VOA News, 20May 2013 —- နယ်စပ်ဒေသမှာ နယ်မြေပိုင်ဆိုင်မှုနဲ့ ပက်သက်ပြီး အငြင်းပွားမှုတွေနဲ့ တင်းမာမှုတွေကို လျှော့ချဖို့ အိန္ဒိယ-တရုတ် နှစ်နိုင်ငံ သဘောတူညီချက် ရရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်ဝန်ကြီးချုပ် လီ ခေ့ ချန် (Li Keqiang) နဲ့ အိန္ဒိယ ၀န်ကြီးချုပ် မန်းမွန်ဟမ် ဆင်း (Manmohan Singh) တို့ အိန္ဒိယနိုင်ငံမှာ တနင်္လာနေ့က တွေ့ဆုံ ဆွေးနွေးပြီး နှစ်နိုင်ငံ အခုလို သဘောတူညီမှု ရရှိခဲ့ကြတာ ဖြစ်ပါတယ်။
BBC News, 20May 2013 —- ပါကစ္စတန် ခရစ်ကက် ကစားသမားImran Khan ရဲ့တရား မျှတရေး လှုပ်ရှားမှု ပါတီက ထိပ်တန်း နိုင်ငံရေး သမား တယောက်ရဲ့ နာရေး ကို ရာနဲ့ချီတဲ့ လူထု ပရိသတ် လိုက်ပါ ပို့ဆောင် ခဲ့ကြပါတယ်။
BBC News, 20May 2013 —- ဂျော်ဒန်နဲ့ လက်ဘနွန်က သိန်းနဲ့ချီတဲ့ ဆီးရီးယား စစ်ပြေး ဒုက္ခသည်တွေ အတွက် အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ Oxfam ဗြိတိသျှ ကယ်ဆယ်ရေး အဖွဲ့ က ပြောကြား လိုက်ပါတယ်။
BBC News, 19May 2013 — ဆီးရီးယား နိုင်ငံမှာ သူပုန်တွေ ထိန်းချုပ် ထားတဲ့ ခဲဆဲလ် မြို့ ပတ်ဝန်း ကျင်မှာ သီတင်း ပတ်နဲ့ ချီပြီး တိုက်ခိုက် မှုတွေ ဖြစ်ပွားခဲ့ ပြီးနောက် အခုတော့ အစိုးရ တပ်တွေ ကနေ အဲဒီ မြို့ကို ပြန်သိမ်းဖို့ အတွက် စစ်ဆင် ရေးကြီး တခု စတင် နေပြီ ဖြစ်ကြောင်း ဆီးရီးယားက လာတဲ့ သတင်းတွေ က ဆိုပါတယ်။
VOA News, 20May 2013 —- မြောက်ကိုရီးယားနိုင်ငံဟာ နောက်ထပ် ဒုံးကျည် ၂ စင်းကို အရှေ့ဘက် ကမ်းရိုးတန်းအနီးက ပင်လယ်ထဲကို ပစ်လွှတ်လိုက်ပါတယ်။ ဒါဟာ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ၃ ရက်အတွင်း ဒုံးကျည် ၆ စင်းကို ပစ်လွှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
VOA News, 19May 2013 —- မြောက်ကိုရီးယားနိုင်ငံအနေနဲ့ မစ်ဇိုင်းဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကို စွန့်လွှတ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုလိုက်ပါတယ်။ စတာလင်ဝါဒကျင့်သုံး တဲ့ မြောက်ကိုရီးယားနိုင်ငံက စနေနေ့တုန်းက တာတိုပစ် ဒုံးပျံသုံးစင်းကို ပင်လယ်အတွင်းပစ်လွှတ်ခဲ့ပြီးတဲ့နောက် အခုလို ပြောဆိုလိုက်တာပါ။
BBC News, 19May 2013 —- လွန်ခဲ့တဲ့ နှစ် ၆၀ နီးပါးက ဖြစ်ပျက် ခဲ့တဲ့ KNDO ကရင် သူပုန်တွေရဲ့ လေယာဉ် ပြန်ပေး ဆွဲမှု ဖြစ်ရပ် ဇာတ်လမ်းကို ရုပ်ရှင် ရိုက်ကူး တော့မှာ ဖြစ်ပါတယ်။
RFA News, 19May 2013 — ယခင်စစ်အစိုးရ လက်ထက်က တရုတ်နိုင်ငံနဲ့ ချုပ်ဆိုခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် စာချုပ်အားလုံးကို ပြန်လည်ပြင်ဆင်ချုပ်ဆိုဖို့ ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီက ဒီကနေ့တောင်းဆိုလိုက်ပါတယ်။
RFA News, 19May 2013 —- လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေ သိမ်းဆည်းခံထားရတဲ့ ဒေသခံတွေရဲ့ နစ်နာမှုတွေကို သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ဖြေရှင်းဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် ဒေသခံကျေးရွာ ၁၃ ရွာအသီးသီးမှာ ပြည်သူ့လယ်ယာမြေ ကာကွယ်ရေးကော်မတီတွေကို ဒီကနေ့မှာ ဖွဲ့စည်းလိုက်ပြီလို့ သိရပါတယ်။
DVB News, 20May 2013 —- မြစ်ဆုံဆည်စီမံကိန်းကို လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနည်းတူ လာရောက် စစ်ဆေးစေချင်တယ်လို့ တရုတ် စီပီအိုင်ကုမ္ပဏီ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။
BBC News, 19May 2013 —- တရုတ်နိုင်ငံ ယူနန် အစိုးရ အကြံပေး တာဝန်ခံ ယူနန် တက္ကသိုလ် အရှေ့တောင်အာရှ လေ့လာရေး စင်တာရဲ့ ညွှန်ကြားရေးမှူး မစ္စတာ Zhao Shulan ဦးဆောင်တဲ့ အဖွဲ့နဲ့ ဒီမိုကရေစီ မိတ်ဆွေများ ပါတီတွေ တနဂင်္နွေနေ့ မနက်က ရန်ကုန်မြို့ Myanmar Peace Center မှာ တွေ့ဆုံခဲ့ကြပါတယ်။
RFA News, 19May 2013 —- မြန်မာ့လက်ရှိနိုင်ငံရေး အခြေအနေတွေ ကို တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံ သားတွေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီ၊ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက် တစ်ကျောင်းသားများတပ်ဦး ဥက္ကဌ ကိုသံခဲနဲ့ DPNS လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော် တို့က ဆိုးလ်မြို့မှာ ဒီနေ့တွေ့ဆုံဆွေးနွေးကြပါတယ်။
RFA News, 19May 2013 —- နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်လာစေဖို့အတွက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ လာမယ့်သောကြာနေ့မှာ မြန်မာနိုင်ငံကို ၃ ရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်မယ်လို့ အစိုးရသတင်းရပ်ကွက်က ပြောဆိုကြောင်း Japan Times သတင်းစာက ဖေါ်ပြပါတယ်။
RFA News, 20May 2013 —– သမ္မတ ဦးသိန်းစိန်နဲ့ Voice Of America (VOA) မိသားစုတွေ တနင်္ဂနွေနေ့ ညနေပိုင်းက တွေ့ဆုံပွဲကျင်းပခဲ့ရာမှာ အမေရိကန်ပြည်ထောင်စုရောက် ဒီမိုကရေစီအဖွဲ့အစည်းတချို့က ဝါရှင်တန်ဒီစီ VOA ရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
VOA News, 20May 2013 —- ဦးသန်းလွင်ထွန်း။ ။ မင်္ဂလာပါခင်ဗျ။ အခု ဗွီအိုအေမြန်မာပိုင်း ကနေပြီးတော့ မြန်မာနိုင်ငံကို ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်မယ့် သမ္မတကြီး ဦးသိန်းစိန်နဲ့ အထူးသဖြင့် ဗွီအိုအေ အပါအ၀င် ဗွီအိုအေကနေ အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးမယ့် ဒီစီ အနီးတ၀ိုက်မှာ ရှိတဲ့ မြန်မာ အသိုင်းအ၀ိုင်းကနေပြီးတော့၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူငယ်ရေးရာ ဘက်ပေါင်းစုံက အသိုင်းအ၀ိုင်းက သမ္မတကြီးနဲ့တွေ့ပြီးတော့ မေးချင် တာ၊ နှုတ်ဆက်ချင်တာတွေနဲ့အတူ တွေ့ဆုံပွဲကို စတင်ပါပြီခင်ဗျ။
VOA News, 19May 2013 —- အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော်ကို တရားဝင် အလည်အပတ်ခရီးအဖြစ် ရောက်ရှိလာတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်က အမေရိကန်သမ္မတ ဘရက်အိုဘားမား အပါဝင် အမေရိကန်အစိုးရ အရာရှိတွေ၊ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေဟာ ဥပဒေကြောင်းအရ ကျန်နေသေးတဲ့အတွက်ကြောင့် ဆိုင်းငံ့ထားတဲ့ အနေအထားမျိုး မဟုတ်ဘဲနဲ့၊ လုံးဝရုပ်သိမ်းဖို့အတွက် တိုက်တွန်းပြောဆိုမှာ ဖြစ်ကြောင်း ပြောဆိုလိုက် ပါတယ်။
VOA News, 19May 2013 —- အင်္ဂလန်က နံမည်ကျော်ကစားသမား ဒေးဗစ်ဘက်ခမ်း (David Beckham) ဟာ သူ့ရဲ့ ကြေးစားဘောလုံးသမားဘ၀ နောက်ဆုံးပွဲကို မနေ့ စနေနေ့က ကစားခဲ့ပြီး၊ ဘောလုံးကစားတာကနေ လုံးဝ အနားယူလိုက်ပြီဖြစ်ပါတယ်။ ပီအက်စ်ဂျီ (PSG) နဲ့ ဘရက်စ် (Brest) အသင်းနဲ့ ကစားတဲ့ပွဲ ဟာ ဒေးဗစ်ဘက်ခမ်းရဲ့ ကစားသမားသက်တမ်း နှစ် ၂၀ အတွင်း နောက်ဆုံးနှုတ်ဆက်ပွဲ ဖြစ်ပါတယ်။
BBC News, 19May 2013 — ပြင်သစ်က Paris St. Germain အသင်းမှာ ကပ္ပတိန် အဖြစ် ကစားနေတဲ့ ဒေးဗစ်ဘက်ခမ်းဟာ အဲဒီ အသင်းနဲ့ Brest ဘောလုံး အသင်းတို့ မနေ့ညက ကန်တဲ့ အခါ ပွဲစပြီး မိနစ် ၈ဝ အကြာမှာ ခေတ္တ အစားထိုး အဖြစ် ဘတ်ခမ်း ဝင်ရောက် ကစားခဲ့ပြီး ၅ မိနစ်လောက် ကြာတဲ့အခါ သူဟာ မျက်ရည်တွေ မထိန်းနိုင်အောင် ဝမ်းနည်းပြီး ငိုပါတော့တယ်။
BBC News, 19May 2013 —- အခုနှစ် Eurovision သီချင်း ပြိုင်ပွဲမှာ ဒိန်းမတ် က Emmelie De Forest ဆိုထားတဲ့ Only Teardrops ဆိုတဲ့ သီချင်းက ဆုဆွတ်ခူး ရရှိသွားပါတယ်။
BBC News, 18May 2013 —- ပြင်သစ် နိုင်ငံမှာ လိင်တူချင်း တရားဝင် လက်ထပ် ထိမ်းမြားခွင့် နဲ့ အဲဒီ လက်ထပ်ထား သူတွေ အနေနဲ့ ကလေး မွေးစားခွင့် ဆိုင်ရာ ဥပဒေ ကြမ်း တခုကို သမ္မတ ဖရန်ဆွာ အော်လန်း က အတည်ပြု လက်မှတ် ရေးထိုး ပေးလိုက်ပြီးနောက် ပြင်သစ်မှာ ရှိတဲ့ လိင်တူ ချစ်သူများ အခွင့် အရေး အတွက် လှုပ်ရှား ဆောင်ရွက် နေကြတဲ့ အဖွဲ့ တွေဟာ အောင်ပွဲ ခံခဲ့ကြ ပါတယ်။
VOA News, 19May 2013 — တရုတ်ဝန်ကြီးချုပ် လီကွတ်ချောင်းဟာ အိန္ဒိယနိုင်ငံကို ၃ ရက်ကြာ ခရီးစဉ်အဖြစ် မေလ ၁၉ ရက် ဒီကနေ့ တနင်္ဂနွေနေ့မှာ စတင်သွားရောက် မှာဖြစ်ပါတယ်။ တရုတ်ဝန်ကြီးချုပ်ရဲ့ ပထမဆုံး အိန္ဒိယနိုင်ငံခရီးစဉ်ဟာ အာရှနိုင်ငံကြီး ၂ ခုကြား အချိန်အတော်ကြာကတည်းက ရှိလာခဲ့တဲ့ နယ်စပ်တင်းမားမှုပြဿနာကို ဖြေရှင်းပြီး၊ နှစ်နိုင်ငံ ဗျူဟာမြောက်ဆက်ဆံရေး နဲ့ ကုန်သွယ်ရေးကို တိုးချဲ့သွားဖို့ဖြစ်ပါတယ်။
VOA News, 18May 2013 — တာတိုပစ်ဒုံးလက်နက် ၃ ခုကို မနေ့က ဂျပန်ပင်လယ်ပြင်လို့ခေါ်တဲ့ အရှေ့ပင်လယ်ထဲကို ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။
VOA News, 18May 2013 — အမေရိကန်နိုင်ငံ အရှေ့ပိုင်း နယူးယောက် နဲ့ ဘော်စတွန် မြို့ကြား ရထား ၂ စင်း တိုက်ခိုက်မိတဲ့အတွက် လူ ပေါင်း ၆၀ ထက်မနည်း ဒဏ်ရာ ရခဲ့ပါတယ်။ သောကြာနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီလောက်မှာ နယူးယောက်မြို့ အရှေ့ မြောက်ဘက် ၆၂ မိုင်လောက်အကွာ Connecticut ၊ Bridgeport နားမှာ ခုလို ရထားတိုက်မှု ဖြစ်ခဲ့တာပါ။
ရန်ကုန် (မဇ္ဈိမ) . ၁၇ရက်နေ့ မေလ ၂၀၁၃ — ပြည်ပမှ မော်တော်ယာဉ်တင်သွင်းသူ အချို့သည် ဆက်စီးရန် မသင့်တော်သည့် ခေါင်းကြေ၊ ကိုယ်ပျက် မော်တော်ယာဉ်များကို ဆက်လက် တင်သွင်းနေမှုကို အရေးယူသွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့် က ပြောဆိုသတိပေးလိုက်သည်။
မော်လမြိုင် (မဇ္ဈိမ) . ၁၈ရက်နေ့ မေလ ၂၀၁၃ — ဒုတိယ ကမ္ဘာစစ်အတွင်းက မြန်မာနှင့် ထိုင်းနိုင်ငံ သွယ်တန်း ဖောက်လုပ်ခဲ့သည့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ ‘သေမင်းတမန်’ ရထားလမ်း ပြတိုက်ပြန်လည် ပြုပြင်ရန် လုပ်ငန်းစတင်နိုင်ခြင်း မရှိသေကြောင်း တလမွန် ကုမ္ပဏီက ပြောသည်။
နိရဉ္စရာသတင်းဌာန. ၂၀၁၃ —- ဘင်္ဂလာဒေခ်ျ့ ရေပြင်တွင် နောက်ထပ် လူသေ အလောင်း ၇ လောင်းကို ယမန်နေ့ နံနက်က ထပ်မံ ဆယ်ယူရရှိခဲ့သည်ဟု ဘင်္ဂလာရဲက ပြောသည်။
နိရဉ္စရာသတင်းဌာန. ၁၈ရက်နေ့ မေလ ၂၀၁၃ —- ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် အိမ်မပြန်နိုင်သေးသူ မုန်တိုင်းရှောင် လူပေါင်း ၆၀၀ အတွက် ရခိုင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဂရုဏာမြန်မာမှ ဆန်များ သွားရောက် လှူဒါန်းခဲ့သည်ဟု သတင်း ရရှိသည်။
Moe MaKa News, 18May 2013 — ကိုနေမျိုးဇင် မေလ ၁၇ က ထပ်မံလွတ်မြောက်ခဲ့ပုံ ကိုယ်တိုင်ရေးသားချက် သူ့ဖေ့စ်ဘွတ်ကနေ ကူးယူဖော်ပြပါတယ်။ မေ ၁၈၊ ၂၀၁၃ မတ်လ ၂ ရက်နေ့ ပန်းတနော် တရားရုံးက နေ ပုဒ်မ ၅၀၀ ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အကြည်ညို ပျက်စေမှု မှာ အပြစ်ရှိတယ် ဆိုပြီး ဒါဏ်ငွေ နှစ်သောင်း ဆောင်ရန် သို့မဟုတ်ပါက ထောင် ဒါဏ် သုံးလ ကျခံစေရန် ဆိုပြီး အမိန့်ချစဉ်က ကျနော် ဒါဏ်ငွေ နှစ်သောင်း ဆောင်လိုက်ရင် အေးဆေး ပြသနာ ပြေလည်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်က အခု ပြသနာကို ပေါ့ပေါ့ မဟုတ်ဘူး [...]
BBC News, 18May 2013 — မြန်မာ နိုင်ငံမှာ ခေတ်အဆက်ဆက်က ကျောင်းသား နိုင်ငံရေးမှာ ပါဝင် လှုပ်ရှား ခဲ့ကြသူတွေ ထဲက တချို့ဟာ စနေနေ့မှာ ရန်ကုန်က တော်ဝင် နှင်းဆီမှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။
VOA News, 18May 2013 —- တောင်ကိုရီးယားနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံဟာ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ရုန်းထွက်လာရတဲ့ နိုင်ငံတွေဖြစ်ပေမဲ့ တောင်ကိုရီးယားနိုင်ငံ ကတော့ မြန်မာထက် အချိန်စောပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နိုင်ခဲ့လို့ အခုအချိန်မှာ တိုးတက်ပြောင်းလဲမှုတွေ အများကြီးဖြစ်နေပြီး၊ မြန်မာနိုင်ငံမှာတော့ စိန်ခေါ်မှုတွေ ရှိနေဆဲပဲလို့ ဒီကနေ့ တောင်ကိုရီးယားနိုင်ငံကို ရောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီးက ခရီးရောက်မဆိုက်မှာပဲ ဗွီအိုအေမြန်မာပိုင်းကို ပြောဆိုခဲ့ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေဖြစ်တဲ့ ကိုကိုကြီးနဲ့ ကိုမင်းကိုနိုင် ဟာ တောင်ကိုရီးယားခရီးစဉ်အပြင် အမေရိကန်ပြည်ထောင်စုကိုပါ ခရီးဆက်ကြမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။
RFA News, 18May 2013 —- ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ နဲ့ ကေအိုင်အို ကချင်လက်နက်ကိုင်အဖွဲ့တို့ လာမယ့် မေလ ၂၈ ရက်နေ့ ကျရင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးဖို့ နှစ်ဖက် သဘောတူညီ လိုက်ပြီလို့ သိရပါတယ်။
RFA News, 18May 2013 —- တရုတ်နိုင်ငံအနေနဲ့ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် ဓါတ်အားထုတ်လုပ်ရေး စီမံကိန်းကို ပြန်လည်အကောင် အထည်ဖော်ဖို့ ဆန္ဒရှိနေကြောင်း တရုတ်အာဏာ ပိုင်တွေဘက်က ထုတ်ဖော်ပြောဆိုတယ်လို့ ဒီကနေ့ တရုတ်နိုင်ငံက ပြန်လည်ရောက်ရှိလာတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က RFA ကို ပြောပါတယ်။
RFA News, 18May 2013 — မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက်ဖော်ဆောင်နေတာကို အားပေးတဲ့အနေနဲ့ ၂၀၁၄ ဘဏ္ဍာနှစ်အတွက် အမေရိကန်ပြည်ထောင်စုက အကူအညီ အမေရိကန်ဒေါ်လာ ၇၅ သန်း ၄ သိန်း ပေးဖို့ အဆိုပြုလိုက်တယ်လို့ အိန္ဒိယ PTI သတင်းဌာနက ဒီကနေ့ဖော်ပြပါတယ်။
VOA News, 18May 2013 — နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ မကြာသေးခင် မိနစ်ပိုင်းကပဲ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီ မြို့တော်ကို ဆိုက်ရောက်လာပြီ ဖြစ်ပါ တယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့အတူ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထဲရေးဝန်ကြီး ဦးကိုကို၊ ၀န်ကြီး ဦးဝင်းရှိန် အပါအ၀င် အဆင်မြင့်အရာရှိတွေ လိုက်ပါလာကြပါတယ်။
BBC News, 18May 2013 —- သမ္မတ ဦးသိန်းစိန်ရဲ့ ဒီခရီးစဉ်ဟာ အမေရိကန် မြန်မာ ဆက်ဆံရေးရဲ့ အရေးကြီးတဲ့ အချိုး အကွေ့ တခု ဆိုတာ သံသယ ရှိစရာ မလိုပါဘူး။