VOA News, 13May 2013 —- အင်္ဂလန်ပရီမီယာလိဂ် ဘောလုံးပွဲတွေမှာတော့ မန်ချက်စတာယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ နည်းပြအဖြစ်နဲ့ အိုးလ်ထရက်ဖို့ဒ် ပရိသတ်တွေကို တနင်္ဂနွေနေ့က နှုတ်ဆက်လိုက်ပြီဖြစ်ပါတယ်။
VOA News, 12May 2013 —- အက်ဖ်အေဖလား (The FA Cup) ဘောလုံးဖိုင်နယ် မှာ ၀ီဂန်အက်သလက်တစ် (Wigan Athletic) အသင်းက မန်ချက်စတာစီးတီး (Manchester City) ကို အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။ လန်ဒန်မြို့ ၀င်ဘလေ (Wembley) ကွင်းမှာ စနေနေ့က ကစားခဲ့ကြတာမှာ ၀ီဂန်က ၊ ဗိုလ်စွဲမယ်လို့ အများကထင်ကြေးပေးထားတဲ့ မန်စီးတီးကို ၁ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားတာပါ။
BBC News, 13May 2013 —- ကိုရိုနာ ဗိုင်းရပ်စ် ပိုးသစ် တိုးပွားလာမှုကြောင့် လူလူချင်း ကူးတဲ့ အအေးမိ အဆုတ်ရောင် ရောဂါတွေ ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ဆိုပါတယ်။
VOA News, 13May 2013 —- ပုပ်ရဟန်းမင်းကြီး Francis က သူပထဆုံးရွေးချယ်တဲ့ Roman Catholic သူတော်စင်တွေကို ကြေညာလိုက်ပါတယ်။
VOA News, 12May 2013 —- အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက သံအမတ်ဟောင်း Ryan Crocker ကို အမေရိကန်နိုင်ငံရဲ့ BBG အသံလွှင့်ဘုတ် အဖွဲ့ရဲ့ အကြီးအကဲအဖြစ် အဆိုပြုမယ်လို့ ကြေငြာလိုက်ပါတယ်။ BBG အသံလွှင့်ဘုတ်အဖွဲ့ဟာ ဗွီအိုအေ အပါအ၀င် တခြားအစိုးရက ထောက်ပံ့ပေးထား တဲ့ နိုင်ငံတကာသတင်းမီဒီယာ အဖွဲ့တွေကို ကြီးကြပ်ကွပ်ကဲတဲ့အဖွဲ့ဖြစ်ပါတယ်။
VOA News, 11May 2013 — တောင်ကိုရီးယားရေတပ်နဲ့ ၃ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့အတွက် အမေရိကန်နျူကလီယားစွမ်းအင်သုံး USS Nimitz လေယာဉ်တင် စစ်သင်္ဘောကြီးဟာ ကိုရီးယားကျွန်းဆွယ် အရှေ့တောင်ပိုင်းက ဘူစန်ဆိပ်ကမ်းကို ဒီနေ့ ဆိုက်ရောက်လာပါတယ်။ ဒါကြောင့် မြောက်ကိုရီးယား အနေနဲ့ ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုကို အပြင်းအထန် တုန့်ပြန် နိုင်တယ်လို့ ယူဆရပါတယ်။
BBC News, 12May 2013 —- မွတ်ဆလင် အဖွဲ့ချုပ် ခေါင်းဆောင် နာဝပ်ဇ် ရှရစ်ဖ် ခေါင်းဆောင်ပြီး ဖွဲ့နိုင်ခြေ များတဲ့ ပါကစ္စတန် အစိုးရသစ် အပေါ် ဒေသတွင်း ခေါင်းဆောင်တွေက မျှော်လင့်ချက် တွေ ထားခဲ့ကြပါတယ်။
BBC News, 12May 2013 — ပါကစ္စတန် နိုင်ငံမှာ ရွေးကောက်ပွဲတွေ အပြီး နောက်တနေ့ မှာတော့ အတိုက် အခံ မွတ်ဆလင် အဖွဲ့ချုပ် ခေါင်းဆောင် နာဝက်ဇ် ရှာရစ်ဟာ အစိုးရသစ် တရပ် ဖွဲ့ဖို့ အတွက် သူ့ရဲ့ပါတီ ခေါင်းဆောင် ပိုင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နေပါပြီ။
BBC News, 12May 2013 —- စနေနေ့ က ကားဗုံး ၂ လုံး ခွဲပြီး တိုက်ခိုက်တာ ခံရတဲ့ အတွက် ဆီးရီးယား နဲ့ နယ်စပ်ချင်း ထိ နေတဲ့ တူရကီ ဘက်ခြမ်း က ရေဟန်လီ မြို့မှာ လူပေါင်း အနည်းဆုံး ၄၃ ဦး သေဆုံး သွားပါတယ်။
VOA News, 12May 2013 —- တရုတ်နိုင်ငံမှာ ၂ ရက်အတွင်း ဒုတိယအကြိမ်အဖြစ် အသေအပျောက် အများဆုံး သတ္တုတွင်းပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့တာမို့ တရုတ် အာဏာပိုင်တွေ စုံစမ်းစစ်ဆေးနေကြပါတယ်။
နိရဉ္စရာသတင်းဌာန. ၁၃ရက်နေ့ မေလ ၂၀၁၃ —- ရခိုင်ပြည်နယ် အနောက်ဘက် မောင်တောမြို့နယ်ရှိ ကျေးရွာများတွင် ယမန်နေ့က စတင်ပြီး မုန်တိုင်း ကယ်ဆယ်ရေး အဖွဲ့များကို အာဏာပိုင်များမှ ဖွဲ့စည်းနေကြောင်း သတင်း ရရှိသည်။
စစ်တွေ(မဇ္ဈိမ). ၁၃ရက်နေ့ မေလ ၂၀၁၃ —- ရခိုင်ပြည်နယ်သို့ ဖြတ်သန်းတိုက်ခတ်မည့် မဟာဆန် ဆိုင်ကလုန်းမုန်တိုင်း ကျရောက်မည့်နေ့ နီးလာသည်နှင့်အမျှ ရခိုင် တပြည်နယ်လုံးရှိ ဒေသခံများ စိုးရိမ်ထိတ်လန့်လျက် ရှိကြောင်း သိရသည်။
DVB News, 13May 2013 — ဆိုင်ကလုန်းမုန်တိုင်း မဟာစင်ကြောင့် ရခိုင်ပြည်နယ်နဲ့ မြစ်ဝကျွန်းပေါ်ဒေသ အစိုးရ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ခရီးစဉ်တွေကို မေ ၁၄၊ ၁၅နဲ့ ၁၆ ရက်နေ့တွေမှာ ရပ်နားထားမယ်လို့ ပြည်တွင်းရေကြောင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
DVB News, 13May 2013 — မဟာစင် ဆိုင်ကလုန်းမုန်တိုင်းဟာ လာမယ့်ရက်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက် တိုက်ခိုက်နိုင်ဖွယ်ရှိတာကြောင့် ရခိုင်ပြည်နယ် အစိုးရက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားပါတယ်။
BBC News, 13May 2013 — မြန်မာသမ္မတ ဦးသိန်းစိန် လာမယ့် သီတင်းပတ် အတွင်း အမေရိကကို ပထမဆုံး တရားဝင် ခရီး သွားဖို့ ရှိပြီး ဒီခရီးစဉ် အတွင်း ဝါရှင်တန်မှာ အမေရိကန် သမ္မတ အိုဘားမား ၊ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တခြား အဆင့်မြင့် နိုင်ငံရေး ခေါင်းဆောင် တွေနဲ့ တွေ့ဆုံမယ်လို့ သိရ ပါတယ်။
DVB News, 13May 2013 — ဘင်္ဂလားပင်လယ်အော်ကနေ မြောက်ဘက်ကို ရှေးရှုလာတဲ့ မဟာစင် အမည်ရှိတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ လာမယ့်ရက်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက် တိုက်ခိုက်နိုင်ဖွယ်ရှိတာကြောင့် ပြည်နယ်အတွင်းမှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားတယ်လို့ ရခိုင်ပြည်နယ်အစိုးရက ပြောပါတယ်။
Moe MaKa News , 13May 2013 —- (ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၄၄၊ မေလ ၉ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂) အပိုင်း (၂၀) လွှတ်တော်နှင့် နိုင်ငံရေးအကျဉ်းသား ၂၀၁၃ ခုနှစ် ဧပြီလ ၂၃ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ အမိန့်နဲ့ အကျဉ်းသူအကျဉ်းသား ၉၃ ယောက်ကို အကျဉ်းထောင်များကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ပြန်လွှတ်လိုက်ပါတယ်၊ အဲဒီ ၉၃ ယောက်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၅၉ ယောက်ပါဝင်တယ်လို့လဲ သိရပါတယ်၊ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား (နိုင်/ကျဉ်း) များအတွက် ဝမ်းသာကြည်နူးရပြီး ကျန်ရှိနေသေးတဲ့ နိုင်/ကျဉ်းများလဲ အမြန်ဆုံးပြန်လည်လွတ်မြောက်ကြဖို့ မျှော်လင့်မိပါတယ်၊ ပြည်သူလူထုရဲ့ အကျိုးစီးပွါးအတွက် နိုင်ငံရေးစနစ်ကို [...]
Moe MaKa News , 12May 2013 —- ဟံသာဝတီဦးဝင်းတင်၏ ခေါင်းကြီးများ၊ မေ ၁၂၊ ၂၀၁၃ (ဒီလှိုင်း ဂျာနယ်နှင့် ဖေ့စ်ဘွတ်ကနေ ကူးယူတင်ဆက်ပါတယ်) သမ္မတဦးသိန်းစိန်အစိုးရ အတော်ကျွမ်းကျင်လိမ္မာ ရှိလာသဗျာ။ ဝမ်းသာတယ်ဗျာ။ သာဓုခေါ်စရာပေါ့။
RFA News, 12May 2013 — မန္တလေးမြို့မှာ ကျူးကျော်အိမ်ယာတွေအဖြစ် ပြီးခဲ့တဲ့နှစ်က ဖျက်ဆီးခံခဲ့ရတဲ့ မြရည်နန္ဒာရပ်ကွက်က ဒေသခံ (၂၀) ကျော် ဟာ ဒီကနေ့ မန္တလေးကို ရောက်ရှိလာတဲ့ သမ္မတ ဦးသိန်းစိန်ကို ကြိုဆိုဖို့ အသွားအာဏာပိုင် တွေက လမ်းတ၀က်မှာ တားမြစ်ခဲ့ပါတယ်။
RFA News, 12May 2013 —- လာမယ့် မေလ ၁၆ ရက်နေ့မှာ ရခိုင်ပြည်နယ်၊ မောင်တောဒေသကို ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထား တဲ့ မဟာဆန် (Mahasen) အမည်ရ အင်အားပြင်း ဆိုင်ကလုန်း မုန်တိုင်း အန္တရာယ်ကြောင့် ဒီကနေ့က စတင်ပြီး မောင်တော မြို့မှာ ကယ်ဆယ်ရေး အစီအစဉ်တွေ စတင်ဆောင်ရွက်နေပါတယ်။
VOA News, 12May 2013 —- အိန္ဒိယသမုဒ္ဒရာအတွင်းမှာ ဖြစ်ပေါ်နေတဲ့ One လို့ နာမည်ပေးထားတဲ့ အပူပိုင်း မုန်တိုင်းဟာ အခုအခါမှာ ပိုအားကောင်း လာနေပြီး “မဟာဆန်” ဆိုင်ကလုန်း မုန်တိုင်းအဖြစ် ပြောင်းလဲသွားပြီဖြစ်ပါတယ်။ အခုဆိုရင် မုန်တိုင်းလမ်းကြောင်း ဟာ မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်း ရခိုင်ပြည်နယ်မြောက်ပိုင်း နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ကွေ့ပြီး ဦးတည် တိုက်ခတ်လာနေပြီဖြစ်တဲ့အတွက် အန္တရာယ်ရှိနိုင်တဲ့ အနေအထားကို ချဉ်းကပ်လာနေပြီလို့ မိုးလေဝသပညာရှင်တွေ က ခန့်မှန်းပါတယ်။ ရခိုင်ဒေသခံ အာဏာပိုင်တွေဘက်ကလည်း အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို အသင့် အနေအထားမှာ ပြင်ဆင် ထားကြပြီဖြစ်ပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။ မီဒီယာ အသံ မဟာဆန်မုန်တိုင်း နားဆင်ရန် [...]
VOA News, 11May 2013 —- (မျက်မှောက်ရေးရာ/သတင်းသုံးသပ်ချက်) ကချင်ပြည်နယ်မှာ စစ်ဖြစ်တာ (၂) နှစ်နီးပါးရှိပေမယ့် ဦးသိန်းစိန်အစိုးရဟာ ချီးကျူးဂုဏ်ပြုခံရေပါတယ်။ ပြုပြင်ရေးကိုဆက်လုပ်ဖို့ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက ထောက်ခံအားပေးကြပါတယ်။ ဒါပေမဲ့ ဦးသိန်းစိန်အစိုးရ မနိုင်မနင်းဖြစ်နေတဲ့ ပြဿနာတွေလည်း ရှိပါတယ်။ ဒီအထဲမှာ ကချင်ပြည်နယ်က ပဋိပက္ခဟာ အထင်ရှားဆုံးပါ။ ဒီအကြောင်းကို နယ်သာလန်အခြေစိုက် Transnational Institute က လွန်ခဲ့တဲ့ မတ်လက The Kachin Crisis စာတမ်းကို ထုတ်ဝေပါတယ်။ (၁၇) နှစ်လုံးလုံး အပစ်အခတ်ရပ်စဲခဲ့ပြီးမှ ဦးသိန်းစိန်အစိုးရ တက်လာပြီး သုံးလအကြာမှာ တိုက်ပွဲတွေ ပြန်ဖြစ်ပါတယ်။
VOA News, 11May 2013 —- ကမ္ဘာပတ်လမ်းကြောင်းထဲကနိုင်ငံတကာ အာကာသစခန်းရဲ့ ဓာတ်ခွဲခန်းကနေ အမိုးနီးယား (ammonia) ဓာတ်ငွေ့ ယိုစိမ့်နေတာတွေ့ခဲ့ရတာကြောင့် အာကာသယာဉ်မှူးတွေ အရေးပေါ် အာကာသယာဉ် အပြင်ကိုထွက်ပြီး ဒါကို ပြန်ပြင်ဖို့ ကြိုးစားနေကြပါတယ်။ သောကြာနေ့က တွေ့ရှိခဲ့တဲ့ ဒီယိုစိမ့်မှုဟာ စိုးရိမ်စရာအခြေအနေ ဖြစ်ပေမဲ့ အာကာသယာဉ်မှူး ၆ ဦးက ဒီအခြေအနေကို ထိန်းသိမ်းဆောင်ရွက်ထားနိုင်တယ်လို့ အာကာသစခန်း အကြီးအကဲ ကနေဒါနိုင်ငံသား Chris Hadfield က ပြောပါတယ်။ ဒီယိုစိမ့်မှု ဘာကြောင့်ဖြစ်ရတာလဲ ဆိုတာနဲ့ ဒီယိုစိမ့်မှုကို ပြန်ပြင်နိုင်ဖို့အတွက် အမေရိကန် အာကာသယာဉ်မှူးနှစ်ဦးဖြစ်တဲ့ Chris Cassidy နဲ့ Tom Marshburn တို့ အာကာသယာဉ်ထဲက ထွက်ပြီး စစ်ဆေးဖို့ ပြင်ဆင်နေတဲ့ အကြောင်း Chris [...]
BBC News, 10May 2013 — လေထုထဲမှာ ကာဗွန်ဒိုင် အောက်ဆိုက်ဒ် ပါဝင်မှုဟာ သိသိသာသာမြင့်မားနေပါတယ်။ ကမ္ဘာကြီး ပူနွေးမှုတွေထဲကမှာ အရေးကြီးတဲ့ အကြောင်းတချက်ဖြစ်တဲ့ C-O-2 လယ်ဗယ်ဟာ နေ့စဉ် တိုင်းထွာချက်အရ ၄ဝဝ ပီပီအမ်ကို ရောက်ရှိနေတာ ဖြစ်ပြီး လူ့သမိုင်းမှာ ဒါဟာ ပထမဆုံး ဖြစ်ပါတယ်။
BBC News, 10May 2013 — ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ လွန်ခဲ့တဲ့ ၁၇ ရက်က ပြိုကျ ခဲ့တဲ့ အဆောက် အဦ အောက်မှာ အသက် မသေဘဲ ပိတ်မိ နေသူ တစ်ယောက်ကို ကယ်ဆယ်ရေး လုပ်သား တွေက ကယ်တင် နိုင်ခဲ့ ပါတယ်။
VOA News, 10May 2013 — ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လွန်ခဲ့တဲ့ ၁၇ ရက်တုန်းက ပြိုကျခဲ့တဲ့ အထည်ချုပ်စက်ရုံ အဆောက်အဦးပျက်တွေ အောက်မှာ အမျိုးသမီးတဦးကို အသက်ရှင်လျက် ကယ်ဆယ်ရေးဝန်ထမ်းတွေ တွေ့ရှိခဲ့ပါတယ်။ အထည်ချုပ်စက်ရုံ အများအပြားတည်ရှိရာ အဆောက်အဦး ပြိုကျသွားခဲ့ရာက သေဆုံးသူ အရေအတွက်ဟာလည်း တစ်ထောင်ကျော်သွားပြီ ဖြစ်ပါတယ်။
နိရဉ္စရာသတင်းဌာန. ၁၀ရက်နေ့ မေလ ၂၀၁၃ —- မေလ (၉) ရက် ယမန်နေ့ တစ်နေ့တည်းတွင် ဒက္ကားမြို့ အထည်အချုပ်စက်ရုံ အပျက်အစီးများ ကြားထဲမှ သေဆုံးသူ အလောင်း ၁၂၀ကို ရှာဖွေတွေ့ရှိခဲ့သဖြင့် သေဆုံးသူ အရေအတွက်မှာ ယခုအခါ ၉၉၆ ဦး ရှိသွားခဲ့ပြီ ဖြစ်သည်။
VOA News, 11May 2013 — ပါကစ္စတန်နိုင်ငံမှာ ရွေးကောက်ပွဲမကျင်းပခင် တရက်အလိုမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့တာကြော င့် လူ ၄ ယောက်ထက်မနည်းသေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရသွားပါတယ်။ တာလီဘန်တွေ နဲ့ အယ်လ်ခိုင်းဒါးတွေရဲ့ အမာခံနယ်မြေဖြစ်တဲ့ မြောက်ဝါဇီရစ္စတန်ပြည်နယ်က နိုင်ငံရေးပါတီရုံးတခုနားမှာ သောကြာနေ့က ဗုံးပေါက်ကွဲမှုကြောင့် လူ ၄ ယောက် သေဆုံးသွားခဲ့တာပါ။
BBC News, 10May 2013 — ပါကစ္စတန် အမျိုးသားလွှတ်တော်နဲ့ ပြည်နယ် ၄ခုကဥပဒေပြု လွှတ်တော်အတွက် မဲပေးမယ့် လူပေါင်း ၈၆သန်း မှတ်ပုံတင်ထားပါတယ်။ မဲဆန္ဒရှင်အချို့က တာလီဘန်တွေဘက်က နောက်ထပ် အကြမ်းဖက် တိုက်ခိုက်မှာ ကိုကြောက်လို့ မဲမပေးဝံ့ဘူးလို့ ဆိုနေကြပါတယ်။ အစ္စလမ် ဘာသာရေးနဲ့ မကိုက်ညီဘူးဆိုပြီး မဲဆွယ်ပွဲကာလ အတွင်းတိုက်ခိုက်မှုတွေအတွက် သူတို့လုပ်တာလို့ တာလီဘန်ဘက်က ပြောပါတယ်။ ဒီတိုက်ခိုက်မှုတွေအတွင်း လူရာချီပြီးသေဆုံးခဲ့ပါတယ်။
BBC News, 11May 2013 — ဂွာတီမာလာ နိုင်ငံမှာ ၁၉၈၂ ခုနှစ် နဲ့ ၈၃ ခုနှစ်တုန်းက အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင် သမ္မတ Efrain Rios Montt ဟာ သူအုပ်ချုပ်ခဲ့ချိန် အတွင်း Ixil Maya လူမျိုးစု ၁၈ဝဝ နီးပါးကို သတ်ဖို့ အမိန့်ပေးခဲ့မှုနဲ့ အပြစ်ရှိကြောင်း စီရင်ချက် ချခဲ့ပါတယ်။
BBC News, 10May 2013 — အိန္ဒိယ နိုင်ငံမှာ အဂတိ လိုက်စားမှု စွဲချက်တွေနဲ့ ထိပ်တန်း ဝန်ကြီးနှစ်ယောက် ရာထူးက နှုတ်ထွက်သွားပါတယ်။
BBC News, 10Mary 2013 — အာဖရိကတိုက်မှာ ပွင့်လင်းမြင်သာမှု မရှိတဲ့ မိုင်းတွင်း စာချုပ် ချုပ်ဆိုမှုတွေ၊ မမှန်မကန် ငွေကြေး လွှဲပြောင်းမှုနဲ့ အခွန်ရှောင် မှုတွေကြောင့် နှစ်စဉ် ဒေါ်လာ ၃၄ ဘီလျံ လောက် နစ်နာနေရကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဟောင်း မစ္စတာ ကိုဖီ အာနန်က ပြောဆို လိုက်ပါတယ်။
မဇ္စျိမသတင်းဌာန. ၁၁ရက်နေ့ မေလ ၂၀၁၃ — ထူးကုမ္ပဏီများအဖွဲ့က ကြယ်လေးပွင့် အဆင့်ရှိဟိုတယ်၊ ရုံးခန်း၊ လူနေခန်းနှင့် ဈေးဝယ်စင်တာ တို့ပါဝင်သော ပြည်ထောင်စုရိပ်သာ စီမံကိန်းကို အမေရိကန် ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံကာ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ထူးကုမ္ပဏီ၏ အကြံပေး ဦးလှဘော်က မဇ္ဈိမကို ပြောသည်။
မဇ္စျိမသတင်းဌာန. ၁၀ရက်နေ့ မေလ ၂၀၁၃ —- ပြန်ပေးသည်ဆိုသည့် လယ်မြေစာရင်းကို စစ်တပ်မှ အကြောင်းပြန် ပေးပို့လာခြင်း မရှိကြောင်း လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ဦးခိုင်မောင်ရည်က မဇ္ဈိမသို့ ပြောသည်။
မဇ္စျိမသတင်းဌာန. ၁၀ရက်နေ့ မေလ ၂၀၁၃ — မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍ၌ ဥပဒေနှင့် ပေါ်လစီပိုင်းအား မှန်ကန်အောင် လုပ်ဆောင်နိုင်ပါက ကမ္ဘာ့စိုက်ပျိုးရေး အခန်းကဏ္ဍတွင် မြန်မာနိုင်ငံ ထိပ်တန်းရောက်လာနိုင်ကြောင်း အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) က ပြောသည်။