“မြန်မာကို ဖင်လန်က ယူရို ၆သန်းကူမည်”

Popular News Journal, 3March 2013  —-  ဟယ်လ်စင်ကီး၊ မတ် ၁

နိုင်ငံတော်သမ္မတဦးသိန်း၏ ခရီးစဉ်အတွင်း ဖင်လန်နိုင်ငံက မြန်မာနိုင်ငံအား ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု အကူအညီအဖြစ်ယူရို ၆ သန်းကျော်ပေးအပ်ရန် သဘောတူလက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

ဖင်လန်နိုင်ငံသို့ ရောက်ရှိနေသော သမ္မတဦးသိန်းစိန်နှင့် ဖင်လန်သမ္မတ Sauli Niinisto တို့ မြို့တော် ဟယ်လ်စင်ကီးတွင် မတ်လ ၁
ရက်နေ့က တွေ့ဆုံခဲ့ကြပြီး သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၆ ခုနှစ် ကြားကာလ မြန်မာနိုင်ငံအတွက်
ဖင်လန်အစိုးရက ဖွံ့ဖြိုးရေးအကူအညီအဖြစ် ယူရို ၆ ဒသမ ၄ သန်း ပံ့ပိုးမည့်အပြင် နှစ်ပေါင်း ၅၀ ခန့် စစ်အုပ်ချုပ်ရေးနှင့် အသားကျခဲ့ပြီးမှ ယခုကဲ့သို့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ပြုလုပ်လာသော မြန်မာအစိုးရအား ကောင်းမွန်သော အုပ်ချုပ်ရေးဆိုင်ရာအတွေ့အကြုံများ ဝေမျှပေးသွားမည်ဟု
ဖင်လန်သမ္မတက ဆိုသည်။

ထို့အတူ သမ္မတနှစ်ဦးစလုံးကဖင်လန်ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေးအခွင့်အလမ်းများ ရှာဖွေကြရန် တိုက်တွန်းပြောကြားခဲ့သည်။

PN-055
Ref:YLE News

Leave A Comment