အဖွင့်ပွဲမှာ ရော်နယ်ဒိုရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရတဲ့ ရီးယဲလ်
ဧရာဝတီသတင်းဌာန. ၁၉ရက်နေ့ စက်တင်ဘာ ၂၀၁၂ — အင်အားကြီး နှစ်သင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်နဲ့ မန်စီးတီးအသင်းတို့ မနေ့ညက အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဒုတိယပိုင်း ၄၅ မိနစ်ကျမှ အပြန်အလှန် ဂိုးတွေသွင်းကြကာ ရော်နယ်ဒိုရဲ့ဂိုးနဲ့ ရီးယဲလ်အသင်းက အဖွင့်ပွဲမှာ ၃ မှတ် ရယူသွားခဲ့ပါတယ်။ ပွဲဟာ အုပ်စုတွင်း ပွဲစဉ်ဖြစ်ပေမယ့် နှစ်သင်းစလုံးမှ ကစားသမားတွေရဲ့ အရည်အချင်းအပြင် နည်းပြကောင်းနှစ်ဦးဖြစ်တဲ့ မော်ရင်ညိုနဲ့ မန်ချီနီတို့ရဲ့ ဗျူဟာပြိုင်မှုကြောင့် ဖိုင်နယ်အလား ကြည့်ကောင်းခဲ့တဲ့ ပွဲစဉ်ဖြစ်ခဲ့ပါတယ်။
ရီးယဲလ်နဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့မယ့် ချန်ပီယံလိဂ် ပထမနေ့
ဧရာဝတီသတင်းဌာန. ၁၈ရက်နေ့ စက်တင်ဘာ ၂၀၁၂ —- ၂၀၁၂-၂၀၁၃ ချန်ပီယံလိဂ် ပထမဆုံး အုပ်စုပွဲစဉ်များကို ယနေ့ည စတင်ကျင်းပတော့မှာဖြစ်ပြီး ပွဲကြီးပွဲကောင်းအနေနဲ့ လက်လွတ်မခံသင့်တဲ့ ပွဲကတော့ ရီးယဲလ်နဲ့ မန်စီးတီးအသင်းတို့ရဲ့ ပွဲစဉ်တွေဖြစ်ပြီး အင်္ဂလန် ကလပ်အသင်းဖြစ်တဲ့ အာဆင်နယ် အသင်းဟာလည်း ပြင်သစ်မြေမှာ မောင့်ပယ်လီယာ အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ ခြေစွာတတ်တဲ့ အေစီမီလန် အသင်းကတော့ ဘယ်ဂျီယမ် ကလပ် အန်ဒါလက်နဲ့ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မသန်စွမ်း အိုလံပစ် နောက်ဆုံးနေ့
BBC News, 9 September 2012 —– လန်ဒန်မြို့မှာ ကျင်းပနေတဲ့ မသန်စွမ်း အိုလံပစ် အားကစားပြိုင်ပွဲ နောက်ဆုံးနေ့ ဖြစ်တဲ့ တနဂင်္နွေနေ့ မှာတော့ ဘီးတပ်လှည်းစီး ယှဉ်ပြိုင်ရတဲ့ အမျိုးသား မာရသွန်နဲ့ အမျိုးသမီး မာရသွန် ပြေးပွဲတွေကို ကျင်းပခဲ့ရာ ထောင် သောင်းချီတဲ့ လူတွေဟာ လမ်းဘေး ဝဲယာ တလျှောက် ကြည့်ရှု့ အားပေးခဲ့ ပါတယ်။
မြန်မာဆိုးသွမ်းပရိတ်သတ်ကြောင့် ဒဏ်ငွေဆောင်ရ
ရန်ကုန် (မဇ္ဈိမ) . ၈ရက်နေ့ စက်တင်ဘာ ၂၀၁၂ —– မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် AFC U-22 ချန်ပီယံရှစ် ခြေစစ်ပွဲ (Group-G)ပွဲစဉ်များတွင် ပရိသတ်အချို့၏ ဆိုးသွမ်းသည့်အားပေးမှုများကြောင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်အား ဒဏ်ငွေ ဒေါ်လာ နှစ်သောင်းရှစ်ထောင် ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်လိုက်သည်။