ဆော်ဒီမှာ လျော်ကြေးရှာဖို့ သေဒဏ် ဆိုင်းငံ့

ဖိလစ်ပိုင် သမ္မတ ဘန်နစ်နို အာကွီနို ရဲ့ မေတ္တာ ရပ်ခံ ချက်ကြောင့် အခုလို ဆိုင်းငံ့ပေး လိုက်တာဖြစ်

BBC News,  12March 2013  —- ဆော်ဒီ အာရေဗျ နိုင်ငံမှာ သေဒဏ် စီရင် ခံရဖို့ ရှိတဲ့ ဖိလစ်ပိုင် အလုပ် သမား တဦး ကို ဆော်ဒီ ဘုရင် အဗ္ဗဒူလာ ကနေ သေဒဏ် ကို သုံးလ ဆိုင်းငံ့ ပေးလိုက်ပါ တယ်။

ဒီအလုပ် သမားဖြစ်သူ ဂျိုဆီလီတို ဇပန်တာကို လျော်ကြေးငွေ ဒေါ်လာ ၁ သန်း ပြည့်အောင် ရှာဖို့ အတွက် အချိန် ပေးလိုက် တာ ဖြစ်ပြီး အဲဒီငွေ ပမာဏကို လျော်နိုင် မယ် ဆိုရင် သူဟာ သေဒဏ် ကနေ ကင်းလွတ်ခွင့် ရမှာ ဖြစ်ပါတယ်။
ဖိလစ်ပိုင် သမ္မတ ဘန်နစ်နို အာကွီနို ရဲ့ မေတ္တာရပ်ခံ ချက်ကြောင့် ဆော်ဒီ ဘုရင် ကနေ မစ္စတာ ဇပန်တာ ကို အခုလို လျှော့ပေါ့ ပေးလိုက် တာလို့ ဖိလစ်ပိုင် ဒုသမ္မတ ဂျီဂျိုမာ ဘင်နေ က ပြောပါတယ်။

မစ္စတာ ဇပန်တာဟာ ဆောဒီမှာ အလုပ် လုပ်နေစဉ် သူ့ အိမ်ရှင်ဖြစ်သူ အလုပ်ရှင်ကို ၂၀ဝ၉ ခုနှစ်က သတ်ဖြတ် ခဲ့မှုနဲ့ သေဒဏ် ချမှတ် ခံထား ရတာ ဖြစ်ပါတယ်။

ဒါပေမယ်လို့ သေဆုံးသူ အလုပ်ရှင်ရဲ့ မိသားစုကို လျော်ကြေး ဒေါ်လာ ၁ သန်း ပေးနိုင်မယ် ဆိုရင် သူဟာ သေဒဏ် ကနေ ကင်းလွတ်မှာ ဖြစ်ပါတယ်။

ဒီအတွက် မစ္စတာ ဇပန်တာရဲ့ ဆွေးမျိုး သားချင်းတွေ ကနေ ငွေစု နေတာ အခု ဆိုရင် ဒေါ်လာ ၂ သိန်းခွဲ နီးပါး လောက် ရရှိ နေပြီ ဖြစ်ပါတယ်။

Leave A Comment