စစ်တပ်ဖြင့် ဒီမိုကရေစီ ဖော်ဆောင်သည်ဆိုရာတွင်
The Voice Weekly , 12March 2013 —- ဒီမိုကရေစီနည်းကျ အာဏာသိမ်းခြင်းဆိုသည့် စကားသည် ပြန်လည်ဆန်းစစ်စရာ လိုသည့် စကားရပ် ဖြစ်လာသည်။ အာဏာနှင့် ဒီမိုကရေစီ ဆိုသည်မှာ မိတ်ဖက်စကားလုံး မဟုတ်။ သို့ဖြစ်ရာ အာဏာ သိမ်းခြင်းသည် ဒီမိုကရေစီနည်း မဟုတ်ဟူ၍လည်း သုံးသပ်မှုများ ရှိနေသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာသိမ်းရသည့် အနေအထားများ ရှိနိုင်ပါသည်။ အစိုးရတစ်ရပ်သည် အာဏာရှင်ဆန် လာလျှင်၊ အတိုက်အခံများကို ဖိနှိပ်လွန်းလျှင်၊ ဒီမိုကရေစီ နည်းကျကျ တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်း မရှိလျှင် စစ်တပ်သည် ဒီမိုကရေစီကို ထိန်းသိမ်းစောင့်ရှောက်ပြီး ပြည်သူကို အလေးထားသည့် အနေဖြင့် တိုင်းပြည်အာဏာကို ထိန်းသိမ်း စောင့်ရှောက်ကြရသည်။
ထိုထိန်းသိမ်းစောင့်ရှောက်မှု မှာလည်း ရာသက်ပန်မဟုတ်၊ ခေတ္တအခိုက်အတန့် အချိန်လေးသာ ဖြစ်ရမည်။ စစ်တပ်သည် ဒီမိုကရေစီကို နှိမ်နင်း မည့်သူများ မဟုတ်၊ ပြည်သူကို ဖိနှိပ်မည့်သူများ မဟုတ်ဟု ခံယူထားသောကြောင့် ဖြစ်သည်။
ဆောင်းပါးအားဆက်လက်ဖတ်ရှု့ရန် …..
(http://www.thevoicemyanmar.com/index.php/perspective/item/3699-stf.html)
