နိုင်ငံ့ဝန်ထမ်းများအား လစာတိုးမြှင့်ပေးမည်ဟု နိုင်ငံတော်သမ္မတပြောကြား

7Day News Journal, 13March 2013  —  ရန်ကုန်၊ မတ်-၁၃

ယခုနှစ် ဧပြီလမှ စတင်သုံးစွဲမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစတင်ကာ နိုင်ငံ့
ဝန်ထမ်းများအားလစာတိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မတ်လ ၁၂ ရက်က ပြုလုပ်သည့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးတွင်နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားသည်။

”ပြည်ထောင်စု အစိုးရအနေဖြင့် နိုင်ငံ့ဝန်ထမ်းများနဲ့ တပ်မတော်ဝန်ထမ်းများရဲ့ လစာ၊ စရိတ်ခံစားခွင့်တွေကို
ခေတ်နဲ့ လျော်ညီမှုရှိစေရန် တိုးမြှင့်ပေးနိုင်ရေးနှင့် လက်ရှိခံစားခွင့်ပြုထားသော အပိုထောက်ပံ့ကြေးနှင့် ဝေးလံခေါင်သီ
ဒေသရှိ ၀န်ထမ်းများအတွက် ဒေသစရိတ်တို့ကိုလည်း ဆက်လက်ခံစားခွင့်ပြုနိုင်ရေးအတွက် ထည့်သွင်းလျာထားပါတယ်”
ဟု နိုင်ငံတော်သမ္မတက ပြောသည်။

ထိုသို့ လစာငွေများ တိုးမြှင့်ပေးရာတွင် ၀န်ထမ်းအသုံးစရိတ်အား ယခင်နှစ်များ အသုံးစရိတ်များထက် ကျပ်ငွေ
၈၃၅ ဘီလီယံ ပိုမိုကျခံသုံးစွဲသွားမည် ဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ပေးနိုင်တော့မည်ဖြစ်ကြောင်း ပထမ
အကြိမ် ဆဋ္ဌမပုံမှန်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ ပေးပို့သော နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူးသ၀ဏ်လွှာတွင်
ဖော်ပြထားသည်။

Leave A Comment