ချင်းမိုင်(မဇ္စျိမ) . ၂၁ရက်နေ့ မေလ ၂၀၁၃ —- မြစ်ကြီးနားမြို့၌ မေလ ၂၈ ရက်နေ့တွင် ကျင်းပရန်ရှိသည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ ဆွေးနွေးပွဲသို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား တက်ရောက်မည် ဖြစ်ကြောင်း ကချင်အကျိုးဆောင် ဦးဆန်အောင်က ပြောသည်။
KNG News, 21May 2013 — အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)တို့ လာမည့် မြစ်ကြီးနားမြို့ တွေ့ဆုံဆွေးနွေးပွဲတွင် လေ့လာသူအဖြစ် US နှင့် UK အစား တိုင်းရင်းသားလက်နက်ကိုင် ၉ ဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန် (မဇ္ဈိမ) . ၂၁ရက်နေ့ မေလ ၂၀၁၃ —- မြန်မာနိုင်ငံအပေါ် EU က စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းလိုက်ပြီဖြစ်ခြင်းကြောင့် လက်ရှိအချိန်တွင် အာရှ ဈေးကွကိုသာ အားထားနေရသည့် မြန်မာနှမ်းမျိုးစုံအား ဥရောပနိုင်ငံများသို့ တိုးချဲ့ တင်ပို့ သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်း ဒုတိယ ဥက္ကဌ ဦးစိုင်းဘဥာဏ် က မဇ္ဈိမသို့ ပြောသည်။
DVB News, 21May 2013 — အခုရက်ပိုင်းအတွင်း ပြည်တွင်းမှာ အမေရိကန်ဒေါ်လာဈေး တရိပ်ရိပ် တက်လာတာ ဒီနေ့ဆို တဒေါ်လာ ကျပ် ၉၄၀ လောက်ထိရှိတယ်လို့ သိရပါတယ်။ ဒေါ်လာဈေးတက်လာတာဟာ ဈေးကွက်ထဲ ဝယ်လိုအားများတာကြောင့်လို့ ဆိုသူတွေရှိသလို ကမ္ဘာမှာ ဒေါ်လာဈေးမြင့်နေတာကြောင့်လို့ ဆိုသူတွေလည်း ရှိပါတယ်။
DVB News, 21May 2013 —- မြန်မာ့ရွှေဈေးဟာ ကမ္ဘာ့ရွှေပေါက်ဈေးထက် မြင့်တက်နေတဲ့အတွက် ပြည်တွင်း ဈေးကွက်မှာ အရောင်းအ၀ယ်အေးနေပါတယ်။
DVB News, 21May 2013 —- မန္တလေးတိုင်း မိထ္တီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအတွင်း ဗုဒ္ဓဘာသာ ဘုန်းကြီး ဦးသောဘိတ သေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး တရားစွဲဆိုခံထားရသူ ၇ ဦးကို ဒီကနေ့ မိတ္ထိလာမြို့နယ်နဲ့ ခရိုင်တရားရုံး ၂ ခုမှာ အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
RFA News, 21May 2013 —- အမေရိကန် သမ္မတ အိုဘားမားဟာ မြန်မာသမ္မတ ဦးသိန်းစိန်ကို ဝါရှင်တန်ဒီစီ သမ္မတ အိမ်ဖြူတော်မှာ တနင်္လာနေ့ မွန်းလွဲပိုင်းက ကြိုဆိုတွေ့ဆုံခဲ့ပါတယ်။
DVB News, 21May 2013 —- မိထ္ထီလာမှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ရတာဟာ အုပ်ချုပ်ရေးပိုင်းမှာ အားနည်းချက်တွေ ရှိနေတာကြောင့်လို့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပြောကြားလိုက်ပါတယ်။ မေ ၂၁ ရက်မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေးမှာ ပြောကြား လိုက်တာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတရဲ့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) အရေးပေါ်အခြေအနေ ကြေညာခြင်းကို အတည်ပြုပေးဖို့ လွှတ်တော်အမတ်တွေ ဆွေးနွေးကြရာမှာ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့တာလို့ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်က ပြောပါတယ်။ “အရေးပေါ်အခြေအနေ ကြေညာတယ်ဆိုတာကိုက အုပ်ချုပ်ရေးပိုင်းက အခြေအနေတခုကို မထိန်းသိမ်းနိုင်လို့ ဖြစ်ရတာ။ ဘာကြောင့် မထိန်းသိမ်းနိုင်လဲဆိုတာလည်း ပွင့်လင်းမြင်သာမှုမရှိတော့ မသိရဘူး။ အရေးပေါ်အခြေအနေမှာလည်း တရားစီရင်ရေးမဏ္ဍိုင်နဲ့ လုပ်ပိုင်ခွင့်ကို မကျင့်သုံးခဲ့တာ ရှိတယ်။ [...]
BBC News, 21May 2013 —- အမေရိကန် ပြည်ထောင်စု အိုကလာ ဟိုးမား မြို့မှာ အင်အား ပြင်းထန်တဲ့ လေဆင်နှာမောင်း တိုက်ခတ် သွားခဲ့ပါတယ်။
BBC News, 20May 2013 —- အီရတ် နိုင်ငံ ဘဂ္ဂဒက် မြို့တော်နဲ့ ဘာစရာ မြို့တို့မှာ ကားဗုံးခွဲ တိုက်ခိုက်မှု အများ အပြား ဖြစ်ပွား ခဲ့တာကြောင့် လူ ၅၀ ကျော် သေဆုံး သွားပြီး၊ တခြား လူ ၂၀ဝ ဒဏ်ရာ ရရှိသွားကြပါတယ်။
BBC News, 20May 2013 —- အပူချိန် ၁၁၅ ဒီဂရီ ဖာရင်ဟိုက် ရှိနေတဲ့ ဒေလီမြို့မှာ တရုတ် ဝန်ကြီးချုပ် လီကွတ်ချန်ကို အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန် ဆင်းက အပြုံး ပန်း တွေ ဝေဝေ ဆာဆာနဲ့ ကြိုဆိုခဲ့ ပေမယ့် အာရှ အင်အားကြီး နိုင်ငံ တွေ ဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံ အကြား တင်းမာမှု မီးတောက် တွေက တငွေ့ငွေ့နဲ့ ဆက်လောင် နေဦးမယ့် ပုံရှိနေ ပါတယ်။
BBC News, 21May 2013 —- အမေရိကန် သမ္မတ အိုဘားမားဟာ လာမယ့် လကျရင် ကယ်လီဖိုးနီးယားမှာ တရုတ် ခေါင်းဆောင်သစ် Xi Jinping ကို လက်ခံ တွေ့ဆုံ လိမ့်မယ်လို့ အိမ်ဖြူတော်က ထုတ်ပြန် ကြေညာလိုက်ပါတယ်။
BBC News, 20May 2013 —- မီဒီယာ ဥပဒေ မှာ ထည့်သွင်း သင့်တဲ့ အချက် တွေနဲ့ ပတ်သက်ပြီး အစိုးရနဲ့ သတင်း သမားတွေ ကြားမှာ အကြိတ် အနယ် ညှိနှိုင်း ဆွေးနွေး နေကြချိန် မှာပဲ မြန်မာ နိုင်ငံရဲ့ မီဒီယာဖွံ့ဖြိုးရေး ဆိုင်ရာ ဒုတိယအကြိမ် ညီလာခံကို တနင်္လာ နေ့က စတင် ဖွင့်လှစ်ခဲ့ ပါတယ်။
RFA News, 20May 2013 — ပြီးခဲ့တဲ့ ရက်ပိုင်းက ပိုင်နက်ကျူးလွန်မှုနဲ့ ဖမ်းဆီးခံရတဲ့ တော်ဝင်သစ်အချောထည်စက်ရုံက အလုပ်သမား ၁၂ ဦး အမြန်ဆုံးလွတ်မြောက်နိုင်ဖို့အတွက် အဖမ်းခံထားရသူတွေရဲ့ မိဘတွေနဲ့ စက်ရုံအလုပ်သမားတချို့က ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) ရုံးမှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
RFA News, 20May 2013 —- ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုဇုန် ၄ မှာ ရှိတဲ့ ဝမ်ဟောင်ဟန်း အထည်ချုပ်စက်ရုံက အလုပ်သမား ၆၀၀ ကျော်ဟာ လုပ်ခလစာ တိုးပေးဖို့အတွက် ၅ ရက်မြောက်နေ့အဖြစ် ဒီကနေ့မှာ ဆက်လက်ဆန္ဒပြတောင်းဆိုနေပါတယ်။
VOA News, 20May 2013 —- လက်နက်ကိုင် တော်လှန်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများတပ်ဦး ကျောင်းသားတပ်မတော် (ABSDF) နဲ့ မြန်မာအစိုးရတို့ကြား ငြိမ်းချမ်းရေးအတွက် ဆက်လက် ဆွေးနွေးသွားဖို့ သဘောတူခဲ့ကြပါတယ်။ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ရန်ကုန်မြို့မှာ တနင်္လာနေ့က တွေ့ဆုံမှုအတွင်း ပြောဆိုခဲ့ကြတာပါ။ အပြည်အစုံကိုတော့ ဒီကနေ့ မြန်မာငြိမ်းချမ်းရေး စင်တာကတွေ့ဆုံပွဲအပြီး ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြပေးမှာဖြစ်ပါတယ်။
RFA News, 20May 2013 —- တရုတ်နိုင်ငံ၊ ယူနန်ပြည်အစိုးရအဖွဲ့က သုတေသနပညာရှင်အဖွဲ့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ ဒီကနေ့မနက်ပိုင်းက နိုင်ငံရေး၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
RFA News, 20May 2013 —- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Li Junhua ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းကို မနေ့က နေ့လည်ပိုင်းမှာ လာရောက်လေ့လာပြီး ဒေသခံတွေ နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
BBC News, 21May 2013 —– မြန်မာ ဘင်္ဂ္လားဒေ့ရှ် နယ်စပ်မှာ ရှိတဲ့ ရခိုင်ပြည်နယ် မောင်းတော ခရိုင်မှာ ဘင်္ဂါလီ ( အစိုးရအခေါ် )လူမျိုးတွေ တစ်အိမ်ထောင် ၂ယောက်နှုန်းဘဲ ကလေးမွေးရမယ်လို့ ပြီးခဲ့တဲ ရက်ပိုင်းကဘဲ ဒေသန္တရ အမိန့် ထုတ်ပြန်လိုက်တယ်လို့ ရခိုင် ပြည်နယ် အစိုးရက ပြောပါတယ်။
VOA News, 21May 2013 —- ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့ အဓိကရုဏ်းအတွင်း အစ္စလာမ်ဘော်ဒါဆောင်ကျောင်း တစ်ကျောင်း မီးရှို့ခံခဲ့ရမှုကြောင့် ဆရာ၊ ဆရာမတွေ အပါအ၀င် ကလေးငယ် စုစုပေါင်း ၂၄ ယောက် သေဆုံးခဲ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာရှိတဲ့ Physicians for Human Rights လူ့အခွင့်အရေးအဖွဲ့ကြီးက အစီရင်ခံတစ်စောင် ထုတ်ပြန်လိုက်ပြီး ဒါကို အသေးစိတ် စုံစမ်းစစ်ဆေးပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို မမေစန္ဒီက တင်ပြထားပါတယ်။
VOA News, 21May 2013 —- ကမ္ဘာ့နိုင်ငံအရပ်ရပ်မှာ ပြီးခဲ့တဲ့နှစ်အတွင်း ဘာသာရေး လွတ်လပ်ခွင့်ဟာ စိန်ခေါ်အကဲစမ်း ခံခဲ့ရတယ်လို့ အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်ပြောဆိုပါတယ်။ အစိုးရတွေကြောင့် သည်းခံနားလည်မှုမရှိတဲ့ ပတ်ဝန်းကျင် အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပြီး၊ အဲ့ဒီကနေ အမုန်းတရားတွေ၊ အကြမ်းဖက်မှုတွေ ပေါ်ပေါက်စေခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်တာပါ။ မြန်မာနိုင်ငံကဆိုရင်လည်း ဘာသာရေး လွတ်လပ်ခွင့်အရ စိုးရိမ်ရတဲ့ နိုင်ငံစာရင်းထဲမှာပဲ အမေရိကန်ပြည်ထောင်စုက ထည့်သွင်းထားပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ကိုသားညွန့်ဦး က တင်ပြထားပါတယ်။
RFA News, 20May 2013 —- တောင်သူလယ်သမားများ အကျိုးစီးပွား ကာကွယ်မြှင့်တင်ရေးနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းရေးဆွဲရေးကော်မတီတို့ ဒီကနေ့ နေ့လည်က နေပြည်တော်မှာ အစည်းအဝေးကျင်းပခဲ့ကြပါတယ်။
VOA News, 21May 2013 —- မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ် တည်ဆောက်နိုင်ဖို့ သူ့အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန် ပြည်ထောင်စုမှာ ရောက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်း၊ အထူးသဖြင့် အမေရိကန်လို နိုင်ငံကြီးတွေက ကူညီပံ့ပိုးဖို့လည်း သမ္မတ ဦးသိန်းစိန်က မနေ့က ၀ါရှင်တန်ဒီစီမြို့တော် Johns Hopkins တက္ကသိုလ်၊ နိုင်ငံတကာ လေ့လာရေးဌာနမှာ မိန့်ခွန်းပြောကြားရင်း တိုက်တွန်း ပြောသွားခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ သမ္မတ ဦးသိန်းစိန်ရဲ့ ဆွေးနွေးပွဲကို ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။
VOA News, 21May 2013 —- အမေရိကန် ပြည်ထောင်စုကို နှစ်ပေါင်း ၅၀ နီးပါးအတွင်း ပထမဆုံး တရားဝင်ခရီးစဉ်အဖြစ် စနေနေ့က ရောက်လာခဲ့တဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ မနေ့က တနင်္လာနေ့မှာတော့ အမေရိကန်သမ္မတ အိုဘားမားနဲ့ သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီလို တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ လူ့အခွင့်အရေးအပြင် တိုင်းရင်းသား ပဋိပက္ခနဲ့ ဘာသာရေး တင်းမာမှု ပြဿနာတွေကို ဖြေရှင်းဖို့ အရေးကြီးတဲ့အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲအပြီး သမ္မတ အိမ်ဖြူတော်မှာ သမ္မတနှစ်ဦးတို့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲကိုလည်း ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကိုတော့ အခုပဲ နားဆင်ကြည့်ကြရအောင်ပါ။
BBC News, 21May 2013 —- နှစ်ပေါင်း ငါးဆယ် နီးပါး အတွင်း မြန်မာ နိုင်ငံ အကြီးအကဲ တယောက်ရဲ့ ပထမဆုံး သမိုင်းဝင် အဖြစ် သမ္မတ ဦးသိန်းစိန်ဟာ တနင်္လာနေ့ မွန်းလွဲပိုင်းမှာ အမေရိကန် သမ္မတ အိုဘားမားကို အိမ်ဖြူတော်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။
VOA News, 21May 2013 —- သမ္မတ ဦးသိန်းစိန်ဟာ မနေ့တုန်းက သမ္မတ အိုဘားမားနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ်မှာပဲ အမေရိကန် နိုင်ငံခြားရေး ဌာနကနေ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ အကူအညီတွေပေး ဆောင်ရွက်နေတဲ့ကိစ္စကို ကြေညာချက်တစ်ရပ် ထုတ်ပြန်ပါတယ်။
Arakan Times , 20May 2013 —- ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(AHRDO)က ရခိုင့်လူမှုအရေးအရာမှန်သမျှတွင် ရခိုင်ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ဆောင်ရွက်သွားမည်ဟု အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦးက ဆိုသည်။
သျှမ်းသံတော်ဆင့်သတင်းဌာန. ၂၀ရက်နေ့ မေလ ၂၀၁၃ — အချိုးကျ ကိုယ်စားလှယ် (Proportional Representation) PR စနစ် သည် လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေ မြန်မာ့တိုင်းရင်းသားလူထုအခြေအနေနှင့် မသင့်လျော်သေး ဟု ကျားဖြူပါတီ ဉက္ကဌ ဦးစိုင်း အိုက်ပေါင်းက ပြောပါသည်။
ရွှေဟင်္သာသတင်းဌာန. ၂၀ရက်နေ့ မေလ ၂၀၁၃ —- ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နှင့်အစိုးရ တပ်ဖွဲ့တို့ ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ် မိုးပြင်း ကျေးရွာ အုပ်စု ကြည်တော် ကျေးရွာ အနီးတွင် ပြီးခဲ့သည့် မေလ (၁၇) ရက်နေ့ မနက်ပိုင်း၌ ပြင်းထန်စွာ ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု RCSS ၏ ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။
သျှမ်းသံတော်ဆင့်သတင်းဌာန. ၂၀ရက်နေ့ မေလ ၂၀၁၃ —- ပြီးခဲ့သည့် သောကြာနေ့က သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် နမ့်ခုတ်အုပ်စုအတွင်း၌ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မတော်နှင့် မြန်မာအစိုးရစစ်တပ်တို့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွါးရာ ၂ ဘက်အကျအရှုံးရှိခဲ့ကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။
ရွှေဟင်္သာသတင်းဌာန. ၂၀ရက်နေ့ မေလ ၂၀၁၃ —- အစိုးရ တပ်ဖွဲ့များသည် ကချင် လွတ်လပ်ရေး KIO/KIA အဖွဲ့အပေါ် တင်းကြပ်သော လုံခြုံရေးများနှင့် တပ်ဖွဲ့များ တိုးချဲ့ ချထား လာနေသဖြင့် သဘော တူထားသည့် တွေ့ဆုံဆွေးနွေးပွဲကို ထိခိုက် သွားဖွယ်ရာ ရှိနေကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တဦးက ဆိုပါသည်။
ချင်းမိုင်(မဇ္စျိမ) . ၂၀ရက်နေ့ မေလ ၂၀၁၃ —- ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် လာမည့် မေလ ၂၈ ရက်နေ့ မြစ်ကြီးနားမြို့တွင် တွေ့ဆုံမည့်ပွဲသို့ အစိုးရ နိုင်ငံတကာ လေ့လာသူများကို ဖိတ်ခေါ်ခြင်းမရှိကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ သတင်းရရှိသည်။
RFA News, 20May 2013 — မိတ္ထီလာ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတက အရေးပေါ်အခြေအနေ ကြေညာထားတာ ရက်ပေါင်း ၆၀ ပြည့်တာကြောင့် အခြေခံ ဥပဒေပြဌာန်းချက်အရ ဒီကိစ္စကို ဆွေးနွေးဖို့ ဒီနေ့မှာ ပြည်ထောင်စု လွှတ်တော်အရေးပေါ် အစည်းအဝေးကို စတင်ခဲ့ပါတယ်။
မဇ္ဈိမသတင်းဌာန . ၂၀ရက်နေ့ မေလ ၂၀၁၃ — ဖွဲ့စည်းပုံ အခြေခံဥပဒေကို သော့ခတ်မထားဘဲ ပြင်ဆင်လိုက ပြင်ဆင်နိုင်သည်ဟု အမေရိကန် ပြည်ထောင်စု ရောက် သမ္မတ ဦးသိန်းစိန်က ဝါရှင်တန်မြို့ အခြေစိုက် အမေရိကန်အသံ (မြန်မာပိုင်း)မှ ဦးဆောင်ပြုလုပ် သော မြန်မာများနှင့် တွေ့ဆုံရာတွင် ပြောဆိုလိုက်သည်။
VOA News, 20May 2013 — (မျက်မှောက်ရေးရာ/ဒီမိုကရေစီရေးရာ) ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ အမေရိကန်ပြည်ထောင်စုကို နှစ်နိုင်ငံဆက်ဆံရေးအတွက် ရောက်ရှိလာမယ့် မြန်မာသမ္မတ ဦးသိန်းစိန် ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးအကျဉ်းသားဟောင်း၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် နဲ့ အမေရိကန်နိုင်ငံမှာ မြန်မာ့အရေးဆောင်ရွက်နေသူ ဦးအောင်ဒင် ကို ဦးသိန်းထိုက်ဦး က တွေ့ဆုံမေးမြန်းထားပါတယ်။