တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီနှင့်တရားသူကြီးဟောင်းများ၊ ဥပဒေပညာရှင်များတွေ့ဆုံပွဲ
Mmnewshub , 8 September 2012 —- ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း တက်ရောက်အမှာစကားပြောကြားသည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တရားသူဟောင်းများ၊ ဥပဒေပညာရှင်များတွေ့ဆုံပွဲကိုယနေ့ နေ့လည် ၁နာရီတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
တရားဥပဒေစိုးမိုးရေးကို ရှေ့တန်းတင်ဆောင်ရွက်ရမည့် အခြေအနေဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွ
ဖိတ်ခေါ်ကျင်းပ ရခြင်း၏ ရည်ရွယ်ချက်အခြေအနေနှင့်ပတ်သက်ပြီး -
ဒေါ်အောင်ဆန်းစုကြည်က
အမှာ စကားပြောကြားရာတွင် တရားဥပဒေ စိုးမိုးရေးသည် လက်ရှိ အခြေ အနေ၌ ပြည်သူတို့၏ ယုံကြည်ထားမှု ၊ ပြည်သူ
အများ၏ အကြားရောက်ရှိနေသာ ဥပဒေ ကိစ္စရပ်များ ။ ကော်မတီဥက္ကဌ အနေဖြင့် လုပ်ငန်းများကို စတင် လုပ်ဆောင် သည့်အခါ ခေတ် အဆက်ဆက် ဖြတ်သန်းခဲ့သော ၊ ရင့်ကျက်မှုရှိသော ပုဂ္ဂိုလ် များထံမှသင်ယူ လိုသော ကိစ္စများရှိနေသောကြောင့် ယခုကဲ့သို့ တွေ့ဆုံပွဲကို ဖိတ်ခေါ်ကျင်းပ ရခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကာကွယ်ရေး၊ ပြည်ထဲရေး အစရှိသည့် ဌာနများကိုလည်း ဖိတ်ခေါ်ထားကြောင်း၊ ပြည်သူများ ၄င်းတို့ ၏ အခွင့် အရေး ကို သိရှိ နားလည် ရန်နှင့် ထိုအခွင့် ရေး ကိုကာကွယ်ခြင်းအားဖြင့် ဥပဒေကို မြင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း
“ကျွန်မတို့ ကော်မတီအနေနဲ့ ဘာတွေလုပ်မလဲဆိုတာ ရှင်းပြဖို့ ခက်ပါတယ်။ စတင် သင်ယူနေတဲ့အချိန် ဖြစ်ပါတယ်။ ယခုတွေ့ဆုံပွဲကလည်း ဥပဒေပညာရှင်တွေဆီကနေ သင်ယူချင်တဲ့စိတ်နဲ့ လုပ်ခဲ့တာဖြစ်ပါတယ်။ အတွေ့အကြုံရှိ ပုဂ္ဂိုလ်ကြီးတွေဆီကနေ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စတွေကို သင်ယူချင်လို့ပါ။ တရားဥပဒေစိုးမိုးရေးဆိုတာ တရာဥပဒေ ရှိရုံနဲ့ မလုံလောက်ပါဘူး။ တရာမျှတနေရုံနဲ့ မလုံလောက်ပါဘူး။ အများပြည်သူရဲ့ လုံခြုံရေးနဲ့ လွတ်လပ်ခွင့်ကို ဥပဒေက အကာအကွယ်ပေးနေတယ်ဆိုတဲ့ ယုံကြည်ချက်မျိုး ပြည်သူတွေမှာ ရှိဖို့လိုပါတယ်။ ဒီယုံကြည်မှုရှိပြီဆိုရင် ဒီလူ့အဖွဲ့အစည်းမှာ တရားဥပဒေစိုးမိုးရေးရှိပြီလို့ ယုံကြည်ရပါတယ်။ အခု တရားဥပဒေစိုးမိုးရေးဆိုတာ ဘယ်လိုပြောရမှန်းတောင် မသိဘူး။ တရားရုံးတွေကို သွားရင်၊ ငွေများတရားနိုင်ဆိုတဲ့ စကားတွေ ပြည်သူတွေကြားမှာ ပြောနေကြတယ်။ ကျွန်မတို့အနေနဲ့ တရားဥပဒေစိုးမိုးရေးကို လက်တွေ့ကျကျလုပ်နိုင်ဖို့၊ ဘာတွေလုပ်သင့်သလဲဆိုတာ အဖြေရှာဖို့ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့ပါသည်။
အကောင်းဆုံးအစိုးရ
ဥပဒေပညာရှင်များ တွေ့ဆုံဆွေးနွေးပွဲတွင် ကော်မတီဥက္ကဌဒေါ်အောင်ဆန်းစုကြည်က
တရားဥပဒေစိုးမိုးရေးရှိတဲ့ လူ့အဖွဲ့အစည်းဆိုတာ —
“”တရားဥပဒေစိုးမိုးရေးကိုအများ
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ညိုညိုသင်း
““တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ
ရမလဲဆိုရင် ကျွန်မတို့ ရန်ကုန်တိုင်းဒေသကြီး ၄၅ မြို့နယ်မှာ ခြောက်သန်းသောပြည်သူလူထုဟာ တကယ့်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပြဌာန်းထားတဲ့အတိုင်း သူတို့အမှန်တကယ် ကြည်ညိုလေးစားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အလိုရှိနေပါတယ်။ ဒါကို တရားဥပဒေစိုးမိုးရေးကော်မတီက နောက်တစ်ပတ်ကစပြီး ဆောင်ရွက်လို့ရပါတယ်။ ရန်ကုန်တိုင်း သော်လည်းကောင်း၊ မန္တလေးတိုင်းသော်လည်းကောင်း စရမှာဖြစ်ပါတယ်။ ကော်မရှင်အနေနဲ့ ရုံးခန်းတစ်ခုရှိသင့်ပါတယ်”” ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ညိုညိုသင်းက အဆိုပါ တွေ့ဆုံပွဲတွင် ပြောကြားသွားပါသည်။
ယခုတွေ့ဆုံဆွေးနွေးပွဲတွင် ဥပဒေပညာရှင် ၅ ဦးမှ တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ရန်လိုအပ်သည်များကို အကြံပြုဆွေးနွေးကြမည်ဖြစ်ကြောင်းသိရှိရပါသည်။
(ပြည်တွင်း သတင်းမီဒီယာများ၏ အင်တာနက်ဖေ့စ်ဘုတ် စာမျက်နှာ သတင်းဖော်ပြချက်များမှ ကောက်နှုတ်စုစည်း တင်ပြခြင်းဖြစ်ပါသည်)


