတ်ရက်တွေ မှာ လစာ မရတဲ့ အတွက် လုပ်သားတွေ ရဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်ကြရပုံ ကို ဘီဘီစီ ကို ပြောပြ ပါတယ်။