VOA News, 23 November 2012 —- ဖခင်ဖြစ်သူ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်း ခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဒီနေ့ချိန် အထိ မတည်ဆောက်နိုင်သေးတဲ့ အပေါ်မှာ စိတ်မကောင်း ဖြစ်ရတယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။ မနေ့က လွှတ်တော် ပုံမှန် စည်းဝေးပွဲတွေ အပြီး တိုင်းရင်းသားနိုင်ငံရေးပါတီတွေက လွှတ်တော်အမတ်တွေကို ဖိတ်ကြား ဧည့်ခံခဲ့တဲ့ ညစာစားပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့တာပါ။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
RFA News, 23 November 2012 — တိုင်းပြည်စီးပွားရေး ကောင်းလာရုံတခုတည်းနဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားရေးရာ အခွင့်အရေးတွေကို အလိုအလျောက် ဖြေရှင်းသွားနိုင်မှာ မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောလိုက်ပါတယ်။
Messenger News Journal, 23 November 2012 —- ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ်တာဝန်ယူထားသော တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီမှ ယနေ့လွှတ်တော်အစည်းအဝေးတွင် ကြားဖြတ်အစီရင်ခံစာကိုတင်သွင်းခဲ့ပြီး ယင်းအစီရင်ခံစာထဲတွင် တရားသူကြီးများကို အုပ်ချုပ်ရေးပိုင်းမှ သြဇာလွှမ်းမိုးမှုရှိနေကြောင်းဖော်ပြထားပါသည်။
RFA News, 23 November 2012 —- စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး တောင်းဆိုနေကြတဲ့ ဒေသခံတွေဟာ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ သပိတ်စခန်း ၆ခုအထိ တိုးချဲ့ဖွင့်လှစ်လိုက်ပြီး စီမံကိန်းအပြီးတိုင် ရပ်ဆိုင်းရေးအတွက် ဆက်ပြီးတိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ပြောပါတယ်။
VOA News, 23 November 2012 —- လက်ပန်းတောင်ဒေသခံတွေ ဆန္ဒပြနေတာ လအတန်ကြာလာပြီဖြစ်တဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆိုနေတဲ့ကိစ္စကို ကွင်းဆင်း စစ်ဆေးပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်တဦး ပြည်သူ့လွှတ်တော်ထဲမှာ တင်သွင်းခဲ့တဲ့ အရေးတကြီး အဆိုတရပ်ကို ပြည်သူ့လွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။ အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ဆက်ပြောပြပေးပါမယ်။
နယူးဒေလီ (မဇ္ဈိမ) .၂၃ရက်နေ့ နိုဝင်ဘာ ၂၀၁၂ — ရခိုင်ပြည်နယ်ရှိ အိုးအိမ်အဲ့ ဒုက္ခသည်များအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ ယာယီတဲများ သည်ဆောင်လာသည့် ပထမ လေယာဉ်သည် ဒူဘိုင်းမြို့မှ သောကြာနေ့ နံနက်တွင် ထွက်ခွါလာပြီ ဖြစ်သည်။
DVB News, 23 November 2012 —- ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) နဲ့ အစိုးရတပ်ကြား ပြီးခဲ့တဲ့လတွေက တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသကနေ အစိုးရစစ်ကြောင်းတချို့ ပြန်လည် ထွက်ခွာသွားကြပီလို့ ဒီဗွီဘီက စုံစမ်းသိရပါတယ်။
DVB News, 23 November 2012 —- ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ချပ်ကြီးဘူတာနားမှာ အမှတ် ၈၀၇ ဆီတင်ရထား တိမ်းမှောက်ခဲ့ပြီး လောင်စာဆီတွေ အနားက လယ်ကွင်းထဲ စီးဝင်သွားခဲ့ပါတယ်။ နောက်ပိုင်း အဲဒီ လယ်ကွင်းထဲရောက်သွားတဲ့ လောင်စာဆီတွေကို အနီးအနား ကျေးရွာက ရွာသူရွာသားတွေ လာရောက်ခပ်ယူရာကနေ မီးလောင်မှုဖြစ်ပြီး လူ ၂၅ ယောက် အခင်းဖြစ်တဲ့နေရာမှာတင် သေဆုံးခဲ့ပါတယ်။ လူ ၈၀ ကျော် ဒဏ်ရာရပြီး ကန့်ဘလူ ကုတင် ၁၀ဝ ဆေးရုံးမှာ တက်ရောက်ကုသခဲ့ရတဲ့ ကြေကွဲစရာ ဖြစ်ရပ်ဆိုးကြီး ဖြစ်ပွားခဲ့ပါတယ်။
သျှမ်းသံတော်ဆင့်သတင်းဌာန. ၂၃ရက်နေ့ နိုဝင်ဘာ ၂၀၁၂ — လာမည့်တနင်္လာနေ့မှစ၍ ‘ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း’ ညီလာခံတရပ်အားသျှမ်းတိုင်း ရင်းသားများသီးသန့်တွေ့ဆုံကာ သုံးရက်ဆက်တိုက် ဆွေးနွေးဖလှယ် ကြမည်ဟုသိရှိရပါသည်။
သျှမ်းသံတော်ဆင့်သတင်းဌာန. ၂၃ရက်နေ့ နိုဝင်ဘာ ၂၀၁၂ — သျှမ်းပြည်မြောက်ပိုင်းလေးမြို့နယ်အတွင်းရှိ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်စစ်ကြောင်း များ၊ ယာယီတပ်စခန်းများအား အစိုးရတပ်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သျှမ်းပြည်တပ်မတော်အသိုင်း အဝိုင်းကပြောပါသည်။
ပညာရေးပါမောက္ခမဂ္ဂဇင်း . ၂၃ရက်နေ့ နိုဝင်ဘာ ၂၀၁၂ —(သူ့အမြင်) ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့၊ နံနက် ၈ နာရီ ၂၅ မိနစ်တွင် မြန်မာ့အသံမှ ကရင်ပိုင်း အစီအစဉ်ကို ထုတ်လွှင့်နေစဉ်၊ အစီအစဉ်ကို ရုတ်တရက် ရပ်ပြီး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းက နိုင်ငံတော် အာဏာကို ဗမာ့ တပ်မတော်မှ တာဝန်ယူစောင့်ရှောက်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။
ရွှေဟင်္သာသတင်းဌာန. ၂၃ရက်နေ့ နိုဝင်ဘာ ၂၀၁၂ —- ၁၉၆၂ ခုနှစ်တွင် နိုင်ငံ့အာဏာကို သိမ်းပိုက်ခဲ့သော မြန်မာစစ်တပ်သို့ ဆယ်ကျော်သက် အရွယ်ကပင် စတင် ဝင်ရောက် တာဝန် ထမ်းဆောင်ခဲ့သူ အသက် ၅၉ နှစ်အရွယ်ရှိ ဒုတိယ ကာကွယ်ရေးဝန်ကြီး၊ ဗိုလ်မှူးချုပ် အောင်သော်က Reuters သတင်းဌာနနှင့် နှစ်နာရီကြာ ဆုံတွေ့ခဲ့သော တွေ့ဆုံခန်း တစ်ရပ်၌ အခြေမခိုင် သေးသော ဒီမိုကရက်တစ် ပြုပြင်ပြောင်း လဲမှု ခေတ်သစ်တွင် မြန်မာစစ်တပ်က သြဇာကြီးမားသော အခန်း ကဏ္ဍကို ဆက်လက် ထိန်းသိမ်းကိုင်စွဲ ထားရသည့် အကြောင်းရင်းကို ရှင်းလင်းပြောကြား သွားခဲ့သည်။
စံခလပူရီ (မဇ္ဈိမ) . ၂၃ရက်နေ့ နိုဝင်ဘာ ၂၀၁၂ — နေပြည်တော်သို့ လမ်းလျှောက်ချီတက်နေကြသည့် မိုးထိမိုးမိ ရွှေလုပ်သားများအား တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူး၏ မေတ္တာရပ်ခံချက်အတိုင်း မြို့လှမြို့အရောက်တွင် သုံးရက်ကြာ ရပ်နားပေးခဲ့သော်လည်း ပြန်လည်ချီတက်သည့် သောကြာနေ့တွင်ပင် ခေါင်းဆောင်များ ရိုက်နှက် ဖမ်းဆီးခံလိုက်ရကြောင်း ရွှေလုပ်သားများ က ပြောသည်။
Popular News Journal, 23 November 2012 — နေပြည်တော်၊ နိုဝင်ဘာ ၂၃ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် စံပယ်တောင် တောင်ဖက် ကြေးစင်တောင်စီမံကိန်းတို့၏ လူမှုပတ်ဝန်းကျင်အပေါ်အကျိုးသက်ရောက်မှု၊သဘာဝပတ်ဝန်းကျင်အပေါ်အကျိုးသက်ရောက်မှုနှင့်
RFA News, 23 November 2012 — စစ်ကိုင်းရွာသစ်ကြီး တိုင်းရင်းသား ဖွံ့ဖြိုးရေး တက္ကသိုလ်ကို ပြောင်းရွှေ့ လိုက်ရတဲ့ ကျောင်းသား ၄၀၀ကျော်လောက်ဟာ မန္တလေး ကို ပြန်လည်ပြောင်းရွှေ့ပေးဖို့ စစ်ကိုင်းကနေ မန္တလေးကို မနေ့ညက ချီတက်ဆန္ဒပြကြပါတယ်။
နယူးဒေလီ (မဇ္ဈိမ) .၂၃ရက်နေ့ နိုဝင်ဘာ ၂၀၁၂ —- မြန်မာနိုင်ငံအား အင်္ဂလိပ်လို ခေါ်ဝေါ်ရာတွင် Myanmar အစား Burma ဟုသာ ဆက်လက် ခေါ်ဝေါ်သုံးစွဲသွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော် ပြောဆိုလိုက်သည်။
RFA News, 23 November 2012 —- အမေရိကန်ပြည်ထောင်စုအပါအဝင် တခြားနိုင်ငံတွေက မြန်မာနိုင်ငံနဲ့ နီးနီးကပ်ကပ်ဆက်ဆံဖို့ ကြိုးစားလာတာဟာ မြန်မာနိုင်ငံပေါ် နှစ်ပေါင်းများစွာ စိန်ခေါ်သူမရှိ သြဇာလွှမ်းမိုးလာတဲ့ တရုတ်နိုင်ငံကို ခြိမ်းခြောက်ရာရောက်နေတယ်လို့ ပညာရှင်တွေက ရှုမြင်ကြပါတယ်။
Moe MaKa News, 23 November 2012 —- ပင်စင်လစာငွေတွေကိုSmart card ဖြင့်ထုတ်ရမည်တဲ့။ ‘’ဓာတ်ဆီထုတ်သည့် Smart card သည် ကျပ် ၅၀၀ ပေးရသော် လည်း သူတို့၏ Smart Card သည် ၃၀၀၀ ပေးရမည်ဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံးတွင် နိုင်ငံ့ဝန်ထမ်း ပင်စင်စားဦးရေ ၈ သိန်းကျော်နှင့် နိုင်ငံရေးပင်စင်စား ဦးရေ ၄၀၀၀၀ ခန့် ရှိကြောင်းသိရပါတယ်။
Burma Vj Media Group, 22 November 2012 —- ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်က အင်းလို့သက်မှတ်ထားတဲ့ ဦးမှုံပိုင် ကညွတ်အိုင်ကြောင့် သဲကုန်းကျေးရွာ အုပ်စု ၊ ကံကလေး ကျေးရွာအုပ်စု နဲ့ ဆိပ်ဖူးနီကျေးရွာ အုပ်စုက လယ်သမား တွေ နဲ့ ရေလုပ်သားတွေ အခက်တွေ့နေကြတယ်လို့သိရပါတယ်။
Myitmakha Media Group, 23 November 2012 — ရန်ကုန်တိုင်းဒေသကြီး၊ မြို့တော်ခန်းမရှေ့၌ နိုဝင်ဘာလ(၂၂)ရက်နေ့ကတစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သူ အား ကျောက်တံတား ရဲစခန်းမှလာရောက်ခေါ်ဆောင်သွားခဲ့၍ တရားစွဲဆိုရန် အစီအစဉ်ရှိကြောင်းနှင့် အမှုအားတိုင်းရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
Moe MaKa , 23 November 2012 — ပုပ္ပါးတောင်သည် နတ်တို့ပျော်စံရာနတ်တောင်။ မြန်မာ့အနုစာပေစတင်ဖွဲ့စပ်ရာ ကဗျာတောင်။ ပရဆေးမျိုးစုံပေါက်ရောက်ရာ ဆေးတောင်။ ရှားပါးမျောက်မျိုးစိတ်နှင့် အခြားတိရစ္ဆာန်တို့ပေါက်ဖွားပျော်မြူးရာ သားပျော်တောင်၊ ကျေးပျော်တောင်။ မြန်မာ့ကိုးကွယ်ယုံကြည်မှုတို့ မြစ်ဖျားခံရာ အမြင့်တောင်။ အခေါင်တောင်။
BBC News, 23 November 2012 — ဘီဘီစီ ညွှန်ကြားရေးမှူး ချုပ် အသစ် အဖြစ် ၂ဝဝ၁ ခုနှစ်ထိ ဘီဘီစီ သတင်း ဌာန အကြီးအကဲဟောင်း လုပ်ခဲ့တဲ့ တိုနီဟောကို ခန့်အပ် လိုက်ပါတယ်။
VOA News, 22 November 2012 — တရုတ်နိုင်ငံကူး လက်မှတ် အသစ်ပေါ်မှာ တွေ့ရတဲ့ မြေပုံထဲမှာ တောင်တရုတ် ပင်လယ်ပြင်ဒေသ တခုလုံးကို တရုတ် ပိုင်နက်အဖြစ်နဲ့ ဖော်ပြထားတဲ့ အတွက် ဖိလစ်ပိုင်နိုင်ငံက ကန့်ကွက် လိုက်ပါတယ်။ ဒီပိုင်နက်ဖော်ပြချက်ထဲမှာ ဖိလစ်ပိုင်နိုင်ငံရဲ့ ရေနဲ့ မြေပိုင်နက်တချို့ပါ ပါဝင်နေတယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Albert del Rosario က ကြာသပတေးနေ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
VOA News, 22 November 2012 — ဆီးရီးယားနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တူရကီဘက်အခြမ်းမှာ Patriot ဒုံးခွင်းဒုံးတွေ မချဖို့ နေတိုးအဖွဲ့ကို ရုရှားက သတိပေးလိုက်ပါတယ်။ အဲဒီ ဒုန်းကျည်တွေချထားဖို့ အနောက်အုပ်စု မဟာမိတ်တပ်ဖွဲ့အပေါ် တူရကီရဲ့ တောင်းဆိုမှုဟာ ဒေသတွင်း တည်ငြိမ်ရေးကို အထောက်အကူ ဖြစ်စေမှာ မဟုတ်ဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Alexander Lukashevich က ကြာသပတေးနေ့မှာ သတိပေး ပြောလိုက်တာပါ။ ဆီးရီးယားနိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်က မိုင် ၅၆၀ လောက်ရှည်လျားတဲ့ တူရကီ နယ်စပ်ကို ကူးစက်လာမယ့်အရေးက ဟန့်တားနိုင်အောင် ဒုံးကျည်တွေ ချထားဖို့ တူရကီရဲ့တောင်းဆိုမှုကို နေတိုးတပ်ဖွဲ့က တူရကီအရာရှိတွေနဲ့ အရင်ဆွေးနွေးခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာတော့ နေတိုးအရာရှိတွေ ဒီကိစ္စကို ဆွေးနွေးခဲ့ကြတာပါ။ [...]
BBC News, 23 November 2012 — အီဂျစ် သမ္မတ မိုဟာမက် မော်ဆီက သမ္မတ အာဏာ ကို ချဲ့ထွင်တဲ့ အခြေခံ ဥပဒေ ကြေညာချက် အသစ် ထုတ်ပြန် လိုက်ပါတယ်။
BBC News, 22 November 2012 —- အစ္စရေးနဲ့ ဟားမတ်စ် အဖွဲ့တို့ကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ တစ်ပတ်ကျော် ဖြစ်ခဲ့ ပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့ကတော့ အပစ်အခတ် ရပ်စဲဖို့ သဘောတူခဲ့ကြပါတယ်။ ဒါပေမယ့် ဒီသဘောတူချက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ် ဒါမှမဟုတ် လွန်ခဲ့တဲ့ ၂၀ဝ၆ ၊ ၂၀ဝ၈ နဲ့ ၂၀ဝ၉ တွေတုန်းကလို အပြန်အလှန် တိုက်ခိုက်မှုတွေ ထပ်မဖြစ်တော့ပဲ အပစ်ရပ်ရေး ရေရှည်ခံနိုင်ဖို့ အဓိက အရေးကြီး ပါတယ်။ ဒါတင်မက ဂါဇာမှာ နေထိုင်ကြသူ လူပေါင်း တစ်သန်းခွဲကျော်ရဲ့ နေ့စဉ် နေထိုင်မှု ဘဝတွေ တိုးတက် ကောင်းမွန် လာဖို့ ထာဝရ အဖြေ တစ်ရပ် ရဖို့ လိုအပ်တယ် လို့ [...]
VOA News, 22 November 2012 —- အစ္စရေးနဲ့ ဟားမက်စ်တို့ကြား ပြင်းထန်တဲ့ တိုက်ပွဲတွေ ရှစ်ရက်ဆက်တိုက် ဖြစ်ပွားနေရာကနေ ရပ်ဆိုင်းသွားခဲ့တဲ့ ကြာသပတေးနေ့မှာတော့ ထောင်နဲ့ချီတဲ့ ဂါဇာဒေသခံတွေဟာ လမ်းတွေပေါ်ထွက်ပြီး အလံတွေဝှေ့ယမ်းပြီး ပျော်မြူးနေကြသလို အစ္စရေးဘက်ကလည်း တင်းမာမှုတွေ တဖြေးဖြေးလျော့ပါးနေတာ တွေ့ရပါတယ်။
RFA News, 22 November 2012 —- ပြီးခဲ့တဲ့ဇွန်လက ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက အမှု ၅ မှုနဲ့ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ဒေါက်တာထွန်းအောင်(ခေါ်) နုရာဟက်ကို စစ်တွေခရိုင် တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ် ကျခံစေဖို့ မနေ့က အပြီးသတ် အမိန့် ချမှတ်လိုက်ပါတယ်။
RFA News, 22 November 2012 — ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက ဦးဆောင်တဲ့ ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းက ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ အမှတ် (၁)ရပ်ကွက် မိုးကုတ်စက်ဝိုင်းကျောင်းတိုက်မှာ လာရောက်ပြီး အခမဲ့ဆေးကုသပေးနေရာမှာ မဲဆောက်ရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများပါသွားရောက် ဆေးကုသခံယူကြပါတယ်။
RFA News, 22 November 2012 — ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာ စက်မှုဇုန်စီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ကို လှိုင်သာယာမြို့နယ် အတွင်းပဒံ၊ အပြင်ပဒံ စတဲ့ ကျေးရွာတွေက လယ်သမား (၃ဝ) နီးပါးလောက်ဟာ ဒီကနေ့ မနက်ပိုင်းက လသာမြို့နယ်က ဝါဝါဝင်းကုမ္ပဏီရုံးရှေ့ကနေ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း မြို့၊ ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနရှေ့ကို လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
Popular News, 23 November 2012 —- ရန်ကုန်၊ နိုဝင်ဘာ 23 နိုဝင်ဘာ ၁၅ ရက်နေ့က မန္တလေး၌ ကျင်းပခဲ့သည့် ဖုန်းနံပါတ်အပူးအလှ လေလံပွဲတွင် ကျပ် ၄၇ သိန်းဖြင့် ရောင်းချခဲ့သည့် ၀၉-၄၀၄၄၄၄၄၄၄ ဖုန်းကို လေလံအောင်နိုင်သူ လာရောက်ငွေချေခြင်းမရှိသည့်အတွက် ရန်ကုန်တွင် အဆိုပါ ဖုန်းကို ထပ်မံလေလံငတ်ရောင်းချခဲ့ရကြောင်း မြန်မာ့ဆက်သွယ်ရေးမှ သိရသည်။
BBC News, 22 November 2012 —- မုံရွာ တဘက်ကမ်း ဆားလင်းကြီး မြို့နယ် လက်ပံတောင်း ကြေးနီ စီမံကိန်းမှာ ဒေသခံ အင်အား တထောင် ကျော်က စီမံကိန်း လုံးဝ ရပ်ဆိုင်းရေး လှုပ်ရှားမှု တွေကို အရှိန်မြှင့်ပြီး လုပ်ဆောင် လာနေပါတယ်။
BBC News, 23 November 2012 — မန္တလေး ကနေ စစ်ကိုင်း ရွာသစ်ကြီးကို ပြောင်းရွှေ့ခံရတဲ့ တိုင်းရင်းသား ဖွံ့ဖြိုးရေး ကောလိပ် ကျောင်းသား ၆ဝဝ မန္တလေးကို ကြာသပတေး နေ့ညက ချီတက် ဆန္ဒပြ ကြပါတယ်။
BBC News, 22 November 2012 — ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နဲ့ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် တို့ဟာ လာမယ့် ဒီဇင်ဘာလ ကျရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ဖို့ သဘောတူ စီစဉ် နိုင်ခဲ့ ကြပေမယ့် ဆွေးနွေးပွဲ နေရာနဲ့ ပတ်သက်ပြီး အခုချိန်ထိ ညှိနှိုင်းလို့မရ ဖြစ်နေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဖွဲ့စည်းထားတဲ့ UNFC ဟာ မြန်မာ အစိုးနဲ့ နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေးတဲ့ အခါမှာ ကြားနေ နိုင်ငံ ဖြစ်တဲ့ ဂျပန် နိုင်ငံမှာ ပြုလုပ် လိုတယ်လို့ ဝန်ကြီး [...]
VOA News, 22 November 2012 — မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ ရှေ့နှစ်မှာ ၆.၂၅% တိုးတက်လာနိုင်တယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်း ပြောဆိုလိုက်ပါတယ်။ မကြာသေးခင်က စတင်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုတွေနဲ့အတူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ