တူရကီဆန္ဒပြမှု အသွင်ပြောင်း
VOA News, 19June 2013 — တူရကီနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ ပုံစံသစ်တမျိုးနဲ့ ဆက်ပြီးတော့ ဆန္ဒပြခဲ့ကြပါတယ်။ အစ္စတန်ဘူမြို့က တက်ဆင်ရင်ပြင်မှာ လူပေါင်း ရာပေါင်းများစွာဟာ သရုပ်ပြအနုပညာရှင် အာဒန် ဂူဒတ်စ် (Erdem Gunduz) နဲ့အတူ နာရီပေါင်းများစွာ ငြိမ်ငြိမ်ကလေး ရပ်ပြီးတော့ အသံတိတ် ဆန္ဒပြခဲ့ပါတယ်။
တူရကီရဲတွေ နိုင်ငံအဝှမ်း ဆန္ဒပြသူတွေကို ဖမ်းဆီး
VOA News, 18June 2013 —- တူရကီနိုင်ငံမှာ သီတင်းသုံးပတ်နီးပါး အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူတွေရဲ့ နေအိမ်တွေကို ရဲတပ်ဖွဲ့က နိုင်ငံအနှံ့မှာ လိုက်လံစီးနင်း ရှာဖွေနေပြီး ဒါဇင်နဲ့ချီတဲ့လူတွေကို ဖမ်းဆီးခဲ့ပါတယ်။
အမေရိကန်အစိုးရ အာဖဂန်တာလီဘန်တို့နဲ့ တိုက်ရိုက် ဆွေးနွေးမည်
VOA News, 19June 2013 — အာဖဂန်နိုင်ငံမှာ ဆယ်စုနှစ် တစ်ခုကျော်ကြာ စစ်ပွဲကို အဆုံးသတ်နိုင်မယ့် ဘောင်တစ်ခု ချမှတ်နိုင်ဖို့ လုပ်ဆောင်တဲ့အနေနဲ့ ဒီသီတင်းပတ်ကုန်ပိုင်းမှာ တာလီဘန်တို့နဲ့ တရားဝင် ညှိနှိုင်းဆွေးနွေးဖို့ အမေရိကန်ပြည်ထောင်စုက စီစဉ်ထားပါတယ်။
တာလီဘန်တွေနဲ့ တိုက်ရိုက် အမေရိကန် ဆွေးနွေးမယ်
BBC News, 19June 2013 — အမေရိကန် ပြည်ထောင်စုဟာ လာမယ့် ရက်ပိုင်းတွေ အတွင်း တာလီဘန်တွေနဲ့ တိုက်ရိုက် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လမ်းဖွင့်ပေးလိမ့်မယ်လို့ သမ္မတ အိမ်ဖြူတော်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။
အာဖဂန်လုံခြုံရေး နေတိုးဆီက အာဖဂန်တပ်တွေ လွှဲယူ
BBC News, 18June 2013 — အာဖဂန်နစ္စတန်မှာ လုံခြုံရေးတာဝန်တွေကို နေတိုးတပ်ဖွဲ့ဝင်တွေဆီကနေ အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေက တရားဝင်လွှဲ ပြောင်းယူလိုက်ပါပြီ။
စစ်ပွဲ ပဋိပက္ခတွေကြောင့် ကမ္ဘာမှာ ဒုက္ခသည် ဦးရေ အများဆုံး မြင့်တက်
BBC News, 19June 2013 — အရင် ယူဂိုဆလားဗီးယားနဲ့ ရိုဝမ်ဒါ တို့မှာ ပဋိပက္ခတွေ ဖြစ်ခဲ့ပြီး ကတည်းက ဆိုရင် အခုအခါ နေအိမ်စွန့်ခွာပြေးရတဲ့ ဒုက္ခသည် အရေအတွက် အများဆုံး အဆင့်ကို ရောက်နေတယ်လို့ UNHCR ကထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေ အရ သိရပါတယ်။
မြန်မာ့ အရေးကို ၀ိုင်းဝန်း ကူညီကြဖို့ ဗြိတိန် တိုက်တွန်း
RFA News, 18June 2013 — ရေဘေး၊ ရောဂါဘယဘေးတွေ ကြုံတွေ့နိုင်ဖွယ်ရှိနေတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် နဲ့ ကချင်ပြည်နယ်က ဒုက္ခသည်တွေ ကူညီရေး နဲ့ မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေဖြေရှင်းနိုင်အောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အားတက်သရော ကူညီပံ့ပိုးကြဖို့ ဗြိတိန်အစိုးရ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ၀န်ကြီး Alan Duncan က တိုက်တွန်း လိုက်ကြောင်း ဗြိတိန်အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
မွတ်ဆလင်တွေပေါ် အကြမ်းဖက်မှုရပ်ဖို့ ကုလတိုက်တွန်း
VOA News, 18June 2013 —- မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာမွတ်ဆလင်တွေအပါအ၀င် မွတ်ဆလင်လူနည်းစုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ အတော်လေး စိုးရိမ်မကင်းဖြစ်ရတယ်ဆိုတာကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အဖွဲ့ဝင်နိုင်ငံတွေ ဆွေးနွေးခဲ့ကြပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်း ထိုင်းမြန်မာ ရှယ်ယာတဝက်စီ
BBC News, 18June 2013 —- ထားဝယ်ရေနက် ဆိပ်ကမ်းနဲ့ စက်မှုဇုန် စီမံကိန်းကို မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့ အစုရှယ်ယာ တစ်ဝက်နှုန်းဆီနဲ့ ကုမ္ပဏီဖွဲ့ ဆောင်ရွက်ဖို့ သဘောတူစာချုပ် ချုပ်ဆိုလိုက်ပါတယ်။
ထားဝယ်မှာ လယ်သမားတွေကို လျော်ကြေးပေး
RFA News, 18June 2013 — တနသာင်္ရီတိုင်း၊ ထားဝယ်မြို့၊ ကမြောကင်းလမ်းတောင်ဘက်မှာ အာဏာပိုင်တွေ သိမ်းယူထားတဲ့ လယ်ယာမြေဧက ၃ဝဝ ကျော်အတွက် လယ်သမားတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့က လယ် ၃ ဧကကို ပေ ၄ဝ×၆ဝ မြေကွက်တစ်ကွက်နှုန်း လျော်ကြေးပေးသွားမယ်လို့ ဒီကနေ့ လယ်သမားတွေနဲ့ တွေ့ဆုံမှုမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။