• 00

    သမ္မတဖြစ်ရေး နဲ့ သားသမီး အရေး ဆက်စပ်မှု အိုဘားမား ဝေဖန်

    Friday, November 14, 2014

      14November 2014   —-  အမေရိကန်သမ္မတ Barak Obama က မြန်မာ့ပြုပြင်ပြောင်းလဲရေးရေချိန်ကို ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်မျှတစွာ ကျင်းပရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေး မှာလည်း ကန့်သတ်ချက်တွေ အစား အများပါဝင်နိုင်အောင် ဆောင်ရွက်ပေးရေး စတာတွေနဲ့ တိုင်းတာ စောင့်ကြည့်မှာဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ် မှာ တိုက်တွန်းနိုင်ခဲ့တယ်လို့ပြောဆိုလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကတော့ လွှတ်တော်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူနည်းစု အနေနဲ့ ဖြစ်ပေမဲ့လည်း PR အချိုးကျကိုယ်စားပြစံနစ်ကို ကန့်ကွက်တာ အထမြောက်ခဲ့ကြောင်း၊ ဒါ့ကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကိုလည်း ပြည်သူလူထုဆန္ဒနဲ့ အညီပြင်ဆင်ရေး ဇွဲမလျှော့ဘဲ ဥပဒေဘောင် အတွင်းက ဆက်လက် ကြိုးစားသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ရန်ကုန်ဗွီအိုအေရုံးခွဲ တာဝန်ခံ ဒေါ်ခင်စိုးဝင်း [...]

    Read More
  • E4FF8DD2-59AF-42A5-A7EE-DB4FC9472BA4_w308_h173

    AFC U19 မြန်မာ့ခြေစွမ်း ပရိသတ်အားရ

    Tuesday, October 21, 2014

      21October 2014   —-  မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ AFC U – 19 Championship ဆီမီးဖိုင်နယ်မှာတော့ အိမ်ရှင်မြန်မာ ယူ-၁၉ အသင်းဟာ ကာတာကို ရှုံးပြီး ဗိုလ်လုပွဲနဲ့ လွဲချော်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း အာရှကအသင်းကောင်းတသင်းဖြစ်တဲ့ ကာတာကို ခြေရည်တူကစားပြီး အချိန်ပိုကျမှ အရှုံးပေးလိုက်ရတဲ့အတွက် မြန်မာအသင်းရဲ့ ခြေစွမ်းကို အာရကျေနပ်တယ်လို့ ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေကရော၊ ပရိသတ်တွေကပါ ပြောလိုက်ပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို ကိုရန်နိုင်က တင်ဆက်ပေးထားပါတယ်။

    Read More
  • myanmar-team-u-19-small

    မြန်မာအသင်း UAE ကို နိုင်ပြီး ဆီမီးဖိုင်နယ် တက်

    Friday, October 17, 2014

    by အောင်ရဲ မောင်မောင် အာရှအဆင့်ပြိုင်ပွဲကြီး တစ်ခုဖြစ်တဲ့  U 19 AFC Championship ပြိုင်ပွဲမှာ မြန်မာ ယူ ၁၉  အသင်း က UAE အသင်းကို တစ်ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားပါပြီ။ ဒါကြောင့် အခုဆိုရင် အိမ်ရှင် မြန်မာအသင်းဟာ ဆီးမီးဖိုင်နယ် ၄ သင်း အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ဖြစ်ပါတယ်။ အခုလို ဆီးမီးဖိုင်နယ်အဆင့်ကို တက်ရောက် လာနိုင်တဲ့  မြန်မာအသင်းဟာ – ၂၀၁၅ ကျရင် နယူးဇီလန် နိုင်ငံမှာ ကျင်းပမယ့် ယူ ၂၀  ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း တိုက်ရိုက် ၀င်ရောက်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုဒီပွဲကို စောင့်ကြည့် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း ရဲ့သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြမှာပါ။ [...]

    Read More
  • နီပေါနိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြ။ (ဇွန် ၁၃၊ ၂၀၁၄)

    ဒေါ်အောင်ဆန်းစုကြည် နီပေါ ရောက်

    Friday, June 13, 2014

      13June 2014   —-  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ဟာ ၄ ရက်ကြာ ခရီးစဉ်အဖြစ် နီပေါနိုင်ငံ ခတ္တမန္ဒူးမြို့တော်ကို ဒီကနေ့ပဲ ရောက်ရှိ သွားခဲ့ပြီး၊ အစိုးရ ထိပ်တန်းခေါင်းဆောင်တွေ နဲ့ တွေ့ဆုံပါတယ်။

    Read More
  • 1897826_862075673808229_4843169040135198797_n

    ဆရာကြီး ဦးဝင်းတင်ရဲ့ နောက်ဆုံး ဆန္ဒ

    Monday, April 21, 2014

    21April 2014   —-   မြန်မာ နိုင်ငံ ဒီမိုကရေစီရေး အတွက် ပြတ်သားတဲ့ ခံယူချက်နဲ့ ခိုင်မာတဲ့ မူဝါဒ တွေကို စွဲကိုင်ခဲ့တဲ့ ဆရာကြီး ဦးဝင်းတင်က အာဏာရှင် စနစ်ကို အမြစ်က လှန်ချိုးပြီး ဒေါ်အောင်ဆန်း စုကြည်ရဲ့ နောက်မှာ စည်းစည်း လုံးလုံး ဝိုင်းပြီး ရပ်တည် ပေးစေချင်တဲ့ ဆန္ဒ ရှိခဲ့တယ်လို့ ဦးဝင်းတင်နဲ့ အစဉ်အမြဲ အနီးကပ် ရှိနေခဲ့သူ ဒီလှိုင်း အသက်မွေး ဝမ်းကျောင်း သင်တန်း ဌာနက ဦးဇော်မျိုးအောင်က ပြောပါတယ်။

    Read More

270EAB4E-C341-4F9A-B25B-DF399048C4D6_cx0_cy19_cw0_w308_h173
Dec
19

မိကျောင်းကန် သပိတ် အားပေးသူ ကိုဝေဠု ကိုဖမ်းဆီး

  19December 2014   —-  ရန်ကုန်မြို့တော်ခန်းမရှေ့ သပိတ်မှောက်ဆန္ဒပြနေတဲ့ မိကျောင်းကန်ပြည်သူများကို ပံ့ပိုး ကူညီနေသူတဦးဖြစ်တဲ့ တက်ကြွလှုပ်ရှားသူ ကိုဝေဠု ကို မြန်မာ အာဏာပိုင်တွေက ဖမ်းဆီးပြီး  ဆူပူအောင် လှုံ့ဆော်မူ ပုဒ်မ ၅၀၅ (ခ)နဲ့  ကျောက်တံတားမြို့နယ်မှာ ရုံးထုတ်ခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်း ပေးပို့ထားပါတယ် ။

Read More
image
Dec
19

၆ ပွင့်ဆိုင် တွေ့ဆုံရေးကိုသာ စွဲကိုင်ထားဖို့ ပြည်ခိုင်ဖြိုးပါတီ ညွှန်ကြား

  19December 2014   —-  ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေ နဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကိုသာ လက်ခံလိုက်နာကြဖို့ ပါတီဝင်တွေကို ညွှန်ကြား ထားကြောင်း ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးအောင်သိန်းလင်းက ပြောပါတယ်။

Read More
F9F235B8-6FE6-4751-BD10-BF7AB4973339_w308_h173
Dec
19

နိုင်ဂျီးရီးယားက လူတရာကျော် Boko Haram ပြန်ပေးဆွဲ

  19December 2014   —-  နိုက်ဂျီးရီးယား ဒေသခံနဲ့ အရာရှိတွေက နိုင်ငံ အရှေ.မြောက်ပိုင်းမှာ Boko Haram အဖွဲ့ဝင်လို့ သံသယရှိထားသူတွေလက်ချက်ကြောင့် လူပေါင်း ၃၂ ဦး သေဆုံးပြီး၊ နောက်ထပ် ၁၀၀ ကျော် ပြန်ပေးဆွဲခံခဲ့ရတယ်လို့ ဆိုပါတယ်။

Read More
41FF3849-E298-4D14-A0DD-66057F4DD627_w268_r1
Dec
19

ရုရှား ဒဏ်ခတ်ရေး ဥပဒေသစ် အိုဘားမား အတည်ပြု

19December 2014   —  ယူကရိန်းနိုင်ငံရဲ့ ပဋိပက္ခတွေမှာ ရုရှားရဲ့ ဝင်ရောက် ပတ်သက်မှုကြောင့် ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်တိုးလုပ်ဆောင်ဖို့ အမေရိကန်လွှတ်တော်က သဘောတူလိုက်တဲ့ ဥပဒေမူကြမ်းကို အမေရိကန်သမ္မတ Barack Obama က ဥပဒေအဖြစ် အတည်ပြု လက်မှတ်ရေးထိုး ပေးလိုက်ပါတယ်။

Read More
693A4956-16EC-46C3-B832-2697DC6F02C6_w268_r1_cx0_cy10_cw0
Dec
19

ရုရှားငွေကြေး အကျပ်အတည်း ပြည်ပ ဒဏ်ခတ်မှုနဲ့ ဆက်နွယ်

  18December 2014   —-  ရုရှားနိုင်ငံ စီးပွားရေး ရုန်းကန်ရမှုဟာ နှစ်နှစ် အတွင်းမှာ ပြန်လည် ကောင်းမွန် လာပြီး ၊ ရုရှား Ruble ငွေကြေးဟာလည်း တည်ငြိမ်လာပါလိမ့်မယ်လို့ ယုံကြည်တဲ့ အကြောင်း ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က ပြောလိုက်ပါတယ်။ ရုရှားငွေကြေး တန်ဖိုး အကြီးအကျယ် ကျဆင်းမှုဖြစ်ခဲ့ပြီးတဲ့နောက် ရုရှား သမ္မတရဲ့ တုန့်ပြန်ချက် အခုလို ထွက်လာတာပါ။

Read More
1C14B87C-6107-4398-A233-4CF947F1F7B6_w268_r1_cx0_cy9_cw0
Dec
19

သတင်းသမား အဖမ်းဆီးဆုံး ၁၀ နိုင်ငံ မြန်မာပါဝင်

  19December 2014   —-   မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတယ် ဆိုပေမယ့် အခုထိ သတင်းမီဒီယာတွေ အပေါ် ဖိနှိပ်မှုတွေ ရှိနေတုန်းပဲလို့ CPJ ခေါ် သတင်းသမားများ ကာကွယ်ရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။ CPJ အဖွဲ့က ထုတ်ပြန်တဲ့ ၂၀၁၄ ခုနှစ်အတွက် အစီရင်ခံစာထဲက သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှု အများဆုံး ၁၀ နိုင်ငံ စာရင်းထဲမှာ မြန်မာနိုင်ငံပါဝင်နေတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

Read More
image
Dec
19

စာရေးဆရာထင်လင်းဦးအမှု ကျူးလွန်ခဲ့တာနဲ့ အရေးယူခံရတာ ကိုက်ညီမှုမရှိ

18December 2014  —-  သာသနာ ညိုနွမ်းစေမှုပုဒ်မနဲ့ အရေးယူခံထားရတဲ့ စာရေးဆရာ ထင်လင်းဦး နဲ့ပတ်သက်ပြီး ကျူးလွန်ခဲ့တာနဲ့ အရေးယူခံရတာဟာ ကိုက်ညီမှုမရှိဘူးလို့  NLD ပြောရေး ဆိုခွင့်ရှိသူ ဦိးဥာဏ်ဝင်းကပြောပါတယ်။

Read More
image
Dec
19

တရားစီရင်ရေးစနစ် အားနည်းနေ ဆဲပဲလို့ ဦးအောင်ကို ဝေဖန်

  18December 2014   —–  မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးဦးတည်တဲ့ ပြုပြင်ပြောင်း လဲမှုတွေ လုပ်နေပြီလို့ ပြောဆိုနေကြပေမယ့်   တရား စီရင်ရေးစနစ်ဟာ သိသိသာသာ တိုးတက်ပြောင်းလဲ လာတာ မရှိသေးပဲ အင်မတန်မှ အားနည်းနေဆဲ ဖြစ် တယ်လို့ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဌ သူရဦးအောင်ကို က ပြောကြားလိုက်ပါတယ်။

Read More
B7001050-38B0-4EA4-A865-DAD1F687451F_w308_h173
Dec
19

စစ်ဘက် ကိုယ်စားလှယ်မပါတဲ့ ဥပဒေကြမ်း ကော်မတီသစ်

19December 2014   —-  ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ချက်တွေကို အဓိက ပြင်ဆင်ရမယ့် လွှတ်တော် ၂ ရပ်ပေါင်း ဥပဒေကြမ်း ကော်မတီကို ဒီရက်ပိုင်းမှာ ပြန်လည် ဖွဲ့စည်းခဲ့ ပါတယ်။ ပြင်ဆင်လိုက်တဲ့ ကော်မတီမှာ တပ်မတော်သား ကိုယ်စားလှယ်တွေ မပါတော့ဘူး လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ရဲ့ အတွင်းရေးမှူး က ပြောပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ရှိနေတဲ့ ဒီကော်မတီထဲမှာ တပ်မတော်ဘက် လွှတ်တော်ကိုယ်စားလှယ်တွေ မပါတော့ဟာ အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ အကျိုးသက်ရောက်မှု ရှိနိုင်ပါ့မလား ဆိုတဲ့ မေးခွန်းတွေလည်း ရှိပါတယ်။ ကိုအောင်ရဲမောင်မောင် သတင်းပေးပို့ထားပါတယ်။

Read More
Gro H Brundtland and Martti Ahtisaari with President Thein Sein
Dec
19

နိုင်ငံရေးဆွေးနေးပွဲမှာ အားလုံးပါဝင်ဖို့ တိုက်တွန်း

  19December 2014   —-  မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ အမြန်ဆုံး အဆုံးသတ်ဖို့နဲ့  ဖက်ဒရယ်နိုင်ငံတော်သစ် တည်ဆောက်နိုင်ဖို့အတွက် လက်ရှိအခွင့်အရေးတွေကို ဆုပ်ကိုင်ပြီး၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အဖွဲ့အားလုံး ပါဝင်ဖို့  ကမ္ဘာကျော်ခေါင်းဆောင်ဟောင်းတွေ ဖွဲ့စည်း ထားတဲ့ The Elders အဖွဲ့က မနေ့က တိုက်တွန်းလိုက် ပါတယ်။

Read More
99
Dec
18

လွှတ်တော်တွင် စစ်သားအမတ် ခန့်အပ်မှု သိသူနည်းပါး

18Decembere 2014   —-  ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ်အမတ် လေးပုံတပုံဟာ ရွေးကောက်ပွဲဝင်စရာမလိုဘဲ ကာကွယ်ရေးဦးစီးချုပ် ခန့်အပ်မှုနဲ့ တာဝန်ထမ်းဆောင်နေတာကို  မြန်မာပြည်သူ ၁၅ ရာခိုင်နှုန်းလောက်သာ သိကြတယ်လို့ စစ်တမ်းကောက်ယူခဲ့တဲ့  အာရှဖောင်ဒေးရှင်းက ထုတ်ပြန်ပါတယ်။

Read More
279x197xDASSK-HlaiBwe-CapaliVillige19012014.jpg.pagespeed.ic.84Y1R2lUm6
Dec
18

ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သွားရန် ညှိနှိုင်းနေဆဲ

18December 2014   —-   အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံကို သွားရောက်ဖို့ အစီအစဉ်ရှိပေမယ့် ဒီဇင်ဘာလအတွင်းသွားဖို့ မရှိသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွှတ်တော်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဦးဖြိုးဇေယျာသော်က ပြောပါတယ်။

Read More
88
Dec
18

ကျူးဘားဆိုင်ရာ အမေရိကန်မူဝါဒပြောင်းလဲ

18December 2014  —-  အမေရိကန်ပြည်ထောင်စုနဲ့ ကျူးဘားနိုင်ငံတို့ဟာ စစ်အေးစစ်ကာလကစတင်ပြီး ရာစုနှစ် တ၀က်ကျော်ကြာ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ဖြတ်တောက် ထားခဲ့တာကို အဆုံးသတ်ပြီး ပုံမှန်ဆက်ဆံရေးဆီကို သွားနေကြပြီ ဖြစ်တယ်လို့ နှစ်နိုင်ငံစလုံးက ပြောဆိုလိုက်ကြပါတယ်။

Read More
36FFDAED-4930-4E10-B875-E6DB95BA19AF_cx0_cy3_cw0_w308_h173
Dec
18

USAID အကြီးအကဲ နှုတ်ထွက်

18December 2014   —–  အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ USAID အကြီးအကဲ နှုတ်ထွက်သွားပါတယ်။ DR. RaJiv Shah ဟာ ၁၆ ယောက်မြောက် USAID အကြီးအကဲအဖြစ် ၂၀၀၉ ခုနှစ်က စတင် တာဝန်ထမ်းဆောင်ခဲ့တာပါ။

Read More
B1077013-D063-43A4-AD74-A9714351DB36_cx14_cy14_cw68_w308_h173
Dec
18

Hamas ကို အကြမ်းဖက်စာရင်းမှ ဖယ်ဖို့ ဥရောပတရားရုံးဆုံးဖြတ်

17December 2014   —  ပါလက်စတိုင်း စစ်သွေးကြွအုပ်စုဖြစ်တဲ့ Hamas ကို ဥရောပသမဂ္ဂရဲ့ အကြမ်းဖက်အုပ်စု စာရင်းကနေ ပယ်ဖျက်ဖို့ ဥရောပ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။ သတင်းဌာနတွေနဲ့ အင်တာနက်ကနေရတဲ့ သတင်းအချက်အလက်တွေကြောင့် ဥရောပသမဂ္ဂ က Hamas တို့ကို အဲဒီစာရင်းထဲ မှားယွင်းစွာ ထည့်သွင်းထားခဲ့တာလို့ ဆိုပါတယ်။

Read More
74A9FEDC-1FCA-440D-8BD2-C5151CAF9942_w268_r1_cx7_cy5_cw84
Dec
18

ပါကစ္စတန်စစ်တပ် အကြီးအကဲ အာဖဂန်ရောက်

17December 2014   —-  ပါကစ္စတန်မှာ Peshawar ကျောင်း တိုက်ခိုက်ခံရမှု ဖြစ်ပြီးတဲ့ နောက်တနေ့မှာပဲ ပါကစ္စတန် အာဖဂန် နယ်စပ်လုံခြုံရေး အခြေအနေကို အာဖဂန်သမ္မတ Ashraf Ghani နဲ့ ဆွေးနွေးဖို့ ပါကစ္စတန် စစ်တပ်အကြီးအကဲဟာ အာဖဂန်နိုင်ငံကို ရောက်ရှိလာပါတယ်။

Read More
image
Dec
18

ပညာရေးဥပဒေ သပိတ်မှောက်လို့ တရားစွဲခံရသူ ၂၉ ဦး ရှိပြီ

  17December 2014  —–  အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့အတွက် ပုဒ်မ ၁၈ နဲ့တရားစွဲခံလိုက်ရသူပေါင်း ၂၉ ယောက် ရှိသွားပြီလို့ သိရပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ၁၉ ယောက်နဲ့  သူတို့ကိုဝန်းရံကူညီ ပေး တဲ့သူ ၁ဝ ယောက်ဖြစ်တယ်လို့  ဗကသများအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ် က RFA ကိုပြောပါတယ်။

Read More
90A8FD62-FA63-434F-8C6F-AA880CC247E4_w308_h173
Dec
18

၂၀၁၅ မဲပေးသူတွေ အကြောက်တရားကင်းနိုင်ဖို့ AHRC တောင်းဆို

18December 2014   —-  မြန်မာနိုင်ငံမှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မျှတပြီး ပွင့်လင်းမြင်သာစွာနဲ့ ကျင်းပပေးသွားမှာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက နေပြည်တော်မှာ ရောက်ရှိနေတဲ့ The Elders လို့ခေါ်တဲ့ ကမ္ဘာ့အထင်ကရ ခေါင်းဆောင်ကြီးများအဖွဲ့ကို ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက် ပါတယ်။

Read More
99
Dec
18

လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ The Elders ကို ကော်မရှင် အာမခံ

  18December 2014   —–   မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်အတွင်း ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မျှတပြီး ပွင့်လင်းမြင်သာစွာနဲ့ ကျင်းပပေးသွားမှာ ဖြစ်ပါတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက နေပြည်တော်မှာ ရောက်ရှိနေတဲ့ The Elders လို့ခေါ်တဲ့ ကမ္ဘာ့အထင်ကရ ခေါင်းဆောင်ကြီးများအဖွဲ့ရဲ့ အဖွဲ့ဝင်တွေကို မနေ့က ပြောကြားလိုက်ပါတယ်။

Read More
image
Dec
17

လိုင်ဇာပစ်ခတ်မှု ရန်ကုန်မှာ ဆွေးနွေးမယ်

  17December 2014   —-  တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး နိုင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီတို့ လာမယ့် ဒီဇင်ဘာလ ၂၂ ရက်နေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး ဗဟိုဌာနမှာ ဆွေးနွေးကြတဲ့အခါ အပစ်အခတ်ရပ်စဲရေး ကိစ္စတွေအပြင် လိုင်ဇာမြို့က သင်တန်းကျောင်းထဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ကိစ္စကိုလည်း ဆွေးနွေး ဖွယ်ရှိတယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။

Read More
B9CE69C3-1B53-488F-9FE7-04D74A17D79B_w308_h173
Dec
17

ဦးထင်လင်းဦးအမှု အာမခံမပေး

  18December 2014   —-  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ပြန်ကြားရေးအဖွဲ့ဝင်ဟောင်း စာရေးဆရာ ထင်လင်းဦးကို ပုဒ်မ ၂၉၅ (က) နဲ့ ချောင်းဦးတရားရုံးမှာ တရားစွဲခဲ့ပြီးနောက် အာမခံမပေးဘဲ အချုပ်နဲ့ တရားရင်ဆိုင်ဖို့  ဖမ်းဆီးလိုက်ပါတယ်။ အကြောင်းစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

Read More
image
Dec
17

တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း ထုတ်ပြန်

17December 2014  —-  မှုခင်းတွေကို မှန်မှန်နဲ့မြန်မြန် စီရင်ဆုံးဖြတ်နိုင်ရေး အပါအ၀င် တရားရုံးတွေရဲ့ ၀န်ဆောင်မှုတွေ ကို မြှင့်တင်နိုင်ဖို့အတွက် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်က ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီ့စီမံကိန်းအရ တရားရုံးအသုံးပြုသူတွေရဲ့ စိတ်ကျေနပ်မှုကို ၈၀ ရာခိုင်နှုန်းအထိ ရရှိစေရေး နဲ့ နှစ်အလိုက်အမှုပြီးပြတ်မှုကို ၁၀၀ ရာခိုင်နှုန်း အထိရရှိဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

Read More
image
Dec
16

ရွေးကောက်ပွဲမှာ အနုပညာရှင်တွေ ပါဝင်ရေး ကော်မရှင်ဆွေးနွေး

  16December 2014   —-  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ အနုပညာရှင်တွေကို ရန်ကုန်မြို့မီကာဆာဟိုတယ်မှာ  ဒီကနေ့ တွေ့ဆုံပြီး ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

Read More
image
Dec
16

မြို့တော်ခန်းမပိတ်ဆို့ ဆန္ဒပြသူတွေကို အရေးယူမည်

  16December 2014   —-  ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြနေကြတဲ့ မိကျောင်းကန် ပြည်သူတွေဟာ ဥပဒေကို ချိုးဖောက်ပြီး အစိုးရဋ္ဌာနရုံးတစ်ခုကို ပိတ်ဆို့နေကြတာဖြစ်တဲ့အတွက် တရားဥပဒေအတိုင်း အရေးယူသွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

Read More
image
Dec
16

သမ္မတအိမ်တော်မှာ နေ့စဉ် သတင်းယူခွင့်ပြုမည်

  16December 2014   —-  နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ လာမယ့် ၂ဝ၁၅ ဇန်နဝါရီလက စတင်ပြီး သတင်းမီဒီယာတွေကို နိုင်ငံတော် သမ္မတနေအိမ်တော် မှာ နေ့စဉ် သတင်းယူခွင့်ပြုမှာဖြစ်တယ်လို့  ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်တွေကို ဒီကနေ့ ပြောကြားခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) ရုံးခန်းမှာ ဒီနေ့ တွေ့ဆုံစဉ် အခုလိုပြောခဲ့တာဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးဇော်သက်ထွေးက ပြောပါတယ်။ “ကျနော်တို့ နိုင်ငံတော်သမ္မတရဲ့ နေ့စဉ်လှုပ်ရှားတဲ့ သတင်းတွေရယ်၊ နောက်တစ်ခုက အစိုးရအဖွဲ့ ရဲ့ နေ့စဉ်လှုပ်ရှားတဲ့ သတင်းတွေကို မီဒီယာတွေက လွယ်လွယ်ကူကူ သတင်းရဖို့အတွက်ကို လာမယ့်နှစ် ဇန်နဝါရီကစပြီးတော့ နိုင်ငံတော်သမ္မတအိမ်တော်မှာ သတင်းထုတ်ပြန်ပေးတဲ့ အစီအစဉ်ကိုလုပ်ဖို့ [...]

Read More
image
Dec
16

ရန်ကုန် တက္ကသိုလ် ကျောင်းသား များသမဂ္ဂဖွဲ့စည်း

  16December 2014  —–  ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ကျောင်း သူ၊ ကျောင်းသားတွေက ရန်ကုန်တက္ကသိုလ် ကျောင်း သားများသမဂ္ဂကို ဖွဲ့စည်းကြောင်း ဒီနေ့ကြေညာလိုက် ပါတယ်။ သမဂ္ဂကို ယာယီအလုပ်အမှု ဆောင်အဖွဲ့ဝင် ၁၇ ဦးနဲ့ စတင်ဖွဲ့စည်းလိုက်ကြောင်း သမဂ္ဂအဖွဲ့ဝင်တွေ က ရန်ကုန်တက္ကသိုလ်ဝင်းမှာကျင်းပတဲ့ သတင်းစာရှင်း လင်းပွဲမှာ ပြောပါတယ်။

Read More
99
Dec
16

Sydney ကဖေးဆိုင် စီးနင်းမှု သေနတ်သမားနဲ့အတူ ဓားစာခံ ၂ ဦးသေဆုံး

16December 2014   —-  ဓားစာခံတွေကို တရက်နီးပါး ဖမ်းဆီးထားခဲ့တဲ့ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က ချော့ကလက်ကဖေးဆိုင်ကို လက်နက်အပြည့်နဲ့ ရဲတွေဝင်ရောက် စီးနင်းခဲ့တဲ့အတွက် သေနတ်သမားနဲ့အတူ ဓားစာခံနှစ်ဦးပါအပါအဝင် လူပေါင်း ၃ ဦးသေဆုံးခဲ့ရတယ်လို့ရဲတွေက အတည်ပြုပြောဆိုပါတယ်။

Read More
DB69E0F4-0416-444A-B352-2C70683F77AF_w308_h173
Dec
16

သပိတ်စခန်းအားလုံး ဖယ်ရှားပြီးကြောင်း ဟောင်ကောင်အကြီးအကဲ ကြေညာ

  16December 2014    ——  ဟောင်ကောင်အုပ်ချုပ်ရေးမှူး လီရှန်ယွန်းက ဟောင်ကောင်မြို့တော်လမ်းမတွေပေါ်မှာ သီတင်းဆယ်ပတ်ကျော်ကြာ ပိတ်ဆို့ဆန္ဒပြမှုတွေ အဆုံးသတ်သွားပြီလို့ ပြောလိုက်ပါတယ်။

Read More
51ADABF8-65E0-4561-BD83-4ACD2DB40DD0_w268_r1
Dec
16

ဟာင်ကောင် နောက်ဆုံးကျန်သပိတ်စခန်း ရှင်းလင်းခံရ

15December 2014   —-  ဟောင်ကောင်မြို့တော်လမ်းမတွေပေါ်မှာ သီတင်းဆယ်ပတ်ကျော်ကြာ ပိတ်ဆို့ဆန္ဒပြခဲ့ကြတဲ့ သပိတ်စခန်းတွေကို ဖယ်ရှားရင်းနဲ့ နောက်ဆုံးကျန်တဲ့နေရာတခုကို ဟောင်ကောင်ရဲတွေက ဒီကနေ့ပဲ အပြီးသတ် ဖယ်ရှားခဲ့ကြပါတယ်။

Read More
A6B8148E-A2D9-4C31-A2D5-92F9FA2954DD_cx0_cy23_cw80_w308_h173
Dec
16

ကျောက်တော်မြို့မှာ ရဲဖမ်းဆီးမှုများကြောင့် ဒေသခံတွေ စိုးရိမ်

16December 2014   —-  လွန်ခဲ့တဲ့ နှစ်နှစ်က ရခိုင်ပြည်နယ်အတွင်းမှာ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေဖြစ်ခဲ့ပြီး အခု တည်ငြိမ်အေးချမ်းနေချိန်ကျမှ ကျောက်တော်မြို့နယ် အတွင်းမှာ သံသယရှိသူတွေကို ရာဂဏန်းနဲ့ချီပြီး လာရောက်ဖမ်းဆီးမှုတွေ ရှိနေပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

Read More
image
Dec
15

အမျိုးသမီးတွေ ရွေးကောက်ပွဲမှာ ပိုမိုပါဝင်နိုင်ရေး ကော်မရှင်ဥက္ကဌ တိုက်တွန်း

15December 2014  —–  နိုင်ငံရေးမှာ အမျိုးသမီးထု ပိုပါဝင်လာဖို့အတွက် နိုင်ငံရေးပါတီတွေအနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက် ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တဲ့အခါ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေကိုလည်း ကိုယ်စား လှယ်လောင်းအဖြစ် ထည့်သွင်းစဉ်းစားကြ ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

Read More
99
Dec
15

င်ငံရေးပါတီများကျင့်ဝတ် ချမှတ်ဖို့ ညှိနှိုင်း

  15December 2014   —-  မကြာခင် ကျင်းပတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီစံနှုန်းနဲ့ ညီတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ ကော်မရှင်ရဲ့လုပ်ဆောင်ချက်တွေဟာ ပွင့်လင်းမြင်သာမှုရှိဖို့ နဲ့ နိုင်ငံရေးပါတီတွေရဲ့ တင်ပြချက်တွေကို အလေးထား လိုက်နာပေးဖို့ နိုင်ငံရေး ပါတီတွေဘက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုလိုက်ကြပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ ကျင့်သုံး လိုက်နာ ရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ မဲရုံ စောင့်ကြည့်မှုတွေနဲ့ မဲဆန္ဒရှင် စာရင်းပြုစုခြင်းဆိုင်ရာဆွေးနွေးကြတဲ့၂၀၁၅ အကြို လှုပ်ရှားမှုအဖြစ်နဲ့ ပြည်ထောင်စုရွေးကော်မရှင်ဥက္ကဋ္ဌနဲ့ နိုင်ငံရေးပါတီတွေ ဒီကနေ့ တွေ့ဆုံခဲ့ကြတာပါ။ မဆုမွန်က အသေးစိတ် တင်ပြပေးထားပါတယ်။

Read More
A900D1D4-3D03-4862-AD62-9AA0BD13C8F4_w268_r1_cx1_cy6_cw94
Dec
15

ရှမ်းမြောက်ပိုင်း တိုက်ပွဲများ ဆက်ဖြစ်ပွား

15December 2014   —-  ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းမှာ စစ်ရေးအခြေအနေ တင်းမာနေပြီး ဒီကနေ့လည်း တိုက်ပွဲထပ်မံ ဖြစ်ပွားနေတယ်လို့ တအာင်းခေါ် ပလောင်တပ်ဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှာ ဒီလ ၈ ရက်နေ့ကစပြီး တိုက်ပွဲငယ်တွေ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့ရာက ၁၀ ရက်နေ့က ဖြစ်ပွားတဲ့တိုက်ပွဲမှာတော့ အစိုးရစစ်တပ်ဖက်က စစ်သည် ၇ ဦးကျဆုံးခဲ့ပါတယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ငြိမ်းချမ်းရေးဆွေးနွေးနေချိန် ရှမ်းပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲ နောက်ဆုံးအခြေအနေကို ဗီအိုအေ မြန်မာပိုင်းက သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

Read More
image
Dec
15

ရခိုင်ပဋိပက္ခ တည်ငြိမ်ရေး ဆက်လက်ထိန်းသိမ်းဖို့ သမ္မတ ဦးသိန်းစိန် တိုက်တွန်း

15December 2014   —-  ရခိုင်ပြည်နယ်မှာ လူ့အဖွဲ့အစည်းနှစ်ခုအကြားဖြစ် ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ တည်ငြိမ်နေပြီဖြစ်တဲ့အတွက် အဲ့ဒီအခြေအနေကို ဆက်လက်ထိန်းသိမ်းကြဖို့ နိုင် ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ကျရောက်တဲ့ နှစ် ၄၀ ပြည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ပေးပို့တဲ့ သ၀ဏ်လွှာမှာ တိုက်တွန်းထားပါတယ်။

Read More
2D014C48-9ACA-4D05-A7DE-5D0D2EDA69C3_cx0_cy13_cw0_w308_h173
Dec
15

ဗိုလ်ချုပ်မှုးကြီးဟောင်း ဦးသန်းရွှေ ကောလာဟလ မမှန်ကန်

15December 2014   —-   အရင် စစ်အစိုးရလက်ထက် စစ်ခေါင်းခေါင်းဆောင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျန်းမာရေးအခြေအနေ အတော်ဆိုးဆိုးရွားရွား ဖြစ်နေသလို ကွယ်လွန်သွားပြီဆိုပြီးတော့ ဒီဇင်ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်တွေ မှာ အင်တာနက်လူမှုကွန်ယက်တွေကတဆင့် ကောလာဟလတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာပါတယ်။ ဒါပေမဲ့ ဒီသတင်းနဲ့ပတ်သက်ပြီး လက်ရှိအစိုးရအဖွဲ့အနေနဲ့ထူးထူးခြားခြား ကြားသိထားတာမျိုး မရှိကြောင်း အစိုးရအဖွဲ့ ပြောခွင့်ရှိသူက ငြင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်း သတင်းရယူထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

Read More

English Version