သွေးလွန်တုပ်ကွေး ဒီနှစ် အဖြစ်များနိုင်

သွေးလွန်တုပ်ကွေးဟာ ခြင်က တဆင့် ကူးစက်

BBC News, 10June 2013  —   မြန်မာနိုင်ငံမှာ သွေးလွန် တုပ်ကွေး ရောဂါ ဖြစ်ပွားမှု မနှစ် ကထက် ပိုပြီး အဖြစ်များ လာနိုင်တယ်လို့ ရန်ကုန်မြို့ ကလေး ဆေးရုံကြီး ကလေး ကျန်းမာရေး ပညာ ဌာနမှူး၊ ပါမောက္ခ ဒေါက်တာ စောဝင်းက ပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ် ငှက်ဖျား ထိန်းချုပ် ကာကွယ်ရေး USAID ကူမယ်

ငှက်ဖျားရောဂါ တိုက်ဖျက်ရေး ကူမယ့် USAID

BBC News, 26April 2013  —-   ထိုင်း-မြန်မာ နယ်စပ်မှာ ငှက်ဖျား ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး အစီအစဉ်ဖြစ်တဲ့ Malaria Prevention and Control in Myanmar – Thailand Border ကို ထိုင်း-မြန်မာနဲ့ အမေရိကန် USAID တို့ ဘန်ကောက် နိုင်ငံခြားရေး ဝန်ကြီး ဌာနမှာ ဒီကနေ့ မွန်းလွဲပိုင်းမှာ လက်မှတ် ရေးထိုး ကြမှာ ဖြစ်ပါတယ်။

သင်္ကြန်တွင်း နေလောင် အသားအရေ ကြေးချွတ်ခြင်း မပြုသင့်

myanmar-water-festival

Popular News Journal, 10April 2013   —– သင်္ကြန်လည်ပြီးနောက် နေ လောင်ခြင်း၊အရေပြားရဲ၍ ယောင် ခြင်းများ ဖြစ်ချိန်တွင် အရေပြားscrub (ကြေးချွတ်ခြင်း) မပြုလုပ် သင့်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးအရေပြားအထူးကုဌာနမှ ဒေါက် တာလင်းထက် ပြောသည်။

သွေးတိုးရောဂါတိုက်ဖျက်ရေး WHO ဆော်သြ

ကမ္ဘာတ၀ှမ်း သွေးတိုးရောဂါဖြစ်ပွားမှု အခြေအနေပြမြေပုံ။

VOA News, 6April 2013  —-   ဒီကနေ့ ဧပြီလ ၇ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ကျန်းမာရေးနေ့မှာ အဖြစ်များပြီး အဓိက သေဆုံးမှုဖြစ်စေတဲ့ သွေးတိုးရောဂါ ကာကွယ်ရေး ၀ိုင်းဝန်းကြိုးပမ်းကြဖို့ ကုလသမဂ္ဂအဖွဲ့ကြီးကနေ နှိုးဆော်လိုက်ပါတယ်။ နှလုံးရောဂါ လေဖြတ်တာနဲ့ သေဆုံးမှုတွေကို အဓိကဖြစ်စေတဲ့ ဒီသွေးတိုးရောဂါကို ကမ္ဘာပေါ်က အသက် ၂၅ နှစ်အထက် လူစုစုပေါင်းရဲ့ သုံးပုံတပုံမှာ ခံစားနေရပြီလို့ သတိပေးလိုက်ပါတယ်။ ၂၅ နှစ်လို ငယ်ရွယ်တဲ့အချိန်ကနေစပြီး ၃ ယောက်မှာ တယောက်နှုန်းနဲ့ အတော်လေးဖြစ်လာနေတဲ့ ဒီရောဂါကို ဖြစ်နေကြတဲ့ကာယကံရှင်တွေ ကိုယ်တိုင်က သူတို့မှာ ဖြစ်နေမှန်းမသိကြတာ အများကြီးရှိပြီး နိုင်ငံတကာ ကျန်းမာရေး အသိုင်းအ၀ိုင်းအနေနဲ့ ဒါကိုဝိုင်းဝန်းကူညီဖို့ အခုလို တိုက်တွန်းလိုက်တာပါ။ အပြည့်စုံကို ဗွီအိုအေသတင်းထောက် Carol Pearson [...]

နေပူထဲထွက်ရင် ထီးဆောင်းဖို့ မိုးဇလပညာရှင် မှာကြား

နေပူပူ အောက်က ကမ်းခြေအလှ

BBC News, 6April 2013  —–  တကမ္ဘာလုံး အဆင့်မှာ ခရမ်းလွန်ရောင်ခြည် သင့်မှုကို 11 + လို့ သတ်မှတ်တဲ့ အတွက်ကြောင့် သုံညကနေ ရေတွက်ကြည့်ရင် ၁၂ ဆင့်ရှိတယ်လို့ မိုးလေဝသနဲ့ ဇလ အရာရှိ အကြီးအကဲဟောင်း ဦးထွန်းလွင်က ပြောပါတယ်။

လူတိုင်းသိသင့်တဲ့ ဆေးပညာ

44E33F5E-DA30-42DB-AC7D-97581F5071F2_w640_r1_s

VOA News,  3April 2013  —-  ဆေးပညာရပ်နဲ့ ပတ်သက်ပြီး သိသင့် သိထိုက်တဲ့ ပညာပေး ဆောင်းပါးတွေအပြင် မိမိ ရောဂါ ဝေဒနာနဲ့ ပတ်သက်ပြီး မေးမြန်းလိုတာတွေကို မေးမြန်းနိုင်တဲ့ ဒေါက်တာ သူရိန်လှိုင်ဝင်းရဲ့ ဘလော့အကြောင်း တင်ပြပေးထားပါတယ်။

သင်္ကြန်ကာလအတွင်း ခရမ်းလွန်ရောင်ခြည် အန္တရာယ် ပိုများကြောင်း ဦးထွန်လွင် ပြောကြား

408128_10151554766913128_510570402_n

RFA News, 31March 2013  —-  မြန်မာတနိုင်ငံလုံးမှာ Ultraviolet  Ray လို့ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည် ကျရောက်မှုနှုန်း မြင့်တက်နေတဲ့ အတွက် အထူးသတိထား သွားလာကြဖို့၊ အထူးသဖြင့် သင်္ကြန်တွင်းမှာ အဝတ်အစား လုံလုံခြုံခြုံ ဝတ်ဆင်ကြဖို့ မြန်မာ့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က သတိပေးလိုက်ပါတယ်။

မြန်မာပြည်မှာ ခရမ်းလွန်ရောင်ခြည်လွန်ကဲ

621A2043-47B8-4072-B24D-46CD9C7B2618_w640_r1_s_cx0_cy7_cw81

VOA News, 8March 2013  —-  မြန်မာပြည်တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ ခရမ်းလွန်ရောင်ခြည် ကျရောက်မှု ညွန်းကိန်း အဆင့်ဟာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အထိ သိသိသာသာ မြင့်တက်လာနေတယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။ ဒါကြောင့် ခရမ်းလွန် ရောင်ခြည် ညွှန်းကိန်းအဆင့် အမြင့်ဆုံးဖြစ်တဲ့ မွန်းတည့်ချိန်တွေမှာ နေပူထဲမထွက်ဖို့နဲ့ ထွက်မယ်ဆိုရင်လည်း အကာအကွယ်ယူပြီး သွားလာကြဖို့ကို တိုက်တွန်းထားပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဗီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော်က တင်ပြမှာဖြစ်ပါတယ်။ 

အသင့်စား အသားတွေ အစားများရင် အသက်တိုမယ်

130307133125_processed_meat_304x171_bbc_nocredit

BBC News, 7March 2013  —-  အသင့်စားနိုင်အောင် ကြာရှည်ခံ အစားအစာတွေအဖြစ် ထုတ်လုပ်ထားတဲ့ အသားတွေစားရင် စောစောစီးစီး ဆုံးပါးနိုင်တယ်လို့ ဗြိတိသျှ ဆေးပညာဂျာနယ်က ရေးသားလိုက်ပါတယ်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန အဆင့်တိုးမြှင့် ဖွဲ့စည်းမည်

အန္တရာယ်ဖြစ်စေတဲ့ အစားအသောက် ဆေးဝါးတွေဟာ ဈေးကွက်ထဲမှာ အများကြီး ရှိနေဆဲ

ရန်ကုန် (မဇ္ဈိမ) .  ၇ရက်နေ့ မတ်လ ၂၀၁၃  —-  ကျန်းမာရေး ဦးစီးဌာန အောက်ရှိ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဌာနအား အဆင့်မြှင့်တင်ပြီး တိုးချဲ့ဖွဲ့စည်းရန် ဆောင်ရွက်နေကြောင်း ကျန်းမာရေး ဒု-ဝန်ကြီးက ပြောဆိုလိုက်သည်။