•ြ်မန်မာသမ္မတ ဦးသိန်းစိန် နဲ့ အမေရိကန်သမ္မတ အိုဘားမားတို့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ် (၂၀ မေ ၂၀၁၃)

    သမ္မတ အိုဘားမားနဲ့ သမ္မတ ဦးသိန်းစိန် အိမ်ဖြူတော်ပူးတွဲ သတင်းစာရှင်းလင်းပွဲ

    Tuesday, May 21, 2013

    VOA News, 21May 2013  —-   အမေရိကန် ပြည်ထောင်စုကို နှစ်ပေါင်း ၅၀ နီးပါးအတွင်း ပထမဆုံး တရားဝင်ခရီးစဉ်အဖြစ် စနေနေ့က ရောက်လာခဲ့တဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ မနေ့က တနင်္လာနေ့မှာတော့ အမေရိကန်သမ္မတ အိုဘားမားနဲ့ သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီလို တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ လူ့အခွင့်အရေးအပြင် တိုင်းရင်းသား ပဋိပက္ခနဲ့ ဘာသာရေး တင်းမာမှု ပြဿနာတွေကို ဖြေရှင်းဖို့ အရေးကြီးတဲ့အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲအပြီး သမ္မတ အိမ်ဖြူတော်မှာ သမ္မတနှစ်ဦးတို့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲကိုလည်း ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကိုတော့ အခုပဲ နားဆင်ကြည့်ကြရအောင်ပါ။

    Read More
  • 537832_10151590692308128_89164762_n-600x340

    ဒေါ်အောင်ဆန်းစုကြည် ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံ

    Friday, April 19, 2013

    VOA News, 18April 2013  —-   မြန်မာနိုင်ငံက အဓိက နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ် အတွင်း မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးဖို့ ဂျပန်အစိုးရက ကတိပေးလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ နှစ်ပေါင်း ၃၀ နီးပါးမှာ ပထမဆုံးအကြိမ် သွားခဲ့တဲ့ ခရီးစဉ်အတွင်း ဂျပန်နိုင်ငံက အကူအညီတွေ၊ ရင်းနှီးမြုပ်နှံမှုတွေဟာ လူထုအကျိုးပြုတာမျိုး ဖြစ်စေချင်တဲ့ သဘောထားတွေ ကို ပြောဆိုခဲ့တာပါ။ ခရီးစဉ် အဆုံး မသတ်ခင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဂျပန်ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး ခဲ့တဲ့ အကြောင်း ကိုတော့ ကိုအောင်လွင်ဦး က စုံစမ်းထား သမျှ [...]

    Read More
  • 581416_522466601125178_875511747_n

    တပ်မတော်နေ့အခမ်းအနား ဒေါ်အောင်ဆန်းစု ကြည်တက် ရောက်

    Wednesday, March 27, 2013

    DVB TV News, 27March 2013  —-  နေပြည်တော်မှာ ကျင်းပတဲ့ ၆၈ နှစ်မြောက် တမ်မတော်နေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။

    Read More
  • AC6B3856-3518-4DD8-B629-0191A76BA5E7_w640_r1_s-600x340

    သမ္မတဦးသိန်းစိန် ဥရောပခရီးစဉ် အဆုံးသတ်

    Friday, March 8, 2013

    VOA News, 7March 2013   —-  သမ္မတ ဦးသိန်းစိန်ဟာ သူ့ရဲ့ ပထမဆုံး အကြိမ် ဥရောပ ၅ နိုင်ငံခရီးစဉ်ကို ကြာသပတေးနေ့မှာ အဆုံးသတ်ပြီး အီတလီနိုင်ငံကနေ ပြန်လည်ထွက်ခွါသွားပြီဖြစ်ပါတယ်။  သမ္မတရဲ့ အီတလီခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် ချေးငွေဆိုင်ရာ ပြုပြင်မှု သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက် ကပြောပြပေးမှာပါ။

    Read More

လူကြည့်အများဆုံး You Tube စာမျက်နှာ
May
10

YouTube က လစဉ်ကြေး ပေးပြီး ကြည့်ရတဲ့ အစီအစဉ် ထုတ်လွှင့်

BBC News, 10May 2013  —-   ဗွီဒီယို တွေကို အခမဲ့ ဝင်ကြည့်နိုင်တဲ့ ကမ္ဘာပေါ်မှာ လူကြည့်အများဆုံး YouTube ဝက်ဘ်ဆိုက်က လစဉ်ကြေး ပေးပြီး ကြည့်ရတဲ့ အစီအစဉ် တခုကို ပထမဆုံး အနေနဲ့ ထုတ်လွှင့် ခဲ့ပါတယ်။

Read More
မန်ချက်စတာယူနိုက်တက်က နည်းပြသစ် အဖြစ် ရွေးချယ်လိုက်တဲ့ အဲဗာတန် နည်းပြ David Moyes
May
10

မန်ယူ နည်းပြသစ် ရွေးချယ်

VOA News, 10May 2013  —-   လက်ရှိ အဲဗာတန်အသင်းရဲ့ နည်းပြ David Moyes ကို မန်ချက်စတာ ယူနိုက်တက် အသင်းက နည်းပြသစ်အဖြစ်နဲ့ ရွေးချယ် လိုက်ပြီဖြစ်ပါတယ်။ လက်ရှိ မန်ယူ နည်းပြ Ferguson အခု ဘောလုံး ရာသီအကုန်မှာ အနားယူမယ် လို့ ကြေငြာလိုက်ပြီး တရက်အကြာမှာ David Moyes ကို နည်းပြသစ်အဖြစ် Man U က ရွေးချယ်လိုက်တာပါ။ မန်ယူအသင်းက David Moyes  ကို ၆ နှစ် စာချုပ်ချုပ်ဆိုလိုက်တဲ့အတွက် မွိုက်စ်ဟာ လာမယ့်ဇူလိုင်လ ၁ ရက်နေ့ကစပြီး မန်ယူနည်းပြ တာဝန်ကို ယူရတော့မှာ ဖြစ်ပါတယ်။

Read More
အင်ဒိုနီးရှား နိုင်ငံ မြန်မာသံရုံးရှေ့ အင်ဒိုလုံခြုံရေးတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားစဉ်။
May
10

အင်ဒို စစ်သွေးကြွ ၄ ဦး ထပ်မံသေဆုံး

VOA News, 9May 2013  —  အင်ဒိုနီးရှားနိုင်ငံမှာ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြိုးပမ်းသူတွေလို့ သံသယရှိသူတွေ အပါအ၀င် အစွန်းရောက်သူတွေကို နောက်ထပ် လိုက်လံ ဖမ်းဆီးရင်း လုံခြုံရေးအာဏာပိုင်တွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားရာက ၂ ရက်အတွင်း စစ်သွေးကြွ ၇ ယောက်အထိ သေဆုံးခဲ့ပါတယ်။ မကြာသေးခင်တုန်းက မြန်မာနိုင်ငံတွင်းက ပဋိပက္ခတွေမှာ မူဆလင်တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တယ်ဆိုပြီး မကျေနပ်ကြတဲ့ အစွန်းရောက်သူတွေရဲ့ လှုံ့ဆော်မှုတွေကြောင့် လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ထွက်ပေါ် နေချိန်မှာပဲ စစ်သွေးကြွတွေကို အင်ဒိုနီးရှား အာဏာပိုင်တွေက လိုက်လံ နှိမ်နင်းနေတာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး ကတင်ပြပေးထားပါတယ်။

Read More
946807_10151629373668128_396190319_n
May
10

အင်တာနက်ပေါ်က လှုံဆော်သူတွေကို အရေးယူဖို့ အမေရိကန်သံအမတ်ကြီး တိုက်တွန်း

RFA News, 9May 2013   —-  အင်တာနက် လူမှုကွန်ရက်တွေပေါ်ကနေ အခြေအနေတွေမတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသူတွေကို အရေးယူဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitcjell က အစိုးရကို တိုက်တွန်းခဲ့ ပါတယ်။ ရန်ကုန်မြို့ American Center မှာ မေလ (၈)ရက်နေ့က ကျင်းပခဲ့တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။ အင်တာနက်လူမှုကွန်ရက်မှာ တချို့သူတွေက နာမည်အတု၊ အကောင့်အတုတွေနဲ့ ပြဿနာတွေ ပိုမို ကြီးထွားအောင် တာဝန်မဲ့ ပြောဆိုရေးသားနေကြတယ်လို့ ဆိုပါတယ်။ ကိုယ့်အမြင်ကိုယ် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခွင့်ရလာတဲ့ ဒီကနေ့အခြေအနေမှာ တာဝန်ယူတဲ့ သတင်းမီဒီယာတွေကို လွတ်လွတ် လပ်လပ်ဆောင်ရွက်ဖို့လိုပြီလို့လည်းပြောကြားခဲ့ပါတယ်။ အမေရိကန်သံရုံး လူထုဆက်သွယ်ရး လက်ထောက်အရာရှိ Michael Quinlan ကလည်း လွတ်လပ်စွာ [...]

Read More
ထောင်တွေ ထဲမှာ နိုင်ငံရေး အကျဉ်းသား တွေကျန် နေသေးတယ်လို့ သူတို့ အရေး လှုပ်ရှားသူတွေ ပြောနေ
May
10

အကျဉ်းသား စိစစ်ရေး ကော်မီတီ တိုးချဲ့ဖွဲ့စည်း

BBC News, 9May 2013  —  အကျဉ်းထောင်တွေထဲမှာ ကျန်နေ သေးတဲ့ နိုင်ငံရေး အကျဉ်းသား တွေကို ပြန်လွှတ် ပေးနိုင်ဖို့ အတွက် အစိုးရက ဖွဲ့စည်းပေး ထားတဲ့ လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မီတီကို အဖွဲ့ဝင် သုံးယောက် ထပ်ပေါင်းပြီး စုစုပေါင်း ၁၉ ယောက် အဖွဲ့ အဖြစ် တိုးချဲ့ ဖွဲ့စည်းလိုက် ပါတယ်။

Read More
390719_10151635218468128_1654428647_n
May
10

ဦးနေမျိုးဇင်ကို ထောင်ကြွေးကျန် ချမှတ်တဲ့လုပ်ရပ် အပြင်းအထန်ကန့်ကွက်

RFA News, 9May 2013  —-  မအူပင်အကျဉ်းထောင်မှာ အကျဉ်းကျခံနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ (၁)အရ ထောင်ဒဏ် ၆ နှစ်နဲ့ ၁၀ လ ချမှတ်လိုက်တာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်တို့က ဒီကနေ့ သဘောထားကြေညာချက်တွေကို ထုတ်ပြန်လိုက်ပါတယ်။

Read More
ရှမ်းပြည်တပ်မတော် SSA တပ်ဖွဲ့ ရှေ့တန်း တပ်စခန်းတခုတွင် တွေ့ရစဉ်။
May
10

ရှမ်းပြည်တိုက်ပွဲကြောင့် ရွာသားတွေ တရုတ်နယ်စပ် ထွက်ပြေး

VOA News, 9May 2013  —   မြန်မာအစိုးရနဲ့အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားတဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော်ခေါ် ရှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီတပ်ဖွဲ့ရဲ့ နမ့်ခမ်းမြို့နယ်ထဲက တပ်စခမ်းတခုကို မြန်မာ့တပ်မတော်ကနေ ဒီကနေ့နံက်မှာ ၀င်ရောက် တိုက်ခိုက်တာကြောင့် နှစ်ဘက်တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ရှမ်းပြည် တပ်မတော် အရာရှိတွေကပြောဆိုခဲ့ပါတယ်။ အခုဖြစ်တဲ့တိုက်ပွဲမှာ ထိခိုက်ကျဆုံးမှု များပြားနေ ခဲ့သလို ရာနဲ့ချီတဲ့ ဒေသခံ ရွာသားအနေနဲ့ တရုတ်ပြည်ဖက် ကို စစ်ပြေးဒုက္ခသည်တွေ အဖြစ် တိမ်းရှောင်နေကြရတဲ့ အခြေအနေတွေကိုတော့ ထိုင်းအခြေစိုက်ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေးပို့ထားပါတယ်။

Read More
ဖမ်းထားသူတွေ လွှတ်ပေးဖို့နဲ့ ပုဒ်မ ၁၄၄ ရုတ်သိမ်း ပေးဖို့ တောင်းဆိုတဲ့ လက်ပံတောင်း ဒေသခံတွေ
May
10

လက်ပံတောင်း အရေး ဖမ်းထားသူ ပြန်လွှတ်ပြီး ပုဒ်မ၁၄၄ ရုပ်သိမ်းပေးဖို့ တောင်းဆို

BBC News, 9May 2013  —-   လက်ပံတောင်းတောင် စီမံကိန်း နယ်မြေက သံဃာတော် တွေနဲ့ လယ်သမားတွေဟာ ဖမ်းထားတဲ့သူ တွေကို ပြန်လွှတ်ပေးဖို့နဲ့ သူတို့ လယ်ယာမြေတွေ ပေါ်မှာ ထုတ်ပြန် ထားတဲ့ ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းပေးဖို့ တွေကို ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Read More
စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်တွေအတိုင်း တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့ စာချုပ်အသစ် ပြန်လည်ချုပ်ဆို ဖို့ မေလ ၉ ရက်နေ့က ရန်ကုန်မြို့၊ မြန်မာဂျာနယ်လစ်ရုံးခန်း မှာ လက်ပံတောင်းတောင် ဒေသခံတွေနဲ့ သံဃာတော်တွေ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုနေစဉ် photo: RFA/ Thiha Htun
May
10

တရုတ်ဝမ်ပေါင် ကုမ္ပဏီနဲ့ စာချုပ်သစ် ပြန်ချုပ်ဖို့ တောင်းဆို

RFA News, 9May 2013  —  အရင်စစ်အစိုးရလက်ထက်က တရုတ်ဝမ်ပေါင်ကုမ္ပဏီ နဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော် မရှင်ရဲ့ အစီရင်ခံစာ အကြံပြုချက်တွေအတိုင်း အသစ်ပြန်လည်ချုပ်ဆိုဖို့ လက်ပံတောင်းတောင်ဒေသ ခံတွေနဲ့ သံဃာတော်တွေက ရန်ကုန်မြို့မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုလိုက်ကြ ပါတယ်။

Read More
183138_10151635333698128_452822655_n
May
10

ကမ္ဘာ့ဘဏ် ဒေါ်လာသန်း ၄၀၀ ကျော် စတင်ထုတ်ချေး

RFA News, 9May 2013   —-  မြန်မာနိုင်ငံကို နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ လျှော့ပေးလိုက်ပြီးနောက်ပိုင်း ကမ္ဘာ့ဘဏ်က နှစ်ပေါင်း ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၄၄၀ ထုတ်ချေးပေးလိုက်တယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဒီကနေ့ပြောလိုက်ပါတယ်။

Read More
ရန်ကုန်မြို့ရှိ တက္ကသိုလ်တခု၏ ဂိတ်ဝတွင် ဝတ်စုံပြာ လုံခြုံရေး ဝန်ထမ်းများ စောင့်ကြပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)
May
10

မြန်မာ့တက္ကသိုလ်တွေ အဆင့်မြင့်ရေးကူညီကြဖို့ ဒေါ်အောင်ဆန်းစုကြည် ပန်ကြား

RFA News, 9May 2013   —-  အရင် စစ်အစိုးရရဲ့ဖိနှိပ်မှုတွေကြောင့် နာလန်မထူနိုင်ဖြစ်ခဲ့ရတဲ့ မြန်မာတက္ကသိုလ်တွေကို ဗြိတိန် တက္ကသိုလ် တွေ အနေနဲ့ လိုအပ်သမျှ အကူအညီတွေပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားလိုက်ပါတယ်။

Read More
မြန်မာနိုင်ငံမှာ စစ်အစိုးရ ဖျက်ဆီးသွားတဲ့ မြန်မာနိုင်ငံက တက္ကသိုလ်
May
10

တက္ကသိုလ်ပညာရေး အဆင့်မြင့်အောင် ယူကေ ကူညီဖို့ ဒေါ်စုပြော

BBC News, 9May 2013  —-   ပညာရေးစနစ်တွေကို ပြန်လည်ထူထောင်ရာမှာ ယူကေနိုင်ငံက ကူညီဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

Read More
920113_250434801765583_486131895_o
May
9

မြေကြီးကိစ္စ မေ့လျော့ပေါ့ဆ မလုပ်ကြနဲ့ လှုပ်တတ်တယ်၊ ပြိုတတ်တယ်၊ မျိုတတ်တယ်

Moe MaKa News, 9May 2013  —-  ဒီကနေ့ ကျုပ်စိတ်ထဲမှာ အင်မတန်လေးလံဝန်ပိတဲ့ ကိစ္စကြီးတရပ် ရှိနေတယ်ဗျာ။ နှလုံးသားမှာ ကျောက်တုံးတွဲ ဆွဲထားသလိုပဲလို့တောင် ပြောရမလား မသိဘူး။ ပြီးခဲ့တဲ့အပတ်က ဒီလှိုင်းစာစောင်ရဲ့ အာဘော်ခန်းမှာ “မြေကြီးကိစ္စ” ဆိုတဲ့ စကားလုံးကို တွေ့လိုက်ရတယ်။ ကျုပ်ပြောချင်တဲ့ကိစ္စကို မီးမောင်းထိုးပြလိုက်သလိုပဲဗျာ။ ကျုပ်ပြောချင်တဲ့ကိစ္စတွေက ပေါင်းလန်ဗြောင်းဆန်အောင် များပြားဆူဝေနေတယ်။ ဘယ်ကိစ္စကို ဘာက ကိုင်ပြောရမှန်း မသိတတ်အောင် ဖြစ်နေရတယ်။ ဒီလှိုင်းက အဲဒါတွေအားလုံးကို မြေကြီးကိစ္စလို့ တံဆိပ်ကပ်လိုက်တယ်ဗျို့။

Read More
Above-the-law-300x210
May
9

ဆိတ်ဖွားပြဿနာ နောက်ကွယ်က အကျိုးစီးပွားဆိုင်ရာ ပြဿနာ

DVB News, 9May 2013  —-  အခု ရက်ပိုင်း ပြည်တွင်းမီဒီယာတွေမှာ ပြန်ပြီး ကျယ်လောင်လာတာက ဒေါက်တာဆိတ်ဖွားပြဿနာ ဖြစ်ပါတယ်။ ဒေါက်တာဆိတ်ဖွားပြဿနာဆိုတာက အင်တာနက် ဝက်ဘ်ဆိုက်တခုကနေ “ဥပဒေအထက်မှာ လွှတ်တော်ရှိနေသလား” ခေါင်းစဉ်နဲ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ လွှတ်တော်ကို ဝေဖန်တဲ့ စာ ၁ ပုဒ်ကြောင့် အဲဒီ စာရေးသူ ဘယ်သူလဲ၊ ဘယ်လို အရေးယူသင့်သလဲ ဆိုတာ ဖော်ထုတ်ဖို့ လွှတ်တော်ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ရသည်အထိ ကျယ်ပြန့်ခဲ့တဲ့ ပြဿနာ ၁ ခု ဖြစ်ပါတယ်။

Read More
burma-kio-flag_600_294
May
9

အစိုးရတပ်နှင့် KIA ရှမ်းမြောက် ဂျာဒိုင်ယန် တွင် တိုက်ပွဲဖြစ်

KNG News, 9May 2013   —-  ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-ကွတ်ခိုင်ကြားရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၉ နယ်မြေတွင် အစိုးရတပ်ပေါင်းစုံနှင့် KIA ပြည်သူ့စစ် (MHH) တပ်ဖွဲ့ကြား မေ ၈ ရက် ယမန်နေ့ ညပိုင်းတွင် ရင်ဆိုင် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

Read More
မေလ ၃ ရက်နေ့က မီးရှို့ဖျက်ဆီးခံလိုက်ရသော RCSS ၏ တင်းခါးတပ်စခန်း
May
9

RCSS/SSA ၏ ၇၀၁ အခြေစိုက်ရာ နောင်မရွာအား မြန်မာအစိုးရစစ်တပ် တိုက်ခိုက်သိမ်းပိုက်

သျှမ်းသံတော်ဆင့်သတင်းဌာန. ၉ရက်နေ့ မေလ ၂၀၁၃  —-  သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ၌ ဖြစ်ပွါးသောတိုက်ပွဲမှ သျှမ်းပြည်တပ်မတော် အမှတ် ၇၀၁ စစ်ဒေသ၏ ဌာနချုပ် အခြေ စိုက်ရာ နောင်မရွာအား မြန်မာစစ်တပ်က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း RCSS/SSA ကပြောပါသည်။

Read More
01
May
9

RCSS/SSA နှင့် အစိုးရတပ်တို့ အကြား အနည်းဆုံး ၅ နေရာခန့်တွင် တိုက်ပွဲဖြစ်ပွား

သျှမ်းသံတော်ဆင့်သတင်းဌာန. ၉ရက်နေ့ မေလ ၂၀၁၃  —  သျှမ်းပြည်တပ်မတော် RCSS / SSA အမှတ် ရဝ၁ စစ်ဒေသ အခြေစိုက်ရာ နမ့်ခမ်းမြို့နယ် နောင်မရွာ အနီးသို့ အစိုးရ တပ်များ ချဉ်းကပ်ထိုးစစ်ဆင်လာရာ ယနေ့နံနက် ၄ နာရီကျော်ခန့်က မူစယ်နှင့် နမ့်ခမ်းမြို့များအတွင်း အနည်းဆုံး နေရာ ၅ ခုခန့်တွင် နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည် ။

Read More
fighting_aera
May
9

RCSS ၏ ရွှေလီမြစ်ဝှမ်းဒေသ အစိုးရတပ်စစ်မျက်နှာသစ်ဖွင့် ဒေသခံရာဂဏန်း တရုတ်ပြည်သို့ထွက်ပြေး

သျှမ်းသံတော်ဆင့်သတင်းဌာန.  ၉ရက်နေ့ မေလ ၂၀၁၃   —-  သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ထိန်းချုပ်နယ်မြေအတွင်း ယနေ့နံနက်ပိုင်း၌ အစိုးရစစ်တပ်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဒေသခံလူထု ၈၀ဝ ကျော် တရုတ်ပြည်သို့ ထွက်ပြေး တိမ်းရှောင် နေရသည်ဟုဆိုသည်။

Read More
ပွင့်လင်းမြင်သာမှု မရှိရင်တော့ အမှန်တိုင်း စုံစမ်းဖော်ထုတ်ဖို့လိုတယ်
May
9

သံယံဇာတများ မှန်ကန်စွာ အသုံးချရန် ရွှေဖြူတွင်းတူးဖော် စီမံကိန်းအား လွှတ်တော်တင်ပြမည်

မဇ္ဈိမသတင်းဌာန . ၉ရက်နေ့ မေလ ၂၀၁၃  —-   စစ်ကိုင်းတိုင်း ဒေသကြီး ရေဦးမြို့နယ် ညောင်နီကန် ကျေးရွာအုပ်စုအတွင်း ရွှေဖြူတူးဖော်သည့် စီမံကိန်းကို အချက်အလက်များ စုဆောင်းကာ လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အမျိုးသား လွှတ်တော်အမတ် ဒေါက်တာ မြင့်နိုင်က ပြောသည်။

Read More
TiZvFf
May
9

ကမ္ဘာ့ တတိယ အကြီးဆုံး နေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ မြန်မာတွင် ဆောက်မည်

မဇ္ဈိမသတင်းဌာန . ၉ရက်နေ့ မေလ ၂၀၁၃   —-   မြန်မာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန နှင့် ထိုင်း စွမ်းအင်ကုမ္ပဏီ တခုဖြစ်သည့် Green Earth Power (GEP) တို့သည် အမေရိကန် ဒေါ်လာ ၂၇၅ သန်း တန်ဖိုးရှိသည့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံတခု မြန်မာနိုင်ငံတွင် တည်ဆောက်ရန် နားလည်မှု စာချွန်လွှာ တခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။

Read More
electricity-pylons
May
9

၂၄ နာရီ လျှပ်စစ်ပြတ်တောက်နေမှု တာရှည်ပါက လုပ်ငန်းများရပ်ဆိုင်းသွားနိုင်

မဇ္စျိမသတင်းဌာန.   ၉ရက်နေ့ မေလ ၂၀၁၃   —–  ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များ အားလုံးကြုံတွေ့ နေရသည့် ၂၄ နာရီ လျှပ်စစ်မီးပြတ်တောက်နေမှု တာရှည်မည်ဆိုပါက လုပ်ငန်းများရပ်ဆိုင်းသွားသည်အထိ အခြေအနေ ဆိုးရွားလာနိုင်ကြောင်း စက်မှုဇုန်ကော်မတီတာဝန်ရှိသူများနှင့် လုပ်ငန်းရှင်အများစုက သုံးသပ် ပြောကြားလိုက် သည်။

Read More
130509102358_football_moyes_304x171_getty_nocredit
May
9

မန်ယူက ဒေးဗစ် မွိုင်းစ်ကို မန်နေဂျာ ခန့်ဖို့ရှိ

BBC News, 9May 2013  —  မန်ချက်စတာ ယူနိုက်တက် ဘောလုံး ကလပ် အသင်းရဲ့ နာမည်ကျော် မန်နေဂျာကြီး ဆာ အဲလက်စ် ဖာဂူဆန် အနားယူတော့ မယ်လို့ ကြေငြာပြီး နောက်တနေ့မှာပဲ မန်ယူရဲ့ မန်နေဂျာ အသစ် အဖြစ် အဲဗာတန် ကလပ် အသင်း မန်နေဂျာ ဒေးဗစ် မွိုင်းစ်ကို ခန့်အပ်မယ့်အကြောင်း မကြာခင် ကြေညာဖို့ ရှိနေပါတယ်။

Read More
89E2B2AC-E0CC-41BD-A742-D0752DB18320_w640_r1_s_cx0_cy8_cw0
May
9

ဘာသာရေး ပဋိပက္ခ တားမြစ်ထိန်းချုပ်ရေး

VOA News, 8May 2013   —-  (မျက်မှောက်ရေးရာ/သတင်းသုံးသပ်ချက်)  ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံမှာ ဖြစ်ပွါးခဲ့တဲ့ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေဟာ ဒီမိုကရေစီ ပွင့်လင်းမှု အစကနဦးကာလ နိုင်ငံတကာမှာ တွေ့ကြုံရစမြဲပြဿနာတွေ ဖြစ်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ အမေရိကန်ပါမောက္ခ David Steinberg က ပြောဆိုပါတယ်။ ပွင့်လင်းမှုကို တာဝန်သိမှုနဲ့ ထိန်းချုပ်သွားရမှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။ ဦးကျော်ဇံသာ နဲ့ Prof. David Steinberg တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။ မီဒီယာ အသံ တာဝန်ရှိရှိ ဖြေရှင်းလုပ်ကိုင်ကြဖို့ နားဆင်ရန် ဦးကျော်ဇံသာ ။ ။ Prof. Steinberg … မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ဘယ်လိုစိန်ခေါ်မှုတွေ ရှိလာနိုင်တာနဲ့ ပတ်သက်ပြီးတော့ [...]

Read More
130508135319_ferguson_manchester_304x171_bbc_nocredit
May
9

မန်ယူ မန်နေဂျာ ဖာဂူဆန် အနားယူတော့မယ်

BBC News, 8May 2013  —- အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ပူပူနွေးနွေ ချန်ပီယံ မန်ချက်စတာ ယူနိုက်တက် အသင်းက မန်နေဂျာ ဆာ အဲလက်စ် ဖာဂူဆန်ဟာ အခု ဘောလုံးရာသီ အကုန်မှာ အနားယူတော့မှာ ဖြစ်ပါတယ်။

Read More
ရွေးကောက်ပွဲ ရလဒ် အငြင်းပွားမှုမှ စတင်
May
9

မလေးရှား အတိုက်အခံ ဆန္ဒပြ

BBC News, 9May 2013  —-   မလေးရှား ရွေးကောက်ပွဲဟာ မဲမသမာ မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မလေးရှား အတိုက်အခံ ကို ထောက်ခံသူ အများအပြား စုဝေး ဆန္ဒပြနေ ကြပါတယ်။ ရဲအဖွဲ့က ဆန္ဒပြမှု ဟာ တရားဥပဒေနဲ့ မညီဘူးလို့ ဆိုတဲ့ ကြားက အာဏာဖီဆန်ပြီး ဆန္ဒပြ ကန့်ကွက် ကြပါတယ်။

Read More
50C415E7-4CE6-4C44-9493-EB7E5191A435_w640_r1_s_cx0_cy18_cw0
May
9

မလေးရှားရွေးကောက်ပွဲရလဒ် ကန့်ကွက်ဆန္ဒပြ

VOA News, 8May 2013  —-  မလေးရှားနိုင်ငံမှာ အတိုက်အခံတွေက မသမာမှုတွေ အကြီးအကျယ် ရှိခဲ့တယ်လို့ စွပ်စွဲပြီး ရွေးကောက်ပွဲ ရလဒ်ကို ကန့်ကွက် ဆန္ဒပြမယ်ဆိုရင် ဖမ်းဆီးမှာ ဖြစ်တဲ့ အကြောင်း ရဲတပ်ဖွဲ့က သတိပေးထားတဲ့ကြားကပဲ လူပေါင်းထောင်သောင်းချီ ဆန္ဒပြခဲ့ကြပါတယ်။

Read More
Hefajat-e-Islam-horror-300x191
May
9

ဒက္ကားမြို့တော်တွင် အစ္စလာမ်မစ် အဖွဲ့ဝင် ၃၀၀၀ ထိ အသတ်ခံခဲ့ရသည်ဆိုသော စွပ်စွဲချက် ထွက်ပေါ်

နိရဉ္စရာသတင်းဌာန. ၉ရက်နေ့ မေလ ၂၀၁၃  —-  ဘင်္ဂလာဒေခ်ျ့ ဒက္ကားမြို့တော်တွင် လွန်ခဲ့သော တနင်္ဂနွေနေ့ ညနေမှ တနလာင်္နေ့ နံနက်ထိ Hefajat –e- Islam အစ္စလာမ်မစ် အဖွဲ့ဝင်များအား နှိမ်နှင်းသော ညလုံးပေါက် စစ်ဆင်ရေးတွင် လူပေါင်း အနည်းဆုံး ၈၀၀ မှ ၃၀၀၀ အထိ သေဆုံးခဲ့သည်ဟု စွပ်စွဲချက်များ ထွက်ပေါ်နေသည်။

Read More
ကယ်ဆယ်ရေးလုပ်သားတွေက အလောင်းတွေကို ရှာဖွေသယ်ဆောင်လာစဉ် (၇ မေ ၂၀၁၃)
May
9

ဘင်္ဂလားဒေ့ရှ် စက်ရုံပြိုကျမှု သေဆုံးသူ ၈၀၀ နီးပါးရှိ

VOA News, 8May 2013  —   ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထည်ချုပ်စက်ရုံတွေရှိရာ ကုန်တိုက်တခု ပြိုကျရာက သေဆုံးသူ အရေအတွက် တဖြေးဖြေးနဲ့ ၈၀၀ နီးပါးအထိ တိုးလာနေပါတယ်။ အပျက်အစီးတွေကို ဆက်လက် ရှင်းလင်းရာက ထပ်မံတွေ့ရှိရတဲ့ အလောင်းတွေနဲ့ပါဆိုရင် သေဆုံးသူ အရေအတွက်ဟာ ၇၈၂ ယောက်အထိ ရှိသွားပြီလို့ ဒီကနေ့ပဲ အစိုးရတာဝန်ရှိသူတွေက ကြေညာခဲ့ကြတာပါ။

Read More
ဘရာဇီးသံအမတ်ကြီး Roberto Azevedo
May
9

WTO အကြီးအကဲသစ်အဖြစ် ဘရာဇီးသံအမတ်ကိုခန့်

VOA News,  9May 2013  —-   WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးအတွက် အကြီးအကဲသစ်အဖြစ် WTO ဆိုင်ရာ ဘရာဇီးသံအမတ်ကြီး ရိုဘာတို အဇေဗီရဲဒို (Roberto Azevedo) ကို WTO က ရွေးချယ်လိုက်ပါတယ်။

Read More
အမျိုးသမီး ၄ ယောက်ကို ပြန်ပေးဆွဲ ချုပ်လှောင် ရာအိမ်
May
9

အိုဟိုင်းယိုး ပြန်ပေးဆွဲမှု စွဲချက်တင်

BBC News, 8May 2013  —-   ကလိဗလန်း မြို့က အိမ်တလုံးမှာ အမျိုးသမီး သုံးယောက်ကို ဆယ်နှစ်ကျော် ပြန်ပေးဆွဲ ပိတ်လှောင် ပြီး အဓမ္မ ပြုကျင့်မှုတွေ အတွက် အမျိုးသား တဦးကို အိုဟိုင်းယိုး ပြည်နယ် ရဲက စွဲချက် တင်လိုက်ပါတယ်။

Read More
အောက်လွှတ်တော်ကြားနားပွဲမှာ အမေရိကန် သံတမန် Gregory Hicks ပြောကြားနေစဉ် (၈ မေ ၂၀၁၃)
May
9

Benghazi အမေရိကန်သံရုံး တိုက်ခိုက်ခံရမှု စစ်ကူတောင်းပေမဲ့ မရခဲ့

VOA News, 8May 2013  —-   ပြီးခဲ့တဲ့နှစ်တုန်းက လစ်ဗျားနိုင်ငံ Benghazi မြို့မှာ အမေရိကန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရစဉ်အတွင်း သူ့အနေနဲ့ စစ်ရေး အထောက်အကူရဖို့ ကြိုးစားခဲ့တယ်လို့ အဲ့ဒီအချိန်က ကောင်စစ်ဝန်ရုံးမှာ ဒုတိယအကြီးအကဲအဖြစ် တာဝန်ယူခဲ့သူက ပြောလိုက်ပါတယ်။

Read More
အမေရိကန်လွှတ်တော် ၂ ရပ် အစည်းအဝေးမှာ တောင်ကိုရီးယားသမ္မတ မိန့်ခွန်းပြောကြားစဉ် (၈ မေ ၂၀၁၃)
May
9

မြောက်ကိုရီးယားခြိမ်းခြောက်မှု အောင်မြင်မည်မဟုတ် သမ္မတ Park ပြောကြား

VOA News, 9May 2013  —-   နျူကလီးယားလက်နက် ကင်းရှင်းတဲ့ ကမ္ဘာကြီးဖြစ်ဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့အမြင်ကို ကိုရီးယားကျွန်းဆွယ်ကနေ စရမယ်လို့ တောင် ကိုရီးယားသမ္မတ ပခ် ဂွန် ဟေဲး (Park Geun-hye) က ပြောလိုက်ပါတယ်။

Read More
အမေရိကန်သမ္မတ Barack Obama နဲ့ တောင်ကိုရီးယားသမ္မတ Park Geun-hye တို့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ် (၇ မေ ၂၀၁၃)
May
9

မြန်မာနိုင်ငံကို အတုယူဖို့ မြောက်ကိုရီးယားကို အိုဘားမား တိုက်တွန်း

VOA News, 9May 2013   —-   မြောက်ကိုရီးယားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို အတုယူပြီး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က မြောက်ကိုရီးယားကို တိုက်တွန်းပြောကြားပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦး တင်ပြထားပါတယ်။

Read More
အင်ဒိုနီးရှားရဲတွေနဲ့ သံရုံးဗုံးခွဲဖို့ ကြံစည်သူတွေအဖြစ် သံသယရှိသူတွေကြား ပစ်ခတ်မှုဖြစ်
May
9

အင်ဒိုနီးရှားရဲနဲ့ ပစ်ခတ်မှုအတွင်း သံရုံးတိုက်ခိုက်ဖို့ ကြံစည်သူအဖြစ် သံသယရှိသူ ၃ ဦးသေဆုံး

VOA News, 8May 2013  —-   အင်ဒိုနီးရှားနိုင်ငံမှာ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြိုးပမ်းသူတွေလို့ သံသယရှိသူတွေကို နောက်ထပ် လိုက်လံဖမ်းဆီးရင်း လုံခြုံရေး အာဏာပိုင်တွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားရာက စစ်သွေးကြွ ၃ ယောက် သေဆုံးသွားပြီး အနည်းဆုံး တဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။

Read More
ဆူပူမှု အတွင်း ၁၈၄၃ ဦး ဖမ်းဆီး ခံရ
May
9

ရခိုင် အရေးအခင်း အမှုတွေ ထောင်ချ

BBC News, 9May 2013   —-  ရခိုင်ပြည်နယ် အရေးအခင်းနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူ ရခိုင်အမျိုးသား ၁ဝ ဦးကို စစ်တွေ ခရိုင်တရားရုံးက ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက် ပါတယ်။

Read More

English Version