•ြ်မန်မာသမ္မတ ဦးသိန်းစိန် နဲ့ အမေရိကန်သမ္မတ အိုဘားမားတို့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ် (၂၀ မေ ၂၀၁၃)

    သမ္မတ အိုဘားမားနဲ့ သမ္မတ ဦးသိန်းစိန် အိမ်ဖြူတော်ပူးတွဲ သတင်းစာရှင်းလင်းပွဲ

    Tuesday, May 21, 2013

    VOA News, 21May 2013  —-   အမေရိကန် ပြည်ထောင်စုကို နှစ်ပေါင်း ၅၀ နီးပါးအတွင်း ပထမဆုံး တရားဝင်ခရီးစဉ်အဖြစ် စနေနေ့က ရောက်လာခဲ့တဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ မနေ့က တနင်္လာနေ့မှာတော့ အမေရိကန်သမ္မတ အိုဘားမားနဲ့ သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီလို တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ လူ့အခွင့်အရေးအပြင် တိုင်းရင်းသား ပဋိပက္ခနဲ့ ဘာသာရေး တင်းမာမှု ပြဿနာတွေကို ဖြေရှင်းဖို့ အရေးကြီးတဲ့အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲအပြီး သမ္မတ အိမ်ဖြူတော်မှာ သမ္မတနှစ်ဦးတို့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲကိုလည်း ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကိုတော့ အခုပဲ နားဆင်ကြည့်ကြရအောင်ပါ။

    Read More
  • 537832_10151590692308128_89164762_n-600x340

    ဒေါ်အောင်ဆန်းစုကြည် ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံ

    Friday, April 19, 2013

    VOA News, 18April 2013  —-   မြန်မာနိုင်ငံက အဓိက နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ် အတွင်း မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးဖို့ ဂျပန်အစိုးရက ကတိပေးလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ နှစ်ပေါင်း ၃၀ နီးပါးမှာ ပထမဆုံးအကြိမ် သွားခဲ့တဲ့ ခရီးစဉ်အတွင်း ဂျပန်နိုင်ငံက အကူအညီတွေ၊ ရင်းနှီးမြုပ်နှံမှုတွေဟာ လူထုအကျိုးပြုတာမျိုး ဖြစ်စေချင်တဲ့ သဘောထားတွေ ကို ပြောဆိုခဲ့တာပါ။ ခရီးစဉ် အဆုံး မသတ်ခင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဂျပန်ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး ခဲ့တဲ့ အကြောင်း ကိုတော့ ကိုအောင်လွင်ဦး က စုံစမ်းထား သမျှ [...]

    Read More
  • 581416_522466601125178_875511747_n

    တပ်မတော်နေ့အခမ်းအနား ဒေါ်အောင်ဆန်းစု ကြည်တက် ရောက်

    Wednesday, March 27, 2013

    DVB TV News, 27March 2013  —-  နေပြည်တော်မှာ ကျင်းပတဲ့ ၆၈ နှစ်မြောက် တမ်မတော်နေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။

    Read More
  • AC6B3856-3518-4DD8-B629-0191A76BA5E7_w640_r1_s-600x340

    သမ္မတဦးသိန်းစိန် ဥရောပခရီးစဉ် အဆုံးသတ်

    Friday, March 8, 2013

    VOA News, 7March 2013   —-  သမ္မတ ဦးသိန်းစိန်ဟာ သူ့ရဲ့ ပထမဆုံး အကြိမ် ဥရောပ ၅ နိုင်ငံခရီးစဉ်ကို ကြာသပတေးနေ့မှာ အဆုံးသတ်ပြီး အီတလီနိုင်ငံကနေ ပြန်လည်ထွက်ခွါသွားပြီဖြစ်ပါတယ်။  သမ္မတရဲ့ အီတလီခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် ချေးငွေဆိုင်ရာ ပြုပြင်မှု သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက် ကပြောပြပေးမှာပါ။

    Read More

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်။
Nov
11

နိုင်ငံခြားရေးဝန်ကြီး ကလင်တန် သမ္မတနဲ့အတူ အာရှသွားမည်

VOA News, 10 November 2012  —  အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ စီးပွားရေးနဲ့ လုံခြုံရေးကိစ္စတွေကို ဆွေးနွေးဖို့ အတွက် အာရှပစိဖိတ်ဒေသကို နောက်လာမယ့် သီတင်းပတ်မှာ သွားရောက်ဖို့ စီစဉ်ထားပါတယ်။ 

Read More
ဂါဇာမှာ တိုက်ခိုက်မှုတွေ ထပ်ဖြစ်နေ
Nov
11

အစ္စရေးနဲ့ ပါလက်စတိုင်းကြား တိုက်ခိုက်မှုတွေ တခါထပ်ဖြစ်ပြန်

BBC News, 11 November 2012  —-   အစ္စရေးနဲ့ ပါလက်စတိုင်းကြား တိုက်ခိုက်မှုတွေ တခါထပ်ဖြစ်လာပြန်ပါပြီ။ အစ္စရေးတို့က ဂါဇာ ကမ်းမြှောင်ဒေသကို စနေနေ့က အမြောက်တွေနဲ့ ပစ်ခတ်ခဲ့လို့ ပါလက်စတိုင်း ၄ ဦးသေ ၂၀ ဒဏ်ရာရသွားခဲ့ပါတယ်။

Read More
121110102105_medvedev_maliki_304x171_afp
Nov
11

ရုရှားမှ လက်နက်ဝယ်မယ့် အစီအစဉ် အီရတ် ရုပ်သိမ်း

BBC News, 10 November 2012  —  အီရတ်ဟာ ရုရှား ကနေ လက်နက်တွေ ဝယ်ယူဖို့ သဘော တူညီမှုကို ရုပ်သိမ်းလိုက် ပါတယ်။

Read More
ချီတက်ဆန္ဒပြနေတဲ့ ပေါ်တူဂီ စစ်မှုထမ်းများ
Nov
11

ပေါ်တူဂီမှာ စစ်ဝန်ထမ်းတွေ ဆန္ဒပြကြ

BBC News, 11 November 2012  —   ပေါ်တူဂီ နိုင်ငံက လစ္စဘွန်း မြို့တော် မှာတော့ လာမယ့် နှစ် ဘတ်ဂျက် မှာ အသုံးစရိတ် ဖြတ်တောက် မှုတွေနဲ့ ပတ်သက်လို့ ပေါ်တူဂီ စစ်ဘက်က အမှုထမ်း ထောင်ပေါင်းများစွာ ချီတက် ဆန္ဒပြခဲ့ ကြပါတယ်။

Read More
ရဲတပ်ဖွဲ့ဝင်တွေ ထောင်ကို လာရောက် ပြီး၊ ရှာဖွေရေး
Nov
11

သီရိလင်္ကာ ထောင်တခုမှာ ဆူပူမှု ဖြစ်ပွား

BBC News, 10 November 2012  —-  သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုက ထောင်တခုမှာ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ထောင်သားတွေ အကြား အဓိကရုဏ်း ဖြစ်ပွားခဲ့ ပြီးနောက် ထွက်ပြေး လွတ်မြောက် သွားတဲ့ အကျဉ်းသား တွေကို သိရိလင်္ကာ ရဲတပ်ဖွဲ့ ကနေ လိုက်လံ ရှာဖွေ နေပါတယ်။

Read More
မာလာလာ ပြန်လည် ကျန်းမာလာဖို့ ဆုတောင်းနေတဲ့ ပါကစ္စတန်နိုင်ငံ Peshawar မြို့က အမျိုးသမီးတဦး။ (နိုဝင်ဘာလ ၁၀ ရက်၊ ၂၀၁၂)
Nov
11

မာလာလာ နေ့ ကုလသမဂ္ဂ သတ်မှတ်

VOA News , 10 November 2012  —  ပြီးခဲ့တဲ့ တလလောက်က တာလီဘန်တွေရဲ့ ပစ်ခတ်တာ ခံရပြီး ဒဏ်ရာ အပြင်းအထန် ရခဲ့တဲ့ ၁၅ နှစ်အရွယ် ပါကစ္စတန် မိန်းကလေး မာလာလာ ယူဆပ်ဇိုင် (Malala Yusafzai) ကို ပါကစ္စတန် ကျောင်းသားတွေနဲ့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက စနေနေ့က ဂုဏ်ပြုခဲ့ကြပါတယ်။

Read More
121110214403_george_entwistle_lord_patten_bbc_resignation_304x171_pa_nocredit
Nov
11

ဘီဘီစီ ညွှန်ချုပ် ရာထူးက နုတ်ထွက်

BBC News , 10 November 2012  — ဘီဘီစီရဲ့ ညွှန်ကြားရေးမှူးချုပ် George Entwistle ဟာ ရာထူးကနေ နုတ်ထွက် သွားပါတယ်။

Read More
burma-mp
Nov
11

“ဖက်ဒရယ်အတု” သတိပြု

Moe MaKa News, 10 November 2012  — ၂၀၀၈ အခြေခံဥပဒေအပါအဝင် လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၃ ခုရှိခဲ့သည်။

Read More
ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြိုးကုတ်ဆောင်ရွက်နေသူ
Nov
11

နိုင်ငံရေးဆွေးနွေးမှုနဲ့ ဖက်ဒရယ်ကိစ္စ သဘောညီ

BBC News, 10 November 2012  —  ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြိုးကုတ်ဆောင်ရွက်နေတဲ့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းဟာ တိုင်းရင်းသား လက်နက်ကိုင်၊ လက်နက်မဲ့ အဖွဲ့တွေနဲ့ ထိုင်းနိုင်ငံ မှာ ဆွေးနွေးပွဲတွေ ဆက်ပြန်ပါတယ်။

Read More
ရှေးဟောင်းအမွေအနှစ်တို့ စုစည်းရာ ပုဂံ
Nov
11

ပုဂံမှာ ဟိုတယ်တွေ တည်ဆောက်နေတာရပ်ဖို့ ဒေသခံတွေတောင်းဆို

BBC News, 11 November 2012  —-  မြန်မာ နိုင်ငံရဲ့ ရှေးဟောင်း အမွေ အနှစ်တွေ တစုတစည်းထဲ အများဆုံး ရှိနေတဲ့ ပုဂံ မြို့လယ်ခေါင်မှာ ဟိုတယ် ကြီးတွေ ဆယ်လုံး ထက်မနည်း တပြိုင်ထဲ ဆောက်လုပ် နေတာမို့ ဒါကို ရပ်ပေးဖို့ ဒေသခံတွေ ပါဝင်တဲ့ အဖွဲ့ တခုက တောင်းဆို နေပါတယ်။

Read More
Photo: RFA/Kyaw Myo Min  ဝန်းသိုဘုန်းကြီးကျောင်းတွင် အလှူရှင်တွေလှူဒါန်းထားတဲ့ ဆန်အိတ်အချို့ကိုတွေ့ရစဉ်
Nov
11

ကချင်ဒုက္ခသည်များကို ဝါးရှောင်ဆရာတော် ငွေနဲ့ဆန်အိတ် လှူဒါန်း

RFA News , 10 November 2012 — ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်ထဲက ကယ်ဆယ်ရေးစခန်း ၃ ခုနဲ့ ပူတာအိုက ဘုန်းတော်ကြီးကျောင်း ၂ ကျောင်းကို ဝါးရှောင်ဆရာတော် အရှင်ဝိဇယနဲ့ အလှူရှင်တွေ စုပေါင်းပြီး ဆန်အိတ် ၇၀ နဲ့ အလှူငွေ ကျပ် ၂၁ သိန်း အပါအဝင် စုစုပေါင်း ကျပ်သိန်း ၄၀ နီးပါးဖိုး ဒီကနေ့ ညနေပိုင်းမှာ လှူဒါန်းခဲ့ပါတယ်။

Read More
KIO  ကချင်ပြည်နယ်အတွင်း အစိုးရတပ်ရဲ့ ထိုးစစ်ကြောင့် တရုတ်-မြန်မာနယ်စပ်မြို့ ဖြစ်တဲ့ လိုင်ဇာကို ထွက်ပြေးခိုလုံလာတဲ့ ကချင် တိုင်းရင်းသားဒေသခံတွေကို ကချင်လူမှုရေးအဖွဲ့က စီစဉ်ပေးထားတဲ့ ခိုလုံရေး စခန်းတွေမှာ ၂၀၁၁ ခုနှစ် ဇွန်လလယ်ပိုင်းမှာ တွေ့ရပုံ။
Nov
11

ငြိမ်းချမ်းရေး ဆွေးနွေးပြီးချိန် ဖားကန့်မှာ အခြေအနေ ငြိမ်သက်

RFA News, 10 November 2012  —  ကေအိုင်အိုနဲ့ အစိုးရ ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေး ပြီးတဲ့နောက် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့ဘဲ စစ်ဘေးရှောင်သူတွေ နေထိုင်ကြတဲ့ ဒုက္ခသည်စခန်းတွေလဲ မရှိတော့ဘူးလို့ သိရပါတယ်။

Read More
ဓာတ်ပုံ - ညီညီဇော်
Nov
11

ငလျင်နောက်ဆက်တွဲသတင်း ၃

7Day News Journal, 11 November 2012  —- ( စစ်ကိုင်းမြို့ဘက်ခြမ်းရှိ ဧရာဝတီမြစ်ကူးတံတား ထိပ်ရှိ စစ်ကိုင်းမြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်မှ ခြင်္သေ့ရုပ်တစ်ခု ငလျင်ဒဏ်ကြောင့် ပြုတ်ကျနေသည်ကိုတွေ့ရစဉ်။)

Read More
မန္တလေး - မြစ်ကြီးနား ကုန်တင် ဆီတွဲရထား စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အနီး လမ်းချော် တိမ်းမှောက်ခဲ့စဉ်။ (နိုဝင်ဘာလ ၉ ရက်၊ ၂၀၁၂)။
Nov
11

ဆီတင်ရထား တိမ်းမှောက်မှု အာဏာပိုင်တွေ စုံစမ်းနေဆဲ

VOA News, 10 November 2012 —  မန္တလေးကနေ မြစ်ကြီးနားကိုသွားတဲ့ ကုန်တင် ဆီတွဲရထားတစီး သောကြာနေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အနီး လမ်းချော် တိမ်းမှောက်ခဲ့တာမှာ သေဆုံးသူဦးရေ ၂၅ ဦးအထိ ရှိနေပြီး ဒဏ်ရာရသူပေါင်း ၁၀၀ နီးပါး ရှိတယ်လို့ မြန်မာအစိုးရ အရာရှိတွေက စနေနေ့က ပြောပါတယ်။

Read More
ox
Nov
11

ဒေလီရှိ မြန်မာများကို ဒေါ်စု မိန့်ခွန်းပြောမည်

နယူးဒေလီ (မဇ္ဈိမ) . ၁၀ ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —-   မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံသို့ လာရောက်စဉ် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ အိန္ဒိယ နိုင်ငံရောက် မြန်မာများအား မိန့်ခွန်းပြောကြားမည် ဖြစ်သည်။

Read More
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာနိုင်ငံကို လာရောက် ခဲ့စဉ်အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (မေလ ၂၉ ရက်၊ ၂၀၁၂)။
Nov
11

ဒေါ်စု နိုဝင်ဘာလလယ် အိန္ဒိယ သွားမည်

VOA News, 10 November 2012 —-မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံကို နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ အလည်အပတ် လာရောက်မှာ ဖြစ်တယ်လို့ အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန် ကြေညာပါတယ်။

Read More
222408_438042472924059_1386115525_n
Nov
11

ယနေ့ နံနက် ရစ်ချတ်တာ စကေး ၆.၆ အင်အားပြင်း ငလျင် ရွှေဘိုမြို့အနီး ဗဟိုပြု လှုပ် ခတ်

7Day News Journal, 11 November 2012  —-  ယနေ့ နံနက် ၇နာရီ မိနစ် ၄၅မိနစ်ဝန်းကျင်တွင် ရွှေဘိုမြို့ အရှေ့မြာက်ဘက် ၁၅ မိုင်အကွာကို ဗဟိုပြု၍ အင်အား ရစ်ချတ်တာ စကေး ၆ဒသမ ၆ ရှိ အင်အားပြင်း ငလျင်ကြီး တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

Read More
Aung San Suu Kyi visits with Burmese President Thein Sein at The Mark Hotel in New York on Tuesday, September 25, 2012. Photo: President's office
Nov
10

ရခိုင်ပဋိပက္ခများ ထပ်မဖြစ်ပွားစေဖို့ သမ္မတနဲ့ ဒေါ်စုကို ICG တောင်းဆို

RFA News, 10 November 2012 —-  ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခများ ထပ်ပြီး မပြန့်ပွားဖို့နဲ့ ရပ်တန့်သွားစေဖို့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အနေနဲ့ ကြားဝင်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ နိုင်ငံတကာ အသိအမှတ်ပြုခံထားရတဲ့ အပြည်ပြည်ဆိုင်ရာ ပဋိပက္ခများဖြေရှင်းရေးအဖွဲ့ ICG က ဒီကနေ့ ထုတ်ဖေါ်ကြေညာလိုက်ပါတယ်။

Read More
69097_560205487328584_87610800_n
Nov
10

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ မွန်ပြည်နယ်ကျိုက်မရောမြို့တွင် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူအဖွဲ့အစည်း ဆွေးနွေးပွဲ ကျင်းပ

Popular News Journal, 10 November 2012  —-  ကျိုက်မရော-နိုဝင်ဘာ၁၀ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့သည် နိုဝင်ဘာ၁၀ရက်နေ့နံနက်ကမော်လမြိုင်မှ ကျိုက်မရောမြို့သို့သွားရောက်ပြီးငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူအဖွဲ့အစည်းဆွေးနွေးပွဲပြုလုပ်ခဲံ့သည်။

Read More
UNFC_02_gggggggggr55_thumb_medium650_488
Nov
10

ရှေ့ဆက် တွေ့ဆုံပွဲတွေကို Peace Centre မှာသာ တွေ့ဆုံကြရန် ဦးအောင်မင်း ပန်ကြားခဲ့

ရွှေဟင်္သာသတင်းဌာန. ၁၀ ရက်နေ့ နိုဝင်ဘာ ၂၀၁၂ —-  ယမာန်နေ့ ထိုင်းနိုင်ငံ ဇင်းမယ်မြို့၌ အလွတ် သဘောအရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး လုပ်ငန်း ကော် မီတီ ဒုဥက္ကဌ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲတွင် အနာဂတ် ကျင်းပမည့် နိုင်ငံရေး ဆွေးနွေးပွဲအတွက် အချက် (၄) ချက် တောင်းဆိုခဲ့ကြောင်း စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ဆိုပါသည်။

Read More
childerea_daruyg
Nov
10

တအာင်း (ပလောင်) တပ်စခန်း တခု သိမ်းပိုက်ခံရ

ရွှေဟင်္သာသတင်းဌာန. ၁၀ ရက်နေ့ နိုဝင်ဘာ ၂၀၁၂ —- ရှမ်းပြည်နယ် မြောက်ပိုင်း မန်တုံမြို့နယ်နှင့် နမ့်ခမ်းမြို့ နယ်စပ်ရှိ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မ တော် တပ်ရင်း ၄၇၈ တပ်စခန်းကို အစိုးရတပ်ဖွဲ့တို့က ယမာန်နေ့တွင် တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း တအာင်းပြည် လွတ်မြောက်ရေး တပ်ဦး (TSLF) အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဗိုလ်မှူး ဘုန်းကျော်က ပြောပါသည်။

Read More
Border-fance
Nov
10

တပ်သား (၃) ဦး ကိစ္စ ဒုတိယ အကြိမ် မြန်မာဘက်မှ ဘင်္ဂလာသို့ စာရေးသား ပေးပို့

နိရဉ္စရာသတင်းဌာန. ၁၀ ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —-  ဖမ်းဆီး ခေါ်ဆောင်သွားသော တပ်သား (၃) ဦး ကိစ္စနှင့် ပတ်သက်ပြီး မြန်မာ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ နစကမှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့ ဘီဂျီဘီသို့  ယမန်နေ့က ဒုတိယ အကြိမ်မြှောက် စာတစ်စောင် ရေးသားပေးပို့ လိုက်သည်ဟု သတင်း ရရှိသည်။

Read More
Photo by RSV
Nov
10

နိုင်ငံသား စိစစ်ရေး ပြဿနာ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် ရခိုင်ဝန်ကြီး ပေါက်တော လာရောက် ဖြေရှင်း

နိရဉ္စရာသတင်းဌာန. ၁၀ ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —-  ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ မွတ်ဆလင် ကျေးရွာ ၅ရွာမှ ကျေးရွာသားများကို နိုင်ငံသား ဟုတ် မဟုတ် စိစစ် နေရာ ရှုပ်ထွေမှုများပေါ်ပေါက်နေသောကြောင့် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်တို့  ဦးဆောင်သော အဖွဲ့သည် ယမန်နေ့က ပေါက်တောမြို့နယ်သို့  လာရောက် ဖြေရှင်း ပေးခဲ့သည် ဟုသတင်းရရှိသည်။

Read More
10-11-12-6
Nov
10

လုံခြုံရေးအပြည့်အဝရှိမှ နေရပ်ပြန်မည်ဟုမြောက်ဦးမြို့မှ ရခိုင်ဒုက္ခသည်များက ဆို

Myitmakha Media Group, 10 November 2012  —  မီးဘေးသင့် ရခိုင်ဒုက္ခသည်များ အနေဖြင့် ၄င်းတို့၏ ရပ်ရွာတွင်လုံခြုံရေးအပြည့်အဝရှိမှ ပြန်မည်ဟု   မြောက်ဦးမြို့ အလိုတော်ပြည့်ကျောင်းတွင် ရောက်ရှိနေသည့် ရခိုင်ဒုက္ခသည်များကပြောသည်။

Read More
health_care_reform
Nov
10

ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အာမခံ၊ မြန်မာပြည်ကသတင်းစာဆရာ နဲ့ အမေရိကန်ကမြန်မာ

Moe MaKa News, 10 November 2012  —- အယ်ဒီတာ့လက်ရေး (၁၆) နိုဝင်ဘာ ၇ နေ့စွဲနဲ့ ပြည်သူခေတ်သတင်းဂျာနယ်အတွက် သတင်းစာဆရာ မောင်ဝံသက “ကျန်းမာရေးအာမခံ” ဆိုတဲ့ စာကို ရေးတယ်။ နိုဝင်ဘာ ၉  နေ့စွဲ ဖေ့စ်ဘွတ်သတင်းများအရ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်ဆေးရုံကြီးကို

Read More
wurtha_street_storyslide_image
Nov
10

ပြည်သူအများအတွက် ကျန်းမာရေးအာမခံ (မောင်ဝံသ)

Moe MaKa News, 10 November 2012 —- နိုဝင်ဘာ ၇ ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြမည့် မောင်ဝံသ ပြောချင်လွန်းလို ဆောင်းပါး။့   ယခင်အပတ် ပြည်သူ့ခေတ်ဂျာနယ်ပါ ကျွန်တော့်ရဲ့ ]]ပြည်ထောင်စုစစ်စစ် မူကို လက်ခံကြပြီဆိုလျှင် ရွှေပြည်တော် မျှော်တိုင်း မဝေးတော့ပါပြီ}}ဆောင်းပါး ကိုဖတ်ပြီး သဘောတူသူအတော်များများက စာတတန် ဖုန်းတထောက် ဆက်သွယ် ပြောဆိုကြပါတယ်။ အဲဒီပုဂိုလ်များထဲမှာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း တစ်ဦးအမည်နဲ့ ပြည်သူ့ခေတ်မှာ ဆောင်းပါးတွေရေးနေတဲ့ ကျွန်တော့် မိတ်ဆွေရင်း အန်ကယ်ကြီးက ရှေ့ဆုံးက ပါပါတယ်။

Read More
mobile-phone2
Nov
10

ဆင်းရဲလှချည်- ဒို့မြန်ပြည်

Moe MaKa News, 10 November 2012  —-  အွန်လိုင်းသတင်းမှာ ဖတ်လိုက်ရပါတယ်၊ လူလိမ် “လူကြီးမင်း”၊ လူညာ “လူကြီးမင်း” ဘာပဲ ညာပဲ-စသည်ဖြင့် ကြမ်းတမ်းသည့် အသွင်ဆောင်သော အရေးအသား အပြောအဆို အသံတွေပဲပေါ့။ ခေတ်မီဖွင့်ဖြိုးစ ဖြစ်လာတဲ့ နိုင်ငံတိုင်းမှာ ဒီလို အခြေအနေ၊ ဒီလို ပြဿနာ၊ ဒီလို ဖြစ်ရပ်တွေက အဆန်းတော့ မဟုတ်လှပါဘူး။ မြန်မာနိုင်ငံလို ပွင့်လင်းစ ဖြစ်နေတဲ့ နိုင်ငံမှာ၊ ဒါဟာ အစပဲ ရှိဦးမှာပါ။ လာမည် မကြာမှီတွေ အများကြီးပါ၊ ဒီလိုသတင်းမျိုးတွေ စောင့်ပြီးတော့သာ ဖတ်ကြရတော့မှာပါ။

Read More
DSC03225
Nov
10

မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်ထားမှုများ အခွန်လျော့ချပြောင်းလဲသတ်မှတ်တော့မည်

Myitmakha Media Group ,10 November 2012  —- လာမည့် နှစ်မှစတင်၍ မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်ထားမှုများကိုပြောင်းလဲသတ်မှတ်၍ ဆောင်ရွက်သွား မည်ဖြစ်ကြောင်းမော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

Read More
36329_558812244134575_938282812_n
Nov
10

ကားပြိုင်မောင်း၍ ရမ်းကား ခဲ့သူများ အနက် ၁၁ ဦး ဖမ်းဆီးရမိ

The Voice Weekly , 10 November 2012  —- ရန်ကုန်မြို့တော်၌ ညနက်ပိုင်း အချိန်များတွင် ကားပြိုင်မောင်းကာ မင်းမဲ့ စရိုက် ဆန်စွာ ရမ်းကားခဲ့သူ ၂၁ ဦးခန့်မှ ၁၁ ဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းမှတ်တမ်း များအရ သိရသည်။

Read More
NLD ရန်ပုံငွေဈေးရောင်းပွဲတော်တစ်ခုမှ မြင်ကွင်းတချို့
Nov
10

ဘုရားဂေါပက အဖွဲ့အား အောင်လံ NLD တရားစွဲ

The Voice Weekly , 10 November 2012  —  အောင်လံ၊ နိုဝင်ဘာ ၁၀ သရက်ခရိုင် ၊ အောင်လံမြို့ သိမ်ကုန်းဓမ္မာရုံ ဘုရားပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ရန်ပုံငွေအဖြစ် ဈေးရောင်းချ ရာတွင် NLDပါတီ ဆိုင်းဘုတ်အား ဘုရားဂေါပက အဖွဲ့က ဖြုတ်ချခဲ့သည့် အတွက် NLDပါတီက တရား စွဲဆိုလိုက်ကြောင်း ယင်းမြို့နယ် တရားရုံးထံမှ သိရသည်။

Read More
10-11-12-4 (1)
Nov
10

ဒေါ်အောင်ဆန်းစုကြည် အဆိုကို တပ်မတော်သား ကိုယ်စားလှယ်အများစုကပါ ထောက်ခံမဲပေးခဲ့

Myitmakha Media Group, 10 November 2012  — အန်အယ်လ်ဒီပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး တင်သွင်းသည့်အဆို(၂)ခုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ သာမက တပ်မတော်သားကိုယ်စားလှယ်အများစုကပါ ထောက်ခံမဲပေးခဲ့ပြီး အတည်ပြုအောင်မြင်ခဲ့သည်ဟု သိရှိရသည်။

Read More
89B58981-C560-4169-8772-E301227F4AC0_w640_r1_s
Nov
10

သဘာဝဘေးအန္တရာယ် သင်္ခန်းစာ

VOA News, 7 November 2012  —-  (သုတအဖြာဖြာ/ သိပ္ပံနှင့် နည်းပညာ) ကျရောက်လာမယ့် လေမုန်တိုင်းလို သဘာဝဘေးအန္တရာယ်တွေကို ရင်ဆိုင်ဖို့ အတွက် အမေရိကန်ပြည်ထောင်စုမှာ သင်္ခန်းစာကို ဘယ်လိုယူခဲ့တယ် ဆိုတာကို အမေရိကန်နိုင်ငံကို ခေတ္တရောက်နေတဲ့ ECODEV အဖွဲ့တာဝန်ခံ ဦးဝင်းမျိုးသူရဲ့ အမြင်နဲ့အတူ တင်ပြထားပါတယ်။

Read More
006C0072-C478-41A9-9106-4B1053E870E5_w640_r1_s_cx0_cy5_cw0
Nov
10

သယံဇာတ ထုတ်လုပ်မှုနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းမှု

VOA News,9 November 2012  —-  (မျက်မှောက်ရေးရာ/သတင်းသုံးသပ်ချက်)  ပစ္စုပ္ပန်နဲ့ အနာဂတ် မျိုးဆက်တွေအတွက် ကောင်းမွန်သန့်ရှင်းတဲ့ ပတ်ဝန်းကျင် ဖြစ်ပေါ်စေဖို့နဲ့ သဘာဝနဲ့ ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ရည်ရွယ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေကို လွန်ခဲ့တဲ့ မတ်လ (၃၀) ရက်နေ့မှာ ဦးသိန်းစိန်အစိုးရက ပြဋ္ဌာန်းလိုက်ပါတယ်။

Read More
10-11-12-5 (1)
Nov
10

မိုဘိုင်းအင်တာနက် အသုံးပြုမှု ဘီလ်စနစ်ကို ပြောင်းလဲမည်

Myitmakha Media Group, 10 November 2012  —-   မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် မိုဘိုင်းအင်တာနက် အသုံးပြုမှု ဘီလ်စနစ်ကိုမိနစ်ဖြင့် ကောက်ခံနေရာမှ Web site အသုံးပြုသည့် အပေါ်မူတည်ပြီး ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ သိရှိရသည်။

Read More
575326_560112594004540_555960569_n
Nov
10

၁၉၈၂ ခုနှစ် ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရရှိထားသူ ဘင်္ဂါလီ လုံးဝမရှိဟုဆို

Popular News Journal, 10 November 2012  — ကျောက်တော်မြို့နယ်အတွင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ အရ မြန်မာနိုင်ငံသားအဖြစ်ခံယူခွင့်ရရှိထားသည့် ဘင်္ဂလီ လုံးဝမရှိဟုဆို

Read More

English Version