အိန္ဒိယ မြောက်ပိုင်း မိုးသည်းပြီး ရေလွှမ်းမိုး

အိန္ဒိယမှာ မိုးသည်းလို့ ရေတွေ ကြီးနေ

BBC News, 19June 2013  —-   အိန္ဒိယ နိုင်ငံမြောက်ပိုင်းမှာ မိုးသည်းထန် ခဲ့တာကြောင့် ရေလွှမ်းမိုးမှုနဲ့ မြေပြိုမှု တွေဖြစ်ခဲ့ရာမှာ လူ ၁၃၀ ထက်မနည်း အသက်ဆုံးရှုံး ခဲ့ရပါတယ်။

ဖူကူရှီးမားအနီးက ရေတွေ အဆိပ်သင့်

ဖူကူရှီးမား နျူဓာတ်အားပေး စက်ရုံ

BBC News, 19June 2013  —   ဂျပန် နိုင်ငံက ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေး စက်ရုံရဲ့ အနီးက ရေတွေထဲမှာ အဆိပ်ရှိတဲ့ အိုင်ဆိုတုပ် Strontium-90 ပျော်ဝင်နှုန်း မြင့်မား နေတာကို တွေ့ရတယ်လို့ စက်ရုံက တာဝန်ရှိသူ တွေက ပြောပါတယ်။

ဘရာဇီး မှာ ဆက်လက် ဆန္ဒပြနေ

ရဲနဲ့ ဆန္ဒပြသူတွေ ရင်ဆိုင် အချင်းများ

BBC News, 20June 2013  —-   လူထု ဒေါသကို ပြေအေးဖို့ ဘတ်စကားခ ဈေးတက် တာတွေ ပြန်လျှော့ပေးဖို့ ဒေသ အာဏာပိုင်တွေ ဆုံးဖြတ် ခဲ့ပေမယ့်လည်း ဘရာဇီး မြို့ကြီး တွေမှာ ဆက်လက် ဆန္ဒပြ နေကြဆဲ ဖြစ်ပါတယ်။

၆ ပွင့်ဆိုင် ဆွေးနွေးပွဲ ပြန်စဖို့ မြောက်ကိုရီးယား လိုလား

မြောက်ကိုရီးယားရဲ့ နျူကလီယား ညှိနှိုင်းရေးမှူး Kim Kye Gwan (ညာ) တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ရောက်လာချိန် လက်ဝှေ့ယမ်း နှုတ်ဆက်နေစဉ် (၁၈ ဇွန် ၂၀၁၃)

VOA News, 20June 2013  —-   မြောက်ကိုရီးယားနိုင်ငံရဲ့ နျူးကလီးယား လက်နက်ဖျက်သိမ်းမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့ ၆ နိုင်ငံ ဆွေးနွေးပွဲကို ပြန်ပြီးတော့ ဆွေးနွေးဖို့ မြောက် ကိုရီးယား အာဏာပိုင်တွေက ဆန္ဒရှိတယ်လို့ တရုတ်နိုင်ငံက ပြောကြားလိုက်ပါ တယ်။ ၆ နိုင်ငံဆွေးနွေးပွဲဟာ အချိန်အတော်ကြာကတည်းက ရပ်ဆိုင်းနေခဲ့တာ ဖြစ်ပါတယ်။

တာလီဘန် အမေရိကန် ဆွေးနွေးပွဲ အာဖဂန်တက်ဖို့ ငြင်းဆို

9027FBDF-54BD-4229-BF43-5AC022FE813F_w640_r1_s_cx0_cy10_cw0

VOA News, 19June 2013  —-  အာဖဂန်အစိုးရက ကာတာနိုင်ငံမှာကျင်းပမယ့် တာလီဘန်နဲ့ ဆွေးနွေးပွဲကို တက်ရောက်မှာမဟုတ်ဘူးလို့ သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) က ပြောဆိုလိုက်ပါတယ်။ ဒီလို ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အာဖဂန်က ဦးဆောင်နိုင်မှသာ ပါဝင်တက်ရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တာလီဘန်နဲ့ ဆွေးနွေးပွဲ သမ္မတခါဇိုင်းမတက်

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်မှာမဟုတ်တဲ့ သမ္မတ ခါဇိုင်း

BBC News, 19June 2013  —-  အာဖဂန် နစ္စတန် သမ္မတ ဟာမစ် ခါဇိုင်းက တာလီဘန် နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အာဖဂန်က ခေါင်းဆောင် မဆွေးနွေးရသရွေ့ အဲဒီ ဆွေးနွေးပွဲကို တက်မှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။

နျူကလီးယား လျှော့ချရေး ဘာလင် မိန့်ခွန်းမှာ အိုဘားမား တိုက်တွန်း

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဂျာမဏီနိုင်ငံ ဘာလင်မြို့က သမိုင်းဝင် Brandanburg Gate မှာ ပြောကြားသွားတဲ့ မိန့်ခွန်းအတွင်း ကမ္ဘာတလွှား နျူကလီးယားလက်နက် ကင်းမဲ့ရေးလုပ်ဆောင်ဖို့ တိုက်တွန်း ပြောဆိုသွားပါတယ်။     နျူကလီးယား လက်နက် ပိုင်ဆိုင်မှု ၃ ပုံ ၁ ပုံ လျော့ချရေးအတွက် လုပ်ဆောင်သွားမှာဖြစ်သလို စစ်အေးခေတ်တုန်းက နျူကလီးယား ရန်သူတွေအဖြစ် ရပ်တည်ခဲ့ကြတဲ့ အနေအထားထက် ကျော်လွန်ပြီး ရပ်တည်ကြဖို့ ရုရှားနိုင်ငံနဲ့ ဆွေးနွေးသွားမယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။   အမေရိကန်နိုင်ငံနဲ့ မဟာမိတ်တွေရဲ့ လုံခြုံရေးအတွက် သေချာအောင် လုပ်ဆောင်တာနဲ့ ခိုင်မာပြီး ဗျူဟာမြောက်တဲ့ ကာကွယ်ရေးစနစ်ကို ထိန်းသိမ်းထားတဲ့ တချိန်ထဲမှာပဲ နျူကလီးယား လက်နက်တွေကို လျှော့ချလို့ ရနိုင်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။   သမ္မတ အိုဘားမားရဲ့ အဆိုပြုချက်အရ အမေရိကန်နဲ့ ရုရှားနိုင်ငံတို့အကြား ရရှိထားတဲ့ New START လို့ ခေါ်တဲ့ သဘောတူညီချက်ပါ သတ်မှတ်ချက်တွေထက် နျူကလီးယားထိပ်ဖူး ၃ ပုံ ၁ ပုံ လျှော့ချကြမှာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ အဲဒီ သဘောတူညီချက်အရ အမေရိကန်နဲ့ ရုရှားတို့ ပိုင်ဆိုင်ထားတဲ့ မဟာဗျူဟာမြောက် နျူကလီးယား ထိပ်ဖူး အရေအတွက်ကို ၂၀၁၈ ခုနှစ် မတိုင်ခင် ၃ ပုံ ၁ ပုံလျော့ချကြရမှာ ဖြစ်ပါတယ်။   ရုရှားအစိုးရအနေနဲ့ သူတို့ရဲ့ မဟာဗျူဟာမြောက် ကာကွယ်ရေးစနစ်ကို အနှောက်ယှက်ခံမှာ မဟုတ်သလို ရုရှားရဲ့ နျူကလီးယား တပ်အင်အား ထိရောက်မှု လျော့ကျစေမယ့်ကိစ္စကို ခွင့်ပြုမှာဟုတ်ဘူးလို့ သမ္မတ အိုဘားမား ဘာလင်မြို့မှာ စကားမပြောခင်လေးမှာပဲ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) က ပြောဆိုခဲ့ပါတယ်။   သမ္မတ အိုဘားမားရဲ့ ဒီမိန့်ခွန်းဟာ ကွယ်လွန်သူ အမေရိကန် သမ္မတဟောင်း John F. Kennedy ဒီ Brandenburg Gate မှာပဲ “ကျနော်ဟာ ဘာလင်မြို့သားဖြစ်တယ်” လို့ သမိုင်းဝင်မိန့်ခွန်း ပြောကြားပြီး နှစ်ပေါင်း ၅၀ လောက်အကြာမှာ ပြောကြားတာလည်း ဖြစ်ပါတယ်။ ၁၉၈၇ ခုနှစ်တုန်းကလည်း အမေရိကန်သမ္မတ Ronald Reagan က အဲဒီအချိန်တုန်းက ဆိုဗီယက်ခေါင်းဆောင် Mikhail Gorvachev အနေနဲ့ “ဘာလင် တံတိုင်းကြီးကို ဖြိုချပေးပါ” လို့  တောင်းဆိုတဲ့ သမိုင်းဝင် မိန့်ခွန်းကို ပြောကြားခဲ့ပါသေးတယ်။

VOA News, 19June 2013  —-   အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဂျာမဏီနိုင်ငံ ဘာလင်မြို့က သမိုင်းဝင် Brandanburg Gate မှာ ပြောကြားသွားတဲ့ မိန့်ခွန်းအတွင်း ကမ္ဘာတလွှား နျူကလီးယားလက်နက် ကင်းမဲ့ရေးလုပ်ဆောင်ဖို့ တိုက်တွန်း ပြောဆိုသွားပါတယ်။  

အဏုမြူ မပြန့်ပွားရေး အိုဘားမား တောင်းဆို

ဘာလင် ရဲ့ အထင်ကရ Brandenburg တံခါးဝမှာ မိန့်ခွန်းပြော

BBC News, 19June 2013  —-   အဏုမြူ လက်နက် မပြန့်ပွားရေး အတွက် အရှိန်မြှင့် ကြိုးပမ်း ကြဖို့ သမ္မတ အိုဘားမားက ဘာလင်မှာ တောင်းဆို လိုက်ပါတယ်။

ဆီးရီးယားသူပုန်ကို ထောက်ပံ့မယ့် စစ်ရေးအကူ အိုဘားမား ထုတ်ဖော်ခြင်းမရှိ

အမေရိကန်သမ္မတ အိုဘားမား နဲ့ ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာကဲ တို့ရဲ့ ဘာလင်မြို့က ပူးတွဲသတင်းစာရှင်းလင်းပွဲ (၁၉ ဇွန် ၂၀၁၃)

VOA News, 20June 2013  —-   ဆီးရီးယားအစိုးရဟာ သူ့နိုင်ငံက သွေးထွက်သံယိုမှု များလှတဲ့ ပြည်တွင်းစစ်ထဲမှာ ထောင်သောင်းချီတဲ့ နိုင်ငံသားတွေကို သတ်ဖြတ်ခဲ့တဲ့အတွက် သူ့ရဲ့ အုပ်ချုပ်ပိုင်ခွင့်အာဏာ ဆုံးရှုံးသွားပြီလို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောပါတယ်။ ဒါပေမဲ့ ဆီးရီးယား သူပုန်တပ်ဖွဲ့တွေကို ဘယ်လို စစ်ရေး အထောက်အပံ့မျိုး ပေးမယ်ဆိုတာကိုတော့ ပြောဆိုဖို့ ငြင်းဆိုပါတယ်။

ပြန်ပေးဆွဲငွေတောင်းမှု မလိုက်လျောဖို့ G-8 သဘောတူ

G-8 အစည်းအဝေးတွင် အလွတ်သဘောတွေ့ဆုံဆွေးနွေးနေသော အမေရိကန် သမ္မတအိုဘားမားနဲ့ ရုရှားသမ္မတ ပူတင် (ဂျွန်လ၊ ၁၇၊ ၂၀၁၃။)

VOA News, 18June 2013  —   G-8 စက်မှုထိပ်သီးနိုင်ငံ ၈ နိုင်ငံခေါင်းဆောင်တွေဟာ အကြမ်းဖက်သမားတွေ ပြန်ပေးဆွဲ ငွေညှစ်တဲ့ကိစ္စတွေကို မလိုက်လျောကြဖို့ သဘောတူညီမှုရခဲ့ပါတယ်။