ဂျပန်ပေါ် တင်နေတဲ့ အကြွေးတွေ မြန်မာကို လျှော်ပေးနိုင်တော့မလား
BBC News, 25May 2013 —- ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ မြန်မာနိုင်ငံကို သောကြာနေ့ မနေ့တုန်းက ရောက်ရှိလာပြီး ဒါဟာ ၃၆ နှစ် အတွင်း ဂျပန် နိုင်ငံ အကြီးအကဲ တယောက်ရဲ့ ပထမဆုံး ခရီး ဖြစ်ပါတယ်။
ဒေါ်လာဈေးမြင့်တက်မှု ဗဟိုဘဏ် ဝင်ထိန်းမည်မဟုတ်
DVB News, 24May 2013 —- ပြည်တွင်းမှာ လတ်တလော နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာရခြင်းက ဈေးကွက်ရဲ့ သဘောသဘာဝဖြစ်တဲ့ ၀ယ်လိုအား မြင့်တက်လာခြင်းကြောင့် ဖြစ်တဲ့အတွက် ဗဟိုဘဏ်အနေနဲ့ ၀င်ရောက် ထိန်းကျောင်းမှာ မဟုတ်ဘူး ဗဟိုဘဏ်တာဝန်ရှိသူတဦးက ပြောပါတယ်။
တိုက်ကြေ တိုက်ကား တင်သွင်းသည့် ကုမ္ပဏီများ အရေးယူပြီ
ရန်ကုန် (မဇ္ဈိမ) . ၂၃ရက်နေ့ မေလ ၂၀၁၃ —- ယာဉ် မတော်တဆ တိုက်မှု ဖြစ်ပွားပြီး ထိခိုက်ပျက်စီးထားသည့် မော်တော်ကားများကို ပြည်ပ နိုင်ငံများမှ တင်သွင်းခဲ့သည့် ကုမ္ပဏီများအား တင်သွင်းခွင့် ၁ နှစ် ပိတ်ပင်လိုက်သည်။ သို့သော် ရောင်းချခွင့်ကိုမူ ဆက်လက်ခွင့်ပြုပေးထားကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။
ဒေသခံတွေ တိုင်ကြားမှုကြောင့် ကုမ္ပဏီက ရွှေ ၂ တန် ပြန်ပေးဖို့ အမျိုးသားလွှတ်တော်ဆုံးဖြတ်
RFA News, 23May 2013 —- ရှမ်းပြည်နယ် ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ အခြေစိုက် အာရှကမ္ဘာမြေ ကုမ္ပဏီက နိုင်ငံတော်ကို တစ်လ ရွှေပိသာချိန် ၃၀ ပေးသွင်းရမယ့်အစား တစ်လမှာ ၃ ပိသာလောက်ပဲ ပေးသွင်းခဲ့တာကြောင့်၊ နိုင်ငံတော်ကိုပေးဖို့ကျန်ရှိတဲ့ ရွှေတန်ချိန် ၂ တန်ကို ၅ နှစ်အတွင်း ပေးသွင်းရမယ်လို့ အမျိုးသားလွှတ်တော် သတ္ထုနဲ့ သယံဇာတ ရေးရာကော်မတီက ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။
သီလဝါစီမံကိန်း လျော်ကြေးကိစ္စ အစိုးရ ဆောင်ရွက်
BBC News, 23May 2013 —- လက်ရှိမှာ ဂျပန်နိုင်ငံက မြန်မာနိုင်ငံမှာ ရင်နှီးမြှုပ်နှံဖို့ ထင်ထင်ရှားရှား ရှိတာကတော့ သီလဝါ စက်မှုဇုန် စီမံကိန်းဖြစ်ပါတယ်။
မြန်မာရှိ အမေရိကန် စီးပွားရေးလုပ်ငန်း အစီရင်ခံစာများတင်ဖို့ ရက်သတ်မှတ်
VOA News, 24May 2013 —- မြန်မာနို်င်ငံမှာ ရင်းနှီးမြှုပ်နှံနေတဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အခုလာမယ့် ဇူလှိုင် ၁ ရက်နေ့မှာ တာဝန်သိရင်းနှီးမြုပ်နှံမှုဆိုင်ရာ ပထမဆုံး အစီရင်ခံစာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနထံ တင်သွင်းကြရမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ မြန်မာနိုင်ငံတွင်း တာဝန်သိရင်းနှီးမြှုပ်နှံမှုတွေဖြစ်ဖို့ နဲ့ မြန်မာနိုင်ငံ အပြောင်းအလဲတွေ အားဖြစ်စေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ဒီအကြောင်းကိုတော့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
မြန်မာ့စီးပွားရေး အလားအလာကောင်း IMF ခန့်မှန်း
VOA News, 22May 2013 —- မနှစ်က မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ ၆ ဒဿမ ၅ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ IMF ခေါ် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ဒီနေ့ ခန့်မှန်းလိုက်ပြီး ဆက်ပြီး ပုံမှန် တိုးတက်လာမယ့် အနေအထားရှိတယ်လို့လည်း ဆိုပါတယ်။
အမေရိကန်နဲ့ ကုန်သွယ်ရေး ကောင်စီ ရုံးတွေဖွင့်မယ်
BBC News, 22May 2013 —- မြန်မာ သမ္မတ ဦးသိန်းစိန် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိ နေစဉ်မှာ မြန်မာ အမေရိကန် ကုန်သွယ်ရေး ကောင်စီ ရုံး ၃ ခုကို ဝါရှင်တန်၊ နယူးယောက်နဲ့ ရန်ကုန်မြို့တွေမှာ ဖွင့်လှစ် သွားဖို့ ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။
နယ်စပ်ကုန်သွယ်ရေးစခန်း ၂ ခု ထပ်ဖွင့်မည် – ဦးတင်ရဲဝင်း
DVB News, 22May 2013 —- မေလဆန်းပိုင်းမှာ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းအသစ် ၂ ခု ထီးခီးနဲ့ မောတောင်ဖွင့်လှစ်ခဲ့ပြီး နယ်နိမိတ်တိုင်းတာရေးကိစ္စတွေပြီးပြတ်ရင် ဘုရားသုံးဆူနဲ့ မဲစဲ နယ်စပ် စခန်း ၂ ခု ထပ်ဖွင့်သွားမယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောပါတယ်။
ဒေါ်လာဈေးနှုန်း မြင့်တက်နေခြင်းကြောင့် ဆေးဝါးဈေးကွက်အတွင်း ဈေးနှုန်းများမြင့်တက်
မဇ္စျိမသတင်းဌာန . ၂၂ရက်နေ့ မေလ ၂၀၁၃ —– ဒေါ်လာဈေးနှုန်း မြင့်တက်နေခြင်းကြောင့် ပြည်တွင်းရှိ ဆေးဝါးဈေးကွက်အတွင်း ဈေးနှုန်းများ မြင့်တက်လာ ကြောင်း မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဇော်မိုးခိုင် ကပြောသည်။