BBC News, 14June 2013 — ဆီးရီးယား သမ္မတ ဘတ်ရှား အယ်အာဆက်ဒ် ဖြုတ်ချရေးအတွက် လက်နက်ကိုင် သူပုန်တွေကို စစ်လက်နက် တိုက်ရိုက် ထောက်ပံ့ပေးမယ်လို့ ဆုံးဖြတ်ချက် ချခဲ့ပြီးတဲ့နောက် သမ္မတ အိုဘားမားဟာ ဥရောပ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးနေပါတယ်။
BBC News, 14June 2013 —- ဆီးရီးယား အစိုးရ က လူ့အာရုံကြောကို ထိခိုက်စေတဲ့ ဆာရင် ဓာတု လက်နက် သုံးနေတယ် ဆိုတာ ယုံကြည် စရာ သက်သေ အခိုင်အမာ ရှိတယ် လို့ပဲ အမေရိကန် ဘက်က ပြောကြား နေပါတယ်။ ဒီအတွက် လူ ၁ဝဝ က ၁၅ဝ ထိ သေဆုံး ခဲ့တယ် ဆိုတဲ့ ခန့်မှန်းချက် ကတော့ မပြည့်စုံဘူး၊ ဒါပေမဲ့ ဓာတု လက်နက် အသုံးပြုမှုတွေက နိုင်ငံတကာ စံနှုန်းတွေရဲ့ စိုးရိမ်မှတ်ကို ကျော်နေပြီ လို့ အမေရိကန် သမ္မတရဲ့ လုံခြုံရေး လက်ထောက် အကြံပေး မစ္စတာ ရုဒ်က ဆိုပါတယ်။
VOA News, 15June 2013 — ဆီးရီးယားသူပုန်အဖွဲ့တွေကို စစ်လက်နက် အထောက်အကူတွေပေးဖို့ အမေရိကန်သမ္မတ ဘရက်အိုဘားမားက နောက်ဆုံး ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးဖြစ်ကြောင်း အိမ်ဖြူတော် အရာရှိတွေက ပြော ပါတယ်။ ရှေ့သီတင်းပတ် ကမ္ဘာ့စက်မှုအင်အားကြီး ၈ နိုင်ငံခေါင်းဆောင်တွေ နဲ့ တွေ့ဆုံမယ့် ဆွေးနွေးမှုတွေကနေလည်း ဒီဆုံးဖြတ်ချက် ကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလို့လည်း သူတို့ကပြောပါတယ်။
BBC News, 14June 2013 — ထိုင်းနိုင်ငံ တာခ်ခရိုင်နယ်စပ် ငါးမြို့နယ်က ဆေးရုံ တွေမှာ မြန်မာနိုင်ငံသားတွေကို ဆေးဝါးကုသ ပေးနေရလို့ ငွေကုန်ကြေးကျ များနေတာကို ထိုင်းကျန်းမာရေး ဝန်ကြီးက ရေတို ရေရှည်နည်းနဲ့ ဖြေ ရှင်း ပေးသွားမယ်လို့ ပြောပါတယ်။
BBC News, 15June 2013 — မြန်မာစစ်တပ် ကြည်း ရေ လေ က ဗိုလ်ကြီးအဆင့်ကနေ ဗိုလ်မှူးအဆင့်ရှိသူ အယောက် ၄ဝ ကျော်ကို ရဲတပ်ဖွဲ့ကို ပြောင်းလဲ တာဝန်ပေးလိုက်ပါတယ်။
RFA News, 14June 2013 — ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ် မိကျောင်းကန် ၁ နဲ့ ၂ ရပ်ကွက်မှာ တပ်မတော်ကို မြေငှားရမ်းခပေးပြီး မိသားစုလိုက် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နေကြတဲ့ အိမ်ခြေ ၂ဝဝ ကျော်ကို အာဏာပိုင်တွေက ဒီကနေ့ ညနေပိုင်းမှာ အင်အားသုံးပြီး အပြီးဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။
VOA News, 14June 2013 — မြန်မာနိုင်ငံမှာ မတူကွဲပြားတဲ့ ဘာသာဝင်တွေအကြား အမုန်းတရားတွေနဲ့ မယုံကြည်မှုတွေ တိုးပွားလာအောင် သွေးထိုးလှုံ့ဆော်နေသူတွေရဲ့ အန္တရာယ် ရှိနေဆဲပဲလို့ သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်တွေက သတိပေးလိုက်ပါတယ်။ ဒီ အန္တရာယ်တွေကို အချိန်မီ တားဆီး ကာကွယ်နိုင်ဖို့ရာ ကဏ္ဍပေါင်းစုံ ဘာသာပေါင်းစုံက လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေက ၀ိုင်းဝန်းပူးပေါင်းလုပ်ဆောင်ကြဖို့လည်း နှိုးဆော်ပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ ထားပါတယ်။
RFA News, 14June 2013 —- ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့၊ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ဖို့၊ မတရားအသင်း ဥပဒေတွေ ဖျက်သိမ်းဖို့ ဆိုတဲ့အချက်တွေကို ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေဟာ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့မနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
VOA News, 15June 2013 — ကချင်ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ အကူအညီတွေကို မြန်မာအစိုးရက ပို့ခွင့်ပြုလိုက်တဲ့ အပေါ်မှာ ကျေးဇူးတင် တယ်လို့ ကုလသမဂ္ဂက ပြောကြား လိုက်ပါတယ်။ မြန်မာအစိုးရက အခုလိုခွင့်ပြု လိုက်တာဟာ အပြု သဘောဆောင်တဲ့ခြေလှမ်း တရပ်ဖြစ်ပြီး၊ နောက်ထပ်လည်း အကူအညီတွေလည်း ပေးသွားဖို့ရှိနေတယ်လို့ ပြောလိုက်ပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို ဆက်ပြီးတော့ ကြည့်ရအောင်ပါ။
VOA News, 14June 2013 — အနည်းဆုံးကုန်တင်ကား၁၀စီးပါဝင်တဲ့ ကုလသမဂ္ဂရဲ့ ကူညီထောက်ပံ့ရေး ယာဉ်တန်းဟာ ဒီကနေ့မနက်က ဗန်းမော်ခရိုင်၊ မိုင်ဂျာယန်ဒေသက ကချင် စစ်ရှောင် ဒုက္ခသည် စခန်းကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဒါဟာ ဒီဒေသကို တနှစ်နီးပါး ကာလအတွင်း ပထမဆုံးရောက်ရှိသွားတဲ့ ကုလသမဂ္ဂရဲ့ ကူညီရေး ယာဉ်တန်းဖြစ်ပြီး လူ၃၀၀၀ကျော်အတွက် တလစာ အခြေခံ စားနပ်ရိက္ခာတွေ အပါအ၀င် အိမ်ထောင်သုံးပစ္စည်းတွေနဲ့ တကိုယ်ရေသန့်ရှင်းရေး ဆိုင်ရာ အသုံးအဆောင်တွေ ပါဝင်တယ်လို့ မိုင်ဂျာယန်က ဒုက္ခသည်အရေး ကူညီသူက ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
VOA News, 14June 2013 — မြန်မာနိုင်ငံကထွက်တဲ့ သဘာဝ သယံဇာတပစ္စည်းက ရရှိတဲ့ ဘဏ္ဍာငွေတွေကို တိုင်းပြည် စီးပွား ဖွံ့ဖြိုးဖို့အတွက် အကျိုးရှိရှိ အသုံးချနိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စု ပါဝင်တဲ့ G8 စက်မှုထိပ်သီး ၈ နိုင်ငံက မြန်မာနိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်ကြတော့မှာ ဖြစ်ပါတယ်။
BBC News, 15June 2013 —- အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိနေကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်းကာလမှာလည်း သူ့ရဲ့ ကြံခိုင်ဖွံဖြိုးရေးပါတီအနေနဲ့ နိုင်ငံအကျိုးစီးပွားအတွက် လိုအပ်ရင် အန်အဲဒီနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
VOA News, 15June 2013 —- မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ၊ ခိုင်ခိုင်မာမာရှိစေဖို့အတွက် မတူကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်းချင်း အကြမ်းဖက် တိုက်ခိုက်နေ တာ ဖြေရှင်းရေး၊ တိုင်းရင်းသားတွေနဲ့ ကိုးကွယ်ရာ ဘာသာမတူ သူ လူနည်းစုတွေ ရဲ့ အခြေခံလူ့အခွင့်အရေးတွေကို လေးလေးစားစား အာမခံရေးနဲ့ အကြမ်းဖက်သူတွေကို အရေးယူမှု၊ ထင်သာမြင်သာ အသေအချာ ရှိစေရေး တို့ကို မြန်မာနိုင်ငံမှာ လုပ်ဆောင်ဖို့ လိုအပ်လိမ့်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုလိုက်ပါတယ်။ ဇွန်လ ၁၄ရက်နေ့က အခုအခါ အမေရိကန်ပြည်ထောင်စု ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ ရဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဖြစ်သူ သူရဦးရွှေမန်းနဲ့ နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ တွေ့ဆုံကြစဉ်မှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက [...]
RFA News, 14June 2013 — မြန်မာသမ္မတ ဦးသိန်းစိန်ဟာ လာမယ့်လအတွင်း ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေကို သွားရောက်မယ်လို့ အစိုးရအရာရှိတစ်ဦးကို ကိုးကားပြီး AFP သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
BBC News, 14June 2013 — ရန်ကုန် မှော်ဘီမြို့ ဓမ္မဒူတ ဆေကိန္ဒာရာမ သာသနာ့ ရိပ်သာမှာ သံဃာတော် အပါး ၂၀ဝ ကျော် နှစ်ရက်ကြာ စုဝေးကြပြီး မြန်မာနိုင်ငံတွင်းမှာ ဖြစ်ခဲ့တဲ့ ဖြစ်နေတဲ့ ပဋိပက္ခတွေကို ဗုဒ္ဓနည်းကျ ဖြေရှင်းရေး နည်းလမ်းတွေကို ဆွေးနွေးခဲ့ပါတယ်။ဒီ ဆွေးနွေးပွဲကို သံဃာ့မဟာနာယက ဆရာတော်ကြီးတွေလည်း ကြွရောက်ပြီး သြဝါဒ ပေးခဲ့ကြပါတယ်။
VOA News, 14June 2013 —- ရတနာ သုံးပါးကို ကိုယ်စားပြုတဲ့ ငြိမ်းချမ်းရေး အမှတ်တံဆိပ် ၉၆၉ ကို သာသနာ ညှိုးနွမ်းစေတဲ့ နေရာတွေမှာ မသုံးပါနဲ့လို့ မြန်မာနိုင်ငံမှာ ရှိတဲ့ သံဃာထုက ပြောလိုက်ပါတယ်၊ မှော်ဘီမြို့မှာ၂ ရက်ကြာ ကျင်းပနေတဲ့ ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြ၀ါဒ ခံယူပွဲ အပြီး ထုတ်ပြန်ချက်မှာ ခုလို ဖော်ပြပြောလိုက်တာဖြစ်ပါတယ်၊ အစွန်းရောက်ဆန်တဲ့ လုပ်ရပ်တွေကို ဘာသာရေးမှာ ခုတုံး လုပ်လာရင် လက်ခံမှာ မဟုတ်ဘူး လို့ ပြည်တွင်းမှာ နေထိုင်တဲ့ သံဃာ အများစုကပြောပါတယ်၊
RFA News, 14June 2013 —- “ ၉၆၉ “ ဆိုတဲ့ အက္ခရာအမှတ်အသားဟာ ရတနာ ၃ ပါးကို အထူးပြုထားတဲ့ ငြိမ်းချမ်းရေး သင်္ကေတ ဖြစ်တဲ့အတွက်ကြောင် ဗုဒ္ဓသာသနာကို ညှိးနွမ်း စေနိုင်တဲ့ ကိစ္စတွေ လုပ်ရပ်တွေမှာ အသုံးမပြုကြဖို့ ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနဲ့ အကြိုညှိနှိုင်းဆွေးနွေးပွဲအပြီးမှာ သဘောတူ ထုတ်ပြန်ခဲ့ကြပါတယ်။
RFA News, 14June 2013 —- ပြည်ပအခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသ မှာ နေထိုင်သူတွေဟာ ရိုဟင်ဂျာလူမျိုးဖြစ်တယ် လို့ ပြောဆိုပေမယ့် မြန်မာနိုင်ငံမှာ ဥပဒေအရရော၊ သမိုင်းကြောင်းအရပါ ရိုဟင်ဂျာဆိုတာမရှိဘူး လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း က ပြောကြားလိုက်ပါတယ်။
KNG News, 14June 2013 —- နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သက်တမ်းတလျှောက် ရပ်ဆိုင်းထားမည်ဟုဆိုသော ကချင်ပြည်နယ်မြစ်ကြီးနားမြို့ မေခ-မလိခ မြစ်ဆုံတွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းကို တရုတ်အစိုးရဖက်မှ သမ္မတသက်တမ်းမကုန်ဆုံးသေးခင်ကပင် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းနေပြီဖြစ်ကြောင်း ဒေသခံနှင့် ကချင်လူမှုအဖွဲ့အစည်းများက ပြောသည်။
ချင်းမိုင်(မဇ္စျိမ) . ၁၄ရက်နေ့ ဇွန်လ ၂၀၁၃ — ကုလသမဂ္ဂ အဖွဲ့အစည်းများမှ လူသားချင်း စာနာထောက်ပံ့မှုများကို တရုတ် နယ်စပ် မိုင်ဂျာယန်ရှိ ဒုက္ခသည်စခန်းများသို့ ကူညီထောက်ပံ့နိုင်ပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ က ယနေ့ ထုတ်ပြန်လိုက်သည်။
BBC News, 14June 2013 —- ကချင်ပြည်နယ် အတွင်းအစိုးရ ထိန်းချုပ် နယ်မြေထဲကို ကုလ သမဂ္ဂရဲ့ ကူညီ ကယ်ဆယ်ရေး ကားတွေ တစ်နှစ် အတွင်း ပထမဆုံး အကြိမ် သွားခွင့် ရခဲ့ပါတယ်။
မဇ္စျိမသတင်းဌာန. ၁၄ရက်နေ့ ဇွန်လ ၂၀၁၃ — ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁ နှင့် ၂ အတွင်းရှိ ကာကွယ်ရေး ဝန်ကြီးဌာနက ပိုင်သည့် မြေနေရာတွင် ဆောက်လုပ်ထားသည့် အိမ်နှင့် စိုက်ခင်းများအား လူအင်အား တစ်ထောင်ခန့်ဖြင့် ဇွန်လ ၁၃ ရက်က ဝင်ရောက် ဖျက်ဆီးခဲ့သည်။
မဇ္စျိမသတင်းဌာန. ၁၄ရက်နေ့ ဇွန်လ ၂၀၁၃ — ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို ဘာသာတူ အမျိုးသားကသာ လက်ထပ်ခွင့်ရှိစေရေးအတွက် ဥပဒေအရ ပြဌာန်းရန် သံဃာတော်များက ကြိုးပမ်းမည်ဟု မန္တလေး မစိုးရိမ်တိုက်ဆရာတော် ဦးဝီရသူက မိန့်ကြားလိုက် သည်။
DVB News, 14June 2013 —- (ဘာသာပြန်ဆောင်းပါး )မြန်မာပြည်အပေါ် စိတ်ဝင်စားမှုတွေက အလွန်ကို များနေပါတယ်၊ မေလထဲမှာ သမ္မတ ဦးသိန်းစိန်က အမေရိကန်သမ္မတရဲ့ အိမ်ဖြူတော်ကို အလည်အပတ်ရောက်သွားပါတယ်။ နှစ်ပေါင်း ၅၀ နီးပါးအတွင်းမှာ ပထမဆုံး
Popular News Journal, 14June 2013 — ရန်ကုန် ၊ဇွန် ၁၄ ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်းမြို့နယ် အတွင်း ရှိ မိကျောင်းကန် အပိုင်းမြေ (၁၊၂၊၃)ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ ဦးဆောင်သော အစိုးရ အဖွဲ့မှ ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်တိုင်း လွှတ်တော်ရုံး အစည်းအဝေး ခန်းမ ၃ တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေကြောင်းသိရသည်။
DVB News, 14June 2013 — မြန်မာအလုပ်သမားတွေ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေကြောင့် မလေးရှားနိုင်ငံကို အလုပ်သမားတင်ပို့မှု ခေတ္တရပ်ဆိုင်းငံ့ထားမယ်လို့ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနက ဇွန် ၁၃ ရက်နေ့စွဲနဲ့ ကြေညာလိုက်ပါတယ်။
မဇ္စျိမသတင်းဌာန. ၁၄ရက်နေ့ ဇွန်လ ၂၀၁၃ —- ပရိုဘောက်စ်အမျိုးအစား မော်တော်ယာဉ်များ မကြာခဏ မီးလောင်မှုဖြစ်ပွားပြီးနောက် ယင်းမော်တော်ယာဉ် အမျိုးအစားများ မှတ်ပုံတင်ပြုလုပ်ရာတွင် မီးသတ်ဆေးဘူး တပ်ဆင်ထားခြင်းမရှိပါက ယာဉ်မှတ်ပုံတင်ခွင့် ပြုလုပ် ပေးမည်မဟုတ်တော့ကြောင်း မန္တလေးတိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူးဦးစီးဋ္ဌာန (ကညန) မှ တာဝန်ရှိသူက ပြောသည်။
ရန်ကုန် (မဇ္ဈိမ). ၁၄ရက်နေ့ ဇွန်လ ၂၀၁၃ —- ပြည်တွင်းတွင် ဖြစ်ပေါ်နေသည့် ဒေါ်လာဈေးနှုန်း အမြင့်ကြောင့် ကမ္ဘာ့ရွှေဈေး ကျသလောက် ပြည်တွင်းရွှေဈေး လိုက်မကျနိုင်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းမှတဆင့် သိရသည်။
မဇ္စျိမသတင်းဌာန. ၁၄ရက်နေ့ ဇွန်လ ၂၀၁၃ —- မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများကိုတိုးမြှင့် ဆောင်ရွက်ရန် ဗြိတိန်အစိုးရအနေဖြင့် ယင်း၏ လုပ်ငန်းရှင်များကို တိုက်တွန်းလျှက်ရှိကြောင်း ဗြိတိန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဝန်မင်းဂရီးန်က ဇွန်လ၊ ၁၃ ရက် ညနေ တွင် ကုန်သည်ကြီးများ ဟိုတယ်၌ ကျင်းပသော ICEAW နှင့် MICPA တို့၏ နားလည်မှု စာချွန်လွှာရေးထိုးပွဲတွင် ပြောကြားလိုက်သည်။
VOA News, 14June 2013 —- ဆီးရီးယားအစိုးရဟာ သူပုန်တွေကို တိုက်တဲ့နေရာမှာ ဓါတုလက်နက်တွေ အသုံးပြုတယ်ဆိုတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ရထားတယ်လို့ အမေရိကန်အစိုးရ ပြောကြားလိုက်ပါတယ်။ ဒီလို ဓါတုလက်နက်သုံးတာဟာ သတ်မှတ်ထားတဲ့ သည်းခံနိုင်တဲ့ အတိုင်းအတာကို ကျော်သွားမှာဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ ထောက်လှမ်းရေး သတင်းတွေအရတော့ ၊ ပြီးခဲ့တဲ့နှစ်အတွင်း ဓါတုလက်နက်တွေ အနည်းငယ်သုံးပြီး တိုက်ခိုက်တာတွေ လုပ်ခဲ့တဲ့အတွက် လူ ၁၅၀ လောက် သေဆုံးခဲ့တယ်လို့ အမျိုးသားလုံခြုံရေး ဒု-အကြံပေးအရာရှိ Ben Rhodes က သတင်းထောက်တွေကို ကြာသာပတေးနေ့က ပြောကြားခဲ့ပါတယ်။
BBC News, 14June 2013 — ဆီးရီးယား အစိုးရဟာ အတိုက်အခံတွေကို တိုက်ခိုက်ရာမှာ အာရုံကြော ထိုင်းမှိုင်းစေတဲ့ Sarin အဆိပ်ဓါတုတွေ အပါအဝင် ဓါတု လက်နက် ပစ္စည်းတွေ သုံးနေတယ်လို့ အမေရိကန် အစိုးရက စွပ်စွဲ ပြောဆို လိုက်ပါတယ်။
BBC News, 13June 2013 — ဆီးရီးယား နိုင်ငံမှာ ပဋိပက္ခတွေ စတင် ဖြစ်ခဲ့ချိန်ကနေ အခု ချိန် အထိ သေဆုံးခဲ့သူ ကိုးသောင်း သုံးထောင်ထက် မနည်း ရှိနေတယ်လို့ ကုလ သမဂ္ဂက ခန့်မှန်းပါတယ်။
VOA News, 13June 2013 — ဆီးရီးယားစစ်ပွဲအတွင်းသေဆုံးသူအရေအတွက်ဟာ အတည်ပြုနိုင်သလောက် ၉ သောင်း ၃ထောင်နီးပါး ရှိသွားပြီး တကယ့်သေဆုံးသူ အရေအတွက်ဟာ ဒီထက်များနိုင်တယ်လို့ ကုလသမဂ္ဂပြော ပါတယ်၊ နောက်ဆုံးရရှိတဲ့ အရေအတွက်က April လ မတိုင်ခင်အထိ ရရှိထားတဲ့ အရေအတွက်ဖြစ်သလို အနည်းဆုံး အရေအတွက်ဖြစ်မယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အေဂျင်စီက ပြောပါတယ်။
VOA News, 13June 2013 — ဂရိ နိုင်ငံမှာ အစိုးရပိုင် ERT ရုပ်သံလွှင့်လုပ်ငန်းကို ပိတ်လိုက်တဲ့အပေါ် မကျေနပ်ကြလို့ သမဂ္ဂတွေဆော်သြတဲ့ ပြည်လုံးကျွတ်သပိတ်ကို ဒီကနေ့ ကြာသပတေးနေ့မှာ စတင်နေတဲ့အတွက် ဂရိနိုင်ငံတဝန်းမှာ Bus ကား မီးရထား အသွားအလာတွေ ရပ်ဆိုင်းနေပါတယ်၊ အသုံးစားရိတ်လျှော့ချတဲ့အနေနဲ့ ERT ရုပ်သံလုပ်ငန်းကို ပိတ်မယ်လို့ အင်္ဂါနေ့က အသိပေးပြီး နာရီပိုင်းအကြာ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ရုပ်သံလွှင့်မှုတွေအားလုံးကို အစိုးရက ရပ်လိုက်တာဖြစ်ပါတယ်၊ ERT ရုပ်သံလုပ်ငန်း ပြန်ပြီး မလည်ပါတ် မချင်း သပိတ်မှောက်ကြဖို့ ဂရိသတင်းသမဂ္ဂတွေက ဆော်သြထားပါတယ်၊
BBC News, 13June 2013 —- တရုတ် အာကာသ ယာဉ်တစ်စီးဟာ ကမ္ဘာပတ် လမ်းကြောင်းထဲက အာကာသ စူးစမ်းရေး စခန်းနဲ့ အောင်အောင် မြင်မြင် ချိတ်ဆက် သွားနိုင်ခဲ့ ပါတယ်။